Pages

Tuesday, September 17, 2013

အောင်လံမြို့ တွင် မြစ်ရေ တက်လာ သဖြင့် လူနေအိမ် ( ၁၀၀ ) ခန့် ရေ နစ်မြုပ်



မကွေးတိုင်း ဒေသကြီး အောင်လံ မြို့ ပေါ်တွင် ဧရာဝတီ မြစ်ရေ တက်လာ သဖြင့် မြို့ပေါ် ရပ်ကွက် အချို့ ရှိ ကမ်းနားတန်း နေအိမ် ( ၁၀၀ ) ခန့် ရေနစ်မြုပ် နေကြောင်း တွေ့ရ သည်။ “မြစ်ရေ က ဒီတစ်ရက် နှစ်ရက် မှာ အရမ်းတိုး လာတော့ အိမ်တွေ ကို မြုပ်ကုန် ရော၊ ကျွန်တော် တို့ ရပ်ကွက်မှာ ဆိုရင် အိမ် ( ၇၅ ) လုံးလောက် မြုပ်နေပြီ” ဟု သရက်တော ရပ်ကွက် ဗိုလ်ကုန်း ပိုင်း နေ ရေလုပ်သား တစ်ဦး က ပြောသည်။

သရက်တော ရပ်ကွက် ဗိုလ်ကုန်း အပိုင်း သည် အောင်လံမြို့ ၏ အနိမ့်ဆုံး အပိုင်း တွင် တည်ရှိ ပြီး ရေလုပ် သားများ အများဆုံး နေထိုင်သော ကမ်းနားတန်း အရပ် ဖြစ်သည်။ သရက် တော ရပ်ကွက် အပြင် စက်ရုံ ရပ်ကွက် လယ်ပြင် နှင့် ရွာထောင် ကမ်းနား တမ်း တို့တွင် လည်း နေအိမ် အချို့ ရေနစ်မြုပ် နေကြောင်း လည်း သိရသည်။

လက်ရှိ အချိန် အထိ မည်သည့် အကူအညီ မျှ ရောက်ရှိမှု မရှိသေး သော်လည်း ယနေ့ နေ့ လည် ပိုင်း တွင် မြို့နယ် အုပ်ချုပ်ရေး နှင့် စည်ပင် သာယာရေး တို့မှ တာဝန်ရှိ သူများ လာရောက် ကြည့်ရှု ခဲ့ပြီး ပြောင်းရွှေ့ ရာ တွင်အခက် အခဲ ရှိပါက စစ်တပ်မှ ကားများ ဖြင့် ကူညီပေး မည်ဟု ပြောပြ သွားကြောင်း လည်း ရပ်မိ ရပ်ဖ တစ်ဦးက ပြောပြ ပါသည် ရေ နစ်မြုပ် သော နေအိမ် များ မှ မိသားစုများ မှာ မိမိ တို့၏ ဆွေမျိုးများ နေအိမ် နှင့် နီးစပ်ရာ လွတ်သော နေရာ များ ၌ ယာယီ နေထိုင် နေရကြောင်း သိရ ပါသည်။

မြန်မာ့ခေတ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်