Pages

Tuesday, September 17, 2013

တန်ဖိုး နည်း ဆင်းကတ် များ ဟန်းဆက် အရောင်း ဆိုင် များမှ လျှော့ဈေး ဖြင့် ရောင်းချ လာ


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း သည် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများမှ တစ်ဆင့် ကန့်သတ်ေ ရာင်း ချသော ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် များ ကို ပိုမို တိုးမြှင့် ချထား ပေး ခဲ့ပြီး နောက် ယ ခင် မှောင်ခို ဈေးကွက် အဖြစ် ဈေးကြီး ပေးဝယ် နေရသော တန်ဖိုး နည်း ဖုန်းဆင်း ကတ် များ ကို ဟန်းဆက် အရောင်း ဆိုင် တို့မှ လျှော့ဈေး များ ဖြင့် ရောင်းချ လာ ကြောင်း ဈေးကွက် အတွင်း မှ သိရသည်။
 
အဆိုပါ ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် များ ကို စတင် ထုတ် ပေး ခဲ့စဉ် က (၆) ကြိမ်သာ ပေး မည်ဟု သတင်းများ ထွက်ပေါ် ခဲ့သော် လည်း ယခု အခါ တွင် လူတိုင်း ရရှိ နိုင် ရန် လတိုင်း ထုတ်ေ ပး တော့မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး မှ သတင်း ထုတ်ပြန် ခဲ့ပြီး နောက် ဟန်းဆက် အ ရောင်း ဆိုင် များ မှ ယခင် မဲပေါက် သူများ ထံ က သုံးလေး သောင်း ဖြင့် ဝယ်ယူ ခဲ့သော ဖုန်း ဆင်းကတ် များ ကို ယခင် ပေါက်ဈေး တစ်သိန်း ကျော် ထက်လျှော့ ၍ ရောင်း ချ ခြင်း များ ပြုလုပ် လာ သည် ဟု မိုဘိုင်းလ် ဖုန်း သုံးစွဲ သူ တစ်ဦး က ပြောကြား ခဲ့သည်။

GSM မိုဘိုင်းလ် ဖုန်း များ ကို တိုင်း ဒေသကြီး နှင့် ပြည်နယ် အသီးသီး သို့ ဇူလိုင်လ အတွက် လိုင်း ကတ် နှစ်သိန်း၊ သြဂုတ်လ အတွက် လိုင်းကတ် နှစ်သိန်း တစ်သောင်း ခွဲဝေ ရောင်းချ ခဲ့ပြီး ယခုလ ခွဲတမ်း တွင် ထပ်မံ တိုးမြှင့် ရောင်းချ ပေးနိုင် ရန် စီစဉ် နေကြောင်း မြန်မာ့ ဆက်သွယ်ရေး မှ သ တင်း ရရှိသည်။

Aureum Online Media

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်