Pages

Tuesday, September 17, 2013

အိမ် ထောင်စု နှစ်ရာ ကျော် ကို လျှပ်စစ်မီး ရရန် အမျိုးသမီး ခြောက်ဦး စွမ်းဆောင် မည်


အိန္ဒိယနိုင်ငံ ရှိ Barefoot ကာလိပ် တွင် နေစွမ်းအင် သုံး လျှပ်စစ် ထုတ်လုပ် သည့် ပညာရပ် ကို သင်ယူ ခဲ့သော အမျိုးသမီး ခြောက်ဦး သည် ၂၀၁၃ ခုနှစ် အောက်တိုဘာ လ တွင် မွန်ပြည်နယ် နှင့် ပဲခူးတိုင်း ဒေသကြီး တို့မှ အိမ်ထောင်စု ၂၃၀ ကို လျှပ်စစ် ရရှိရန် ပထမဆုံး အကြိမ် အဖြစ် စတင် ဆောင်ရွက် တော့မည် ဖြစ်ကြောင်း မြန်မာ့ ဖွံ့ဖြိုး တိုးတက် ရေး အရင်း အမြစ် အဖွဲ့ အစည်း ၏ စီးပွားရေး နှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ ( MDRI-CESD ) ထံမှ သိရသည်။

အဆိုပါ အမျိုးသမီး များ သည် အိန္ဒိယ နိုင်ငံ တွင် ခြောက်လ ကြာ ပညာ သင်ယူပြီး နောက် မြန်မာနိုင်ငံ သို့ ၂၀၁၃ ခုနှစ် စက်တင်ဘာ လ ၁၆ ရက်နေ့ တွင် ပြန်လည် ရောက်ရှိ လာခြင်း ဖြစ်ပြီး တစ်လ အတွင်း ၌ လျှပ်စစ် ထုတ်လုပ်ရေး အတွက် အမေရိကန် ဘဏ်က လှူဒါန်းမည် ဖြစ်ကာ ကျေးရွာ အတွက် လိုအပ် သည့် ပစ္စည်း များ ကို အိန္ဒိယနိုင်ငံ က ပေးပို့ ပေးမည် ဖြစ်ကြောင်း MDRI-CESD အဖွဲ့ က ထုတ်ပြန် ထားသည်။

“သူတို့က စာတတ် စရာ မလိုဘူးလို့ ပြောတယ် ဆိုပေမယ့် စာမတတ် ရင် မဖြစ်ဘူး။ သူတို့က တပ်ဆင် တဲ့နည်း မသင်ခင် အရင်ဆုံး အခေါ်အ ဝေါ်တွေ သင်ပေး တယ်” ဟု ယင်း နေ စွမ်းအင် သုံး လျှပ်စစ် ပညာကို သွားရောက် သင်ယူသူ ဒေါ်ကြင်ရီ က မြန်မာ ငြိမ်းချမ်းရေး စင်တာ ၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား သည်။ ယင်း အမျိုးသမီး ခြောက်ဦး တွင် မူလတန်း အဆင့်နှင့် စာမတတ် သူ များ ပါဝင်ပြီး ကရင် ပြည်နယ် နှင့် ပဲခူးတိုင်း ဒေသကြီး တို့ တွင် နေထိုင် သူများ ဖြစ် သည်။ ၎င်း တို့သည် နေ စွမ်းအင် သုံး လျှပ်စစ် ထုတ်လုပ် သည့် ( Solar Energy ) ပညာ ကို Barefoot ကောလိပ် တွင် ခြောက်လ တာ သင်ယူ ခဲ့ခြင်း ဖြစ်ကြောင်း MDRI-CESD အဖွဲ့ ထံမှ သိရ သည်။

လာမည့် နှစ် များ တွင် ကျေးလက် ဒေသ ရှိ အမျိုးသမီး များ ကို ယခုကဲ့ သို့ ခေါ်ယူရန် သက်ဆိုင် ရာ အိန္ဒိယ အစိုးရ နှင့် ဆွေးနွေး မည် ဖြစ်ပြီး မြန်မာ နိုင်ငံ တွင် Barefoot ကောလိပ် ကဲ့ သို့ တိုင်းပြည် အကျိုးပြု သင်တန်း များ ပေါ်ပေါက် လာရန် မျှော်လင့် ကြောင်း လပြည့်ဝန်း ကလေး သူငယ် စောင့်ရှောက် ရေး အဖွဲ့ တွင် ပါဝင် လျက် ရှိသူ ယင်း အခမ်းအနား သို့ တက်ရောက် လာသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က ၎င်းအမြင် ကို ပြောကြာ သည်။

“မြန်မာအမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို ချီးမြှင့်တဲ့အနေနဲ့ ဒီအမျိုးသမီး ခြောက်ဦးကို တစ်ဦးကို တစ်သိန်းနှုန်းနဲ့ ချီးမြှင့်ပါတယ်” ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ဦးက ဆိုသည်။ ထို အမျိုးသမီး ခြောက်ဦးမှာ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့က သက်လတ်ပိုင်း အရွယ်ရှိပြီး ၂၀၁၃ ခုနှစ် မတ်လ ၁၅ ရက်နေ့က သွားရောက် သင်ယူ သင်ကြားခဲ့သည်။ ထို့ပြင် Barefoot ကောလိပ်သည် စာပေပိုင်း ဆိုင်ရာတွင် အားနည်းသူများကို ရွေးချယ်ခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ သွားရောက် သင်ကြားနိုင်ရန် အိန္ဒိယအစိုးရက ပညာသင် ထောက်ပံ့ပေးခြင်း ဖြစ်သည်။

The Voice Journal

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်