Pages

Tuesday, September 17, 2013

သားနဲ့သမီးကို ဗုဒ္ဓဘာ သာပဲဖြစ်စေချင်တယ် ဆိုတဲ့ အကယ်ဒမီ မေဝင်းမောင်


အကယ်ဒမီ မေဝင်းမောင် က ခင်ပွန်းဖြစ်သူ ကိုသက်ဝင်း နဲ့ ၁၉၉၃ ခုနှစ်မှာ အိမ်ထောင်ပြု ဖြစ်ခဲ့ပြီး အခု ဆိုရင်တော့ သား တစ်ယောက်၊ သမီး တစ်ယောက် နဲ့ သာယာ ပျော် ရွှင် တဲ့ မိသားစု ဘဝလေး ကို ရရှိပိုင် ဆိုင် နိုင် ခဲ့ပါတယ်။ အမေရိက မှာ နေထိုင် နေချိန် အတွင်း အခု အချိန် ထိ ကလေး ထိန်း မခေါ်ဘဲ သားနဲ့ သမီး ကို အနီး ကပ် ကိုယ်တိုင် ပြု စုစောင့် ရှောက် နေကြောင်း သိရပါတယ်။
 

“သမီးလေး မေသန္ဒီ က ၈နှစ် ပြည့် ခါနီး ပါပြီ။ သားလေး သိင်္ဂါ မောင် ကတော့ အခု ၅နှစ်ပဲ ပြည့် သေး တယ်။ သမီးလေး က ဒီတစ်ခါ ကျောင်း ဖွင့်ရင် ၃တန်း၊ သားလေး က သူငယ် တန်း တက် ရပါမယ်။ ကျွန်မ တို့ အခု အချိန် ထိ ကလေး ထိန်း မထားပါဘူး။ ကလေးထိန်း တွေ ခေါ်လို့ ရတယ်။ စိတ် ထဲမှာ စိတ်မချ ဖြစ်ပြီး ကိုယ် တိုင် ပဲ ထိန်းချင် တယ်။ ကျွန်မ ကိုယ်တိုင် ပဲ ကလေးတွေ ကို အချိန်ပြည့် ကြည့် ပါ တယ်။ ရုပ်ရှင်ရုံ မှာ ရုပ်ရှင်သွား မကြည့် ဖြစ်တာတောင် ကြာပြီ။ သွားကြည့် ရင် လည်း ကလေးတွေ ကြည့်တဲ့ ရုပ်ရှင် ဇာတ်ကား ပဲ သူတို့နဲ့ ကြည့် ဖြစ်တယ်။ ကိုယ့် ဘာသာ ကိုယ် သတ်သတ် ရုပ်ရှင် မကြည့် ဖြစ်တာ ကြာပြီ။ သူတို့ ဝါသ နာ ပါ တဲ့ အပိုင်း ကို ပံ့ပိုးပေး သွားမယ် လို့ ရည်ရွယ် ပါတယ်။ သမီးလေး ကို စန္ဒ ရားတီး လည်း သင်ပေး နေ ပါတယ်။ ဒီကို လာတဲ့ အခါမှာ လည်း မအေးအေး မြင့် နဲ့ အက တွေ သင်ပေး ပါတယ်။ ဒီ တစ်ခေါက် တော့ အက အပြင် ပတ္တ လား ကို လည်း နုတ်စ် နဲ့ မအေးအေး မြင့် ရဲ့အစ်မ က သင်ပေး နေပါ တယ်။ သူ ဝါသနာ ပါရင် ဆက်လုပ် ပေါ့။ ဝါသနာ မပါရင် တော့ လ ည်း တစ်မျိုး ပေါ့။ ကိုယ် ကတော့ အခြေခံ လေးရ အောင် သင်ပေး နေပါ တယ်” လို့ ပြော ပါတယ်။ သမီး နဲ့ သား မြန်မာ စကားကို နားလည် အောင် အိမ်မှာ မြန်မာ လိုပဲ ပြောဖြစ် သလို၊ ဘုရားစာ တွေ လည်း သင် ပေး တယ် လို့ ပြော ပါတယ်။

“အိမ်မှာ တော့ မြန်မာ လိုပဲ ပြော တယ်။ သူတို့ နားလည် ပါတယ်။ သမီး လေး က နည်းနည်း ပိုပြောနိုင် ပါတယ်။ သားလေး ကျ တော့ မြန်မာ လို သိပ် မပြော နိုင်ဘူး။ နားေ တာ့ လည် ပါ တယ်။ ဘုရားစာ တွေ ကိုလည်း သင် ပေး ပါတယ် ” " သူတို့ကို ဗုဒ္ဓဘာသာ တစ်ယောက် ပဲ ဖြစ်လာ စေချင် ပါတယ်။ အမေ က ပုတီး စိပ် တော့ သမီး လေး က လည်း တစ်ခါ တလေ ပုတီး လိုက် စိပ်တယ်။ သိပ်တော့ နားမလည် သေး ဘူး။ ဘုရား ဂုဏ်တော်၊ အရဟံ၊ ဘဂဝါ စသ ဖြင့် သူ့ အတွက် မှတ် ရ လွယ် တာလေး တွေ ပါပဲ။ ဘုရား ရှိခိုး မှာ လည်း သရဏဂုံ သုံးပါး လုံး ဆိုတတ် ပါတယ်။ သားလေး ကတော့ မရသေး ဘူး။ သင်ပေး ရဦးမယ်”  လို့ အကယ်ဒမီ မေဝင်းမောင် က ပြောပါ တယ်။

Popular Journal

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်