Pages

Tuesday, September 17, 2013

ခြိုးခြံ ချွေတာ စွာ နေလေ့ရှိသော ဘီလျံနာ များ




သင်၏ ဘဝတွင် တစ်ကြိမ် တော့ တစ်ပတ်ခန့် သာ အလုပ် လုပ်လိုက် ရခြင်း သို့မဟုတ် ထို အေ ကြာင်း ကိစ္စ အတွက် တစ်ရက် သာ အလုပ် လုပ် လိုက်ပြီး နေ့ခင်း အိပ်မက် လို အံ့ဩ ဖွယ် ငွေေ ကြး များစွာ ရလာ ခြင်းမျိုး ရှိပေ မည်။ သင်က သန်းချီ တန်သော သူ သို့မဟုတ် ဘီလျံ ချီတန်ဖိုး ရှိ သောသူ ဖြစ်လျှင် ဘယ်သို့ လုပ်မည် နည်း။ သန်းကြွယ် သူဌေးများ၊ ဘီလျံနာ များ သည် လည်း ကျွန်ုပ်တို့ အများ ကြား မှ သာမန် လူ များ လို ရှိကြပြီး ထူးထူးခြားခြားရှိနေကြ သည်မဟုတ်ပါ။ ကမ္ဘာပေါ် တွင် အပိုကုန် သည် များ ကိုရှောင်ရှားပြီး ခြိုးခြံချွေတာ စွာ ဖြင့် အချမ်းသာ ဆုံးဖြစ်နေေ သာ သူများ ကို ရုတ်တရက် ကြည့်မည် ဆိုပါက...


ဝါရန်ဘူးဖတ်

သန်းပေါင်း များစွာသော သူများ ဝါရန် ဘူးဖတ် ၏ စာအုပ်များ ကို ဖတ်ဖူး ကြသည်။ Berkshire Hathaway လို သူ၏ လုပ်ငန်း နောက်လိုက် ပါကြ သည်။ အမြဲ တမ်းရှေ့ ကို ရောက်နိုင် ရန်ဖြစ် သည်။ ဝါရန်ဘူးဖတ် ၏ ပုဂ္ဂိုလ်ရေး ဘဝ ကံကောင်းမှု တကယ့် လျှို့ ဝှက်ချက် မှာ ခြိုးခြံချွေတာ မှု ကိုနှစ်သက် သော ဓလေ့ဖြစ် သည်။ ၂ဝ၁၂ စက်တင်ဘာ လ တွင် ဝါရန်ဘူးဖတ် ၏ အသား တ င် ကြွယ် ဝမှု တန်ဖိုး မှာ အနီးစပ် ဆုံး ဒေါ်လာ ၄၆ ဘီလျံ ရှိသည်။ အလွန်ချမ်း သာကြွယ် ဝ သော သူများ နေရာအိမ်များ၊ ဇိမ်ခံ ပစ္စည်း များ ဝယ် ရန် သူရှောင်ကြဉ် ခဲ့သည်။ သာမန် အိမ်ဖြင့် အိုမာ ဟာ တွင် ယခုအထိနေသည်။ ထိုအိမ် ကို လွန်ခဲ့သောနှစ်ပေါင်း ၅ဝကျော် က ဒေါ်လာ ၃၁၅ဝဝဖြင့် ဝယ်ယူ ထားခြင်း ဖြစ်၏။ သို့သော် လည်း ကမ္ဘာပေါ် ရှိ အကောင်းဆုံး စားသောက်ဆိုင် တို့တွင်ေ တာ့ ညစာ စားသည်။ သူရွေးချယ် မှာ ယူလေ့ ရှိ သည်က အကောင်းစား ဘာဂါနှင့် အာလူး ကြော်၊ အအေး က ချယ်ရီ ကုတ် တစ်ခွက် ဖြစ်သည်။ ဘာကြောင့် ရွက်လှေ တစ်စင်း မှ မပိုင် တာလဲ ဆိုေ သာ အမေး ကိုတော့ "ကစား စရာ အများစု က ခန္ဓာကိုယ် ကို ထိခိုက်စေ တတ် ပါတယ်" ဟု ဝါရန်ဘူးဖတ် ကဖြေ သည်။

ကားလို့စ် စလင်း

လူအများစု မှာ ဘီလ်ဂိတ် အမည်နှင့် ရင်းနှီး ပြီးဖြစ်သည်။ ကားလို့စ်စလင်း အကြောင်းတော့ သိသူ နည်း သည်။ သို့သော် သူက တကယ် ချမ်းသာသူဖြစ် သည်။ ကား လို့စ် စလင်း ၏ ဇာတိမှာ မက္ကဆီ ကိုဖြစ်သည်။ ၂ဝ၁၂ မတ်လ ၌ သူသည် ကမ္ဘာပေါ် တွင် အချမ်းသာ ဆုံး နံပါတ် ၁နေရာ တွင် ရှိသည်။ မိုက်ခရိုဆော့ဖ် တည်ထောင် သူ ထက်ပင် ပိုချမ်းသာ သည်။ စလင်း ၏ ချမ်း သာကြွယ်ဝ မှု တန်ဖိုး မှာ ဒေါ်လာ ၆၉ ဘီလျံ ရှိသည်။ ကမ္ဘာပေါ် ရှိ အလွန်ဈေး ကြီးသော ဇိမ်ခံ ပစ္စည်းတို့ အတွက် သူ အကုန် ခံနိုင် သည်။ ကားလို့စ်စလင်း က စိတ်အလို သို့ မလိုက်ပေ။ သူသည် ဘူးဖ တ်ေ နသော အိမ်မျိုး လိုနှင့် သာ နေသည်။ ထိုအိမ် သည် လည်း နေခဲ့ သည် မှာ နှစ်၎ဝကျော် ပြီဖြစ် သည်။

