Pages

Tuesday, September 17, 2013

အပစ် အခတ် ရပ်စဲရေး ပျက်ပြား ပြီး နောက် မွတ်ဆလင် သူပုန် တွေ ကို ဖိလစ်ပိုင် အစိုးရ က လေကြောင်း ကနေ ဒုံးကျည် တွေ နဲ့ စတင် တိုက်ခိုက်


ဖိလစ်ပိုင် နိုင်ငံ မှာ ၈ ရက် ကြာ ပြင်းထန်စွာ ပဋိပက္ခ ဖြစ်နေတဲ့ မွတ်ဆလင် လွတ်မြောက်ရေး သူပုန် တွေ ကို ဖိလစ်ပိုင် အစိုးရ က မနေ့က ရဟတ်ယာဉ် တွေ သုံးပြိး လေကြောင်း ကနေ ဒုံးကျည် တွေ နဲ့ တိုက်ခိုက် လိုက် ပြီ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၃ ရက်နေ့ က စတင် ဖြစ်ပွါး ခဲ့တဲ့ ဒီ တိုက်ပွဲမှာ ဇမ်ဘိုအန်ဂါ မြို့ ကို မွတ်ဆလင် သူပုန် တွေ က စီးနင်း ထားတာ ဖြစ်ပါတယ် ။တိုက်ပွဲ အတွင်း ပြည်သူ  ( ၆၀ ) ၊ ရဲ တပ်ဖွဲ့ဝင် ( ၄ ) ဦး နဲ့ ဖိလစ်ပိုင် အစိုးရ တပ်ဖွဲ့ ( ၆ ) ဦးတို့ သေဆုံး ခဲ့ပါတယ် ။ဒေသ ခံများ လည်း ထွက်ပြေး နေရ ပြီး ငါး သေတ္တာ လုပ်ငန်း အဓိက လုပ်ကိုင် တဲ့ ဇမ်ဘိုအန်ဂါ မြို့ မှာ တနေ့ ၀င်ငွေ ( ၁.၁ ဘီလျှံ ) ဆုံးရှုံး နေပါ တယ်။



မွတ်ဆလင် သူပုန် အဖွဲ့ဟာ အစိုးရ နဲ့ အပစ်အခတ် ရပ်စဲရေး ပျက်ပြားပြီး နောက် ကတ်သလစ် ဘာသာ ၀င်တွေ နေထိုင်ရာ နယ်မြေ တွေ ကို မွတ်ဆလင် သူပုန် တွေ က နယ်မြေ ခွဲခြား ရယူ နိုင်ဖို့ အတွက် တိုက်ပွဲ တွေ ပြန်လည် ဖြစ်ပွါး ခဲ့တာ ဖြစ်ပြီး အစိုးရ ဘက် မှ မွတ်ဆလင် သူပုန်တွေ ကို ပြတ်ပြတ် သားသား နှိမ်နှင်းခဲ့ တာ ဖြစ်ပါတယ်။ ဇမ်ဘိုအန်ဂါ ရဲ့ ကမ်းရိုးတန်း ရွှာနှစ်ရွှာ မှာ လည်း သူပုန်တွေ နဲ့ အစိုးရတပ် တွေ မြေပြင် တိုက်ပွဲ တွေ ဆက်လက် ဖြစ်ပွါး နေတယ် လို့ အစိုးရ စစ်တပ် က ပြောကြား ပါတယ် ။ အစိုးရ ဘက် က စစ်သား ၃၀၀၀ ကျော် နဲ့ ဇမ်ဘိုအန်ဂါ တ၀ိုက် ကို ပိတ်ဆို့ ၀ိုင်းရံ နေပြီး သူပုန် အင်အား ၁၀၀ ဟာ ပိတ်မိ နေပြီး အရပ် သား တွေ ကို ဓါးစာခံ အဖြစ် အသုံးပြု နေပါ တယ်။ ၁၅ ရက်နေ့ ကလည်း သူပုန်တွေ ဟာ လက်နက်ချ အညံ့ ခံ ပြီး အရပ်သား တွေ ပုံစံ ဟန်ဆောင်ပြီး ထွက်ပြေးဖို့ လုပ်နေရာ အစိုးရ စစ်တပ် က ဖမ်းမိ ခဲ့သလို သူပုန် တွေ ဆုတ်ခွါ မယ့် လမ်းကြောင်းတွေ ကိုလည်း ပိတ်ထားပြိး ဖြစ်ပါတယ်။ ဒီ တိုက်ပွဲ အတွင်း သူပုန် ၅၁ ယောက် သေဆုံး သွား ပြီ လို့ အစိုးရ စစ်တပ် က ဗိုလ်မှူးကြီး တစ်ဦး က ပြောဆိုပါတယ်။

မြန်မာပြည်သား

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်