Pages

Tuesday, September 17, 2013

ကမ္ဘာ့ဈေး အကြီးဆုံး ကစားသမား ဘွဲ့ကို လွှဲပြောင်း ယူသွားတဲ့ ဘေးလ်ကို သွယ်ဝိုက် သတိပေး တဲ့ စီရော်နယ်ဒို


ရီးရဲလ်မက်ဒရစ် ကစားသမား စီရော်နယ်ဒိုက အသင်းသို့ ဘောလုံးလောက၏  စံချိန်တင် ပြောင်းရွေ့ ကြေးဖြင့် ပြောင်းရွေ့ ရောက်ရှိလာသော ဘေးလ်အား သွယ်ဝိုက်ကာ သတိပေး စကားပြောကြား သွားခဲ့သည်။


 ဘောလုံး လောက ၏ အမြင့်ဆုံး လုပ်ခ လစာ ကို ခံစားခွင့် ရရှိမည့် စာချုပ်အား ယမန်နေ့က လက်မှတ်ထိုး သွားခဲ့သော စီရော်နယ်ဒိုက - "အသင်းနဲ့ နှစ်ရှည် စာချုပ်သစ် ချုပ်ဆို နိုင်ခဲ့လို့ ကျွန်တော် အရမ်း ၀မ်းသာ နေတယ်၊ စာချုပ်သစ် မှာ လက်မှတ်ထိုး နိုင်ခဲ့ပြီး နောက်မှာ ကျွန်တော့် စိတ်ထဲ အတိုင်း မသိကို ပေါ့ပါးပြီး ပျော်ရွှင်နေ မိတယ်၊ ကျွန်တော်နဲ့ ဥက္ကဌ နဲ့ ကြားမှာ ဘာ ပြဿနာ ကြီးကြီး မားမားမှ မရှိပါဘူး၊ အရင်တုန်း က သဘော တူညီမှု မရခဲ့ဘူး ဆိုတာ ကလည်း ညှိုလို့မရတဲ့ အပိုင်းတွေ အများ ကြီး ရှိခဲ့လို့ပါ၊ ဒါကလည်း ဖြစ်ရိုး ဖြစ်စဉ် ပါပဲ" ဟု စာချုပ်သစ် နှင့် ပတ်သက်ပြီး ပြောကြား သွားခဲ့သည်။ ကမ္ဘာ့ဈေး အကြီးဆုံး ကစားသမား ဘွဲ့ အား ၎င်းထံမှ လွှဲပြောင်း ယူသွားခဲ့သော ဘေးလ်အား သွယ်ဝိုက် ၍ ခရစ္စတီယာနိုက -

"ကျွန်တော် ရီးရဲလ်မက် ဒရစ် အသင်းကြီး ဆီကို ဘောလုံး လောကရဲ့ အမြင့်ဆုံး ပြောင်းရွေ့ကြေး နဲ့ ရောက်ရှိ လာခဲ့တာပါ၊ မြင့်မားတဲ့ ပြောင်းရွေ့ကြေး နဲ့ ပြောင်းရွေ့ လာ ခဲ့ရတဲ့ အတွက် အတော်လေး ဖိအား များ ခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော့် အတွက် ပေးချေ ခဲ့ရတဲ့ တန်ဖိုးဟာ တန်ပါတယ် ဆိုတဲ့ အနေအထား မျိုး ရောက် အောင် ကျွန်တော် သက်သေ ပြခဲ့ ပြီး ပါပြီ" ဟု ပြော ကြား သွားခဲ့သည်။

Football Cafe

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်