အင်ဗာကမ်ပရက်

ဆွီဒင် ပရိဘောဂလောက တွင် ထူးခြား ဆန်းကြယ်သော iKea ကိုအောင်မြင် အောင် တည်ထောင် ခဲ့သူဖြစ် သည်။ ပရိဘောဂ များ ကို ကိုယ်တိုင် တပ်ဆင်နိုင် သည်။ ကမ်ပရက် သည် ဖောက်သည် များ အတွက် သာ မဟုတ်၊ ငွေကြေး ကို မည်သို့ ချွေတာနိုင် မည် ကို တွက်ချက် သည်။ ယင်း မှာ သူ ၏မြင့် မားသော ပုဂ္ဂိုလ်ရေး တန်ဖိုး ဖြစ်သည်။ ဒီက လူတွေ ဟာ တောက်ပ တဲ့ ကားတွေ မေ မာင်း ကြဘူး ဒါမှ မဟုတ် ဇိမ်ခံ ဟိုတယ် မှာတော့နေ ကြတယ် ဟု သူက မကြာ ခဏ ကိုးကား ၏။ လုပ်ငန်း ကို သူ အပြေး အလွှား နည်းပြ ကြီး ကြပ်ပေးလေ့ ရှိ သည်။ မြို့တွင်း သို့သွား လာ ရန် လိုအပ် သည့် အခါ ဘတ်စ်ကားဖြင့် သွားလေ့ ရှိသလို သူ ၏ဗော်လ်ဗို ကားဟောင်းဖြင့် လည်း သွား တတ် သည်။

ချပ်ဖီနေး

စီးပွား ပျက်ကပ် ကာလ တွင် ကြီးပြင်း လာ ခဲ့သော အိုင်းရစ် အမေရိကန် ကပြား ချပ်ဖီနေး သည် ဖြ စ်နို င်ချေ ရှိသော တစ်စုံ တစ်ရာ ကို လုပ်တတ် သလို ခြိုးခြံချွေ တာ တတ် သူဖြစ် သည်။ သူ၏ ပုဂ္ဂိုလ်ရေးဆောင် ပုဒ် မှာ မချမ်းသာ မချင်း အပြင်း အထန် ကြိုးစား မည် ဟုဖြစ် သည်။ ဂျူတီ ဖရီး ဆိုင် များ ကို တွဲဖက် တည်ထောင် ရင်း ချပ်ဖီနေး ဘီလျံနာ တစ်ယောက်ဖြစ် လာခဲ့ သည်။ သူ ၏ဖောင်ဒေးရှင်းဖြစ်သော အတလန္တိတ် လူသား ချင်း စာနာ မှုဖောင်ဒေးရှင်း ကလည်း အားလုံး တွင် အသို သိပ်ဆုံးဖြစ်သည်။ ထို ဖောင်ဒေးရှင်း သည် ကျောင်းများ၊ သုတေ သနဌာန များ၊ ဆေးရုံ များ ထဲ သို့ ဒေါ်လာ ၆ ဒသမ ၂ ဘီလျံ လှူဒါန်း ခဲ့ပြီးဖြစ်၏။ မကြာခဏ ဆိုသလို မစ္စတာချပ်ဖီနေး သည် အများ ပိုင် သယ်ယူ ပို့ဆောင်ရေး ကို ပုံမှန် အသုံးပြုလေ့ ရှိသည်။ လေယာဉ်စီး လျှင် ရိုးရိုးတန်း မှ စီးသည်။ အဝတ် အစား ဝယ်လျှင် လက်လီ စတိုးဆိုင် မှ ဝယ်သည်။ ဈေး ကြီးသော ရှုးဖိနပ်များ အ တွက် ငွေကို ဖြုန်းတီးလေ့ မရှိ။ သူ၏ ကလေးများ သည် လည်း အခြား ဆယ်ကျော် သက် ကလေး အများစု လို နွေရာသီ ပုံမှန် အလုပ် များ လုပ်ကြ ရသည်။

နိဂုံးချုပ် ရလျှင် ကမ္ဘာပေါ် မှ အချမ်း သာဆုံး လူအများ ၏ လျှို့ဝှက်ချက် အနည်း ငယ် သည် လူ အများ ၌တွေ့ရခဲ ၏။ သုံးဖြုန်း ရာ ၌ ထိပ်ဆုံးရောက်အောင် သုံးစွဲနေ ရမည့် အစား အနာဂတ် တွင် ပိုမို ၍ ရင်းနှီးမြုပ်နှံ နိုင်အောင်နှင့် မည်သို့ ကာကွယ် ရမည် ကို တွက်ချက်ရင်း အလုပ်များနေ ကြ သည်။ ထို အလေ့ အကျင့် တို့က သင့် အ တွက် လည်း မည်သို့ တည်ဆောက်နိုင်ကြောင်း စဉ်းစား ကြည့် ရပေ မည်။

မင်းအောင်မင်း
အခွင့်အလမ်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်