Pages

Tuesday, April 2, 2013

နိုင်ငံတွင် ပဋိပက္ခအရေး ကင်တားနား ပြောကြားချက် နိုင်ငံရေး လေ့လာသူများ နှင့် ပါတီများက ကန့်ကွက်

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူ မစ္စတာကင်တားနားက လက်ရှိပဋိပက္ခများ တွင် နိုင်ငံတော် အဖွဲ့အစည်းအချို့ ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲမှုအပေါ် နိုင်ငံတော် သမ္မတ ပြောရေး ဆိုခွင့်ပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲထွဋ်က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ၄င်း၏ဖေ့စ်ဘုတ်ခ် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ သတင်းများအရ မစ္စတာကင်တားနားက နိုင်ငံတော်အဖွဲ့အစည်းအချို့ (some section of the State) သည် လတ်တလော ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများတွင် တိုက်ရိုက်ပါဝင်နေကြောင်းနှင့် အကြမ်းဖက်သူများအား ကူညီအားပေးနေကြောင်းကို မတ်လ ၂၈ ရက်တွင် ပြောဆိုခဲ့သည့်အပေါ် ကန့်ကွက်ကြောင်း ယင်းက ပြောကြားသည်။

ယင်းနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က မစ္စတာကင်တားနား သည် ရှေ့နေတစ်ယောက်ဖြစ်ကြောင်း၊ ရှေ့နေများသည် အချက်အလက် တိတိကျကျသိမှ ပြော ကြသည် ဖြစ်ကြောင်းနှင့် ယင်းအနေဖြင့် ပြည်တွင်းရှိ နိုင်ငံရေး အဖွဲ့အစည်းