Pages

Tuesday, September 17, 2013

ဟာကွက် မရှိသော ပင်လယ် ကမ်းရိုးတန်း ထောက်လှမ်း ရေး စနစ်


နိုင်ငံတစ်ခု ၌ ပိုင်နက် ပင်လယ် ရှိခြင်း သည် နိုင်ငံ၏ အင်အား တစ်ရပ် ဖြစ်သကဲ့ သို့ ပိုင်နက် ပင်လယ် လုံခြုံရေး၊ ပင်လယ် ကမ်းရိုးတန်း လုံခြုံရေး သည်လည်း ပိုင်နက် ပင်လယ် ရှိသော နိုင်ငံ တိုင်း ရင်ဆိုင် နေရသော စိန်ခေါ်ချက် တစ်ရပ် ဖြစ်သည်။ ပင်လယ်ကမ်းရိုးတန်း လုံခြုံရေး ဆိုရာ၌ စစ်ရေးဆိုင်ရာ လုံခြုံရေးကိစ္စများ အပြင် ပင်လယ်ပြင် နယ်နိမိတ် လုံခြုံရေး၊ ပင်လယ် ပြင် သီးသန့် စီးပွားရေးဇုန် နှင့် ကမ်းရိုးတန်း ဒေသ ရှိ ဇီဝ အရင်း အမြစ်များ လုံခြုံရေး ( Bioresources Se-curity ) ၊ မူးယစ် ဆေးဝါး၊ မှောင်ခို ပစ္စည်းများ၊ ဥပဒေမဲ့ ပစ္စည်း များ ဝင်၊ ထွက်မှု တားဆီး ခြင်းနှင့် ပင်လယ် ဓားပြ များ ရန်မှ ကာကွယ်ခြင်း စသည်တို့ပါ အကျုံးဝင်မည် ဖြစ်သည်။


ယခုလက်ရှိ အခြေအနေ၌ ကမ်းရိုးတန်း ဒေသစောင့်ကြည့် ထောက်လှမ်းရေးနှင့် ထိန်းချုပ်ရေး အတွက် ကုန်ကျစရိတ် သက်သာပြီး အကျိုးသက်ရောက်မှုအရှိ ဆုံးစနစ်မှာ စောင့်ကြည့် ထောက် လှမ်းရေး စနစ်၊ ဆက်သွယ်ရေးစနစ်နှင့် အချက်အလက်များ စုဆောင်းရေးစနစ်၊ စသည့် စနစ်များ ကို စုပေါင်း ၍ အလို အလျောက် ပေါင်းစည်း စနစ် အဖြစ် ထူထောင်ခြင်း ဖြစ်သည်။ ၎င်းစနစ်မျိုး ထူထောင်ရာ တွင် နိုင်ငံတော် အဆင့် ဆောင်ရွက်ပြီး စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ အပြင် အခြား သက်ဆိုင် ရာ အဖွဲ့အစည်းများပါဝင်မှ ရည်ရွယ်ချက် ပြည့်စုံ အောင်မြင် နိုင်မည်ဖြစ်သည်။ ဤ ကဲ့သို့ စနစ် အမျိုးမျိုး ပေါင်းစည်း ဆောင်ရွက် ရာ၌ ရုရှားနိုင်ငံမှ ဆောင်ရွက်နေသော ကမ်းရိုး တန်း ထောက်လှမ်းရေး စနစ်သုံးကိရိယာများ အကြောင်းကို ဖော် ပြလိုသည်။

ရုရှားတို့၏ ကမ်းရိုးတန်းစောင့်ကြည့် ထောက်လှမ်းရေးစနစ်၌ ကမ်းခြေတစ်လျှောက် တွင် ဖြန့်ကြက် ထားရှိသော ရေဒီယို အီလက်ထရွန် နစ် စခန်းများ သည် အခြေခံ ဖြစ် သည်။ ၎င်း စခန်း များ ၌ ရည်မှန်း ချက် တာဝန် အပေါ် မူတည် ၍ ထောက်လှမ်းရေး ရေဒါအမျိုးမျိုး တပ် ဆင်ထားပြီး စခန်း တစ်ခုနှင့်တစ်ခု ဆက်သွယ်မှု ကွန်ရက်ချိတ်ဆက် ထားသည်။ ၎င်းရေဒါ အမျိုးမျိုးထဲမှ Fregat-MZEေ ရ ဒါနှင့် Podberezouik-ET1 ရေဒါတို့သည် စွမ်းအားမြင့် ရေဒါများ ဖြစ်သည်။ ၎င်းရေဒါ များ သည် ကမ်းခြေမှ ၂၅ဝ ကီလိုမီတာ အကွာအဝေးရှိ ရန်သူ့ သင်္ဘောများနှင့် ၃ဝဝ နှင့် ၄ဝဝ ကီလိုမီတာ အကွာအဝေးရှိ ရန်သူ့လေယာဉ်၊ ရဟတ်ယာဉ်များ ကို ထောက်လှမ်း ဖော် ထုတ်နို င် သည်။ ၎င်းရေဒါများဖြင့် စုစည်း တည်ဆောက် ထားသော ကာကွယ်ရေး နယ်မြေတစ်ခုသည် ပင် လယ်ပြင် အ တွင်း ရေမိုင် ၅ဝဝ အကျယ် နှင့် ရေမိုင် ၂ဝဝ အကွာ အဝေး အား ထောက်လှမ်း ရှာေ ဖွနိုင် စွမ်း ရှိသည်။

ကမ်းရိုးတန်း တစ်လျှောက် ဖြန့်ကြက် ထားရှိသော ရေဒီယို အီလက်ထရွန်နစ် စခန်းများသည် ၂၄ နာရီပတ်လုံး ရာသီဥတုမရွေး စောင့်ကြည့်နိုင်စွမ်းရှိပြီး သတ်မှတ် တာဝန်ဧရိယာ အတွင်းရှိ ပင် လယ်ပြင်ဆိုင်ရာ ခြိမ်းခြောက်မှုများအား ဖော်ထုတ်နိုင်သည်။ ၎င်းစောင့်ကြည့် စခန်းများမှ ရရှိသော သတင်းအချက်အလက်များအား ပင်လယ်ပြင် စောင့်ကြည့်ရေး ဗဟိုအခြေစိုက် စခန်းသို့ ပေးပို့ ရ သည်။ ၎င်းဗဟိုအခြေစိုက်စခန်း မှသတင်းအချက်အလက်များအား အချိန် နှင့်တစ်ပြေးညီ ရရှိေ ရးနှင့် တိကျစေရေး အခြားပင်လယ်ပြင် ထောက်လှမ်းရေး ကိရိယာများ၊ ရေကြောင်း လမ်းပြစနစ် များနှင့် ကမ်းရိုး တန်းစောင့် ကင်းလှည့် ရေယာဉ်များမှ ပေးပို့သော သတင်းများ နှင့် ညှိနှိုင်း နှိုင်းယှဉ် အတည်ပြုခြင်း ဆောင်ရွက်လေ့ရှိသည်။ အတည်ပြုပြီး သတင်းများအား စစ်ဘက်ဆိုင်ရာ အဖွဲ့အ စည်းများ သာမက လေကြောင်း ထိန်းဌာန၊ ရေကြောင်းထိန်းဌာန၊ ဇီဝ အရင်းအမြစ် ကာကွယ်ရေး အာဏာပိုင် အဖွဲ့၊ ကူးစက်ရောဂါပိုး စစ်ဆေး ကာကွယ်ရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိ မ်းရေး အဖွဲ့နှင့် အခြားသ က်ဆိုင်သော အဖွဲ့များအားလုံးသို့ သက်ဆိုင်သော သတင်းများ ဖြန့်ေ ဝပေးခြင်း ပြုလုပ်သည်။

ရုရှားတို့သည် ၎င်းတို့၏ကမ်းရိုးတန်း ကာကွယ်ရေးစနစ်၌ စွမ်းရည်မြင့်သော မိုးကုတ် စက်ဝိုင်း လွန် ထောက်လှမ်းနိုင်သည့် Podsolnukh-E ရေဒါများအားလည်း အသုံးပြုလျက် ရှိသည်။ ၎င်းေ ရဒါများသည် တပ်ဆင်ထားသော နေရာများကိုလိုက်၍ ၂၅ဝဝဝ စတုရန်းမိုင် ပတ်လည်အား လွှမ်း ခြုံနို င်သည့်စွမ်းရည် ရှိသည့်အပြင် ကုန်ကျစရိတ်သက်သာမှု ရှိသည်။ ၎င်းရေဒါလွှမ်းခြုံေ ထာက် လှမ်း နိုင်သောဧရိယာအား ထောက်လှမ်းနိုင်ရန် ကင်းလှည့်ရေယာဉ် ၁၂ စင်း သို့မဟုတ် ကင်းထော က်လေယာဉ် နှစ်စင်း မှ သုံးစင်း သို့မဟုတ် UAV အစင်း ၅ဝ ခန့်သုံးရမည် ဖြစ်ပြီး ၎င်းတို့၏ တစ်ခု ချင်း ကုန်ကျစရိတ်သည် Podsolnukh ရေဒါ ထက်ကြီး မြင့်ကြောင်း တွေ့ရသည်။ ပင်လယ်ကမ်းရိုး တန်းဒေသ ကာကွယ်ရေးစနစ် ကျွမ်းကျင်သူများ အဆိုအရ ကမ္ဘာ့အရေးကြီးဆုံး ရေကြောင်း လမ်း ဖြ စ်ေ သာ မလက္ကာ ရေလက်ကြား ဒေသအား ၎င်းရေဒါ နှစ်ခု ရှိရုံမျှဖြင့်ပင် စောင့်ကြည့် ကာ ကွယ်နိုင်ကြောင်းနှင့် မလေးရှား နိုင်ငံ ကမ်းရိုးတန်းဒေသ တစ်ခုလုံးအား ၎င်းရေဒါ ၁ဝ လုံးဖြင့်ပင်ေ စာင့် ကြည့် နိုင်ကြောင်း အဆိုပြု ထားသည်။

ပင်လယ်ကမ်းရိုးတန်း ဒေသရေအောက် မှခြိမ်းခြောက်မှု၊ ကျူးကျော်ဝင်ရောက် မှုများအား ကာ ကွယ်နိုင်ရန် အတွက် ရုရှားတို့အနေဖြင့် MGK-608 E အခြေစိုက် အသံလှိုင်း ထောက်လှမ်းရေး ရေ ငုပ် သင်္ဘောထောက်လှမ်းရေး စနစ်အား အသုံးပြုလျက်ရှိသည်။ ၎င်းစနစ်အား Amga- ME ရေဒီ ယိုေ ဗ်ာယာနှင့် အာရုံခံရေဒါစနစ်၊ Komor လျှပ်စစ် သံလိုက်လှိုင်း ထောက်လှမ်းရေး စနစ်တို့ ပူးပေါင်း ၍ စနစ်တစ်ရပ်ဖြင့် ကာကွယ်ဆောင်ရွက်ရာ ခေတ်မှီအသံ ဆူညံမှု နည်းပါး သည့် ရေငုပ် သင်္ဘော များ ကိုပင် စုံစမ်း ဖော်ထုတ်နိုင်ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် Ko-mor-1 လျှပ်စစ်သံလိုက် အသံလှိုင်း ထောက်လှမ်းရေး စနစ်၌ လှိုင်းတို ရေဒါများနှင့် နေ့/ည အသုံးပြုနို င်သော စောင့်ကြည့် ကင်မရာများ ပါဝင်သဖြင့် မည်သည့်ရေအောက်မှ ကျူးကျော်ဝင်ရောက် လာမှု ကို မဆို ဖော်ထုတ်နိုင် သည်။ ထို့ကြောင့် ၎င်းစနစ်သည် သင်္ဘောဆိပ်များ၊ ဆိပ်ကမ်းများ၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့စင်များ၊ ပိုက်လိုင်းများအား ကာကွယ်ရာတွင် အလွန်ထိ ရောက်ကြောင်း သိရှိ ရသည်။

ရေပေါ်/ရေအောက် ကာကွယ်ရေး စနစ်များ အား ရေတပ်နှင့် ကမ်းရိုးတန်း ကာကွယ်ရေး တပ်အ ဆင့် အသီးသီးမှ အလို အလျောက် စုဆောင်းခြင်း၊ စိစစ်ခြင်း၊ ဆက်သွယ်ခြင်း ပြုလုပ်ရန်အတွက် 83 t 611 နှင့် 83 t 170-E ရွှေ့ပြောင်း နိုင်သော ကွပ်ကဲရေး စခန်းများဖြင့် အသုံးပြု ဆောင်ရွက် သည်။ ၎င်း စနစ် သည် သတင်းများလက်ခံခြင်း၊ စိစစ်ခြင်းနှင့် အီလက်ထရွန်နစ် မြေပုံများ၌ သတင်း အ ချက် အလက် များ စီစဉ်ပေးခြင်းတို့ကို လုပ်နိုင်ရုံ သာမက ရေပေါ် /ရေအောက် လှုပ် ရှား မှုများ ခန့်မှန်း သုံး သပ်ခြင်း၊ ခြိမ်းခြောက်မှုတို့အား အကဲဖြတ်အဆင့် သတ် မှတ်ပေးခြင်း၊ နည်း ဗျူဟာ ဆိုင်ရာ အ ကြံပြုခြ င်းနှင့် စစ်ရေယာဉ် အုပ်စုများအား လျင်မြန်တိကျစွာ လမ်းညွှန်ပေး ခြင်း တို့ကို ပြု လုပ်နိုင် စွမ်း ရှိပေ သည်။

၎င်းကဲ့သို့ ဒေသဆိုင်ရာ ကာကွယ်ရေးနှင့် ကွပ်ကဲမှုစနစ်များအား နိုင်ငံတော်အဆင့် ပူးပေါင်း၍ ဗဟိုအဆင့် စစ်ဘက်၊ အရပ်ဘက် ဘက်စုံသုံး ကမ်းရိုးတန်း ကာကွယ်ရေး စနစ်အား ထူထောင် ထားခြင်းဖြင့် စွမ်းဆောင်ရည် ပြည့်ဝပြီး ကုန်ကျစရိတ်နည်းပါးသော ကာကွယ်ရေး စနစ်တစ်ရပ် ထူထောင်ထားသည်။ ရုရှားတို့အနေဖြင့် ၎င်းကဲ့သို့ ကွပ်ကဲမှုနှင့် ကာကွယ်ရေး စနစ်အား ပေါင်းစည်း ထူထောင်မှုကို နှစ်ပေါင်းများစွာ အတွေ့ အကြုံရှိပြီး ဖြစ်သည့် အားလျော်စွာ အသုံး ပြုမည့် နိုင်ငံ အဖွဲ့အစည်း၊ ဒေသ၏ ရည်မှန်းချက်၊ မြေမျက်နှာသွင်ပြင်နှင့် တာဝန် တို့အပေါ်မူတည်၍ ကမ်းရိုး တန်း ကာကွယ်ရေး စနစ်အား တည်ဆောက် ပေးနိုင် ခဲ့သည်။

လက်ရှိမြန်မာ့ ကမ်းရိုးတန်း လုံခြုံရေးအား တပ်မတော်(ရေ)မှသာ အဓိက တာဝန်ယူ ဆောင်ရွက် လျက် ရှိသည်။ ပင်လယ်ကမ်းရိုးတန်း လုံခြုံရေး၌ စစ်ရေးဆိုင်ရာ ကိစ္စများအပြင် အခြားကိစ္စရပ် များ စွာ ရှိနေပေသည်။ မြန်မာ့ပိုင်နက် ရေပြင်၏ သယံဇာတ ပေါကြွယ်ဝမှု၊ ပြောင်းလဲ လာသော ခေတ် စနစ်နှင့်အညီ ပင်လယ်ရေကြောင်း ဆက်သွယ်မှုများ ကျယ်ပြန့် များပြားလာမှု၊ ကမ္ဘာတစ် ဝန်း ဖြစ် ပွားနေသော ပင်လယ်ရေကြောင်းမှ မှောင်ခိုပစ္စည်းများ၊ ဥပဒေနှင့် မညီသော ပစ္စည်းများ ရောင်း ဝယ်ဖောက် ကား သယ်ဆောင်နေမှု၊ တရားမဝင် လူဝင်/ထွက်မှု စသည်တို့သည် မြန်မာ့ ကမ်းရိုး တန်း ဒေသ၌ အဆင့်မီသော ထောက်လှမ်း ရေးနှင့် ကာကွယ်ရေးစနစ် လိုအပ်နေပြီ ဖြစ်ကြောင်း သတိပေးလျက် ရှိပေသည်။ ထို့ကြောင့် နိုင်ငံတော်အဆင့် ဟာကွက်မရှိသော ပင်လယ်ကမ်းရိုး တန်းလုံခြုံရေး စနစ်တစ်ခု အား တည် ဆောက်သွားနိုင်ရေးသည် အမျိုးသား လုံခြုံရေး တာဝန်တစ် ရပ် ဖြစ်ပါကြောင်း ရေးသား တင်ပြ အပ်ပါသည်။

MWD

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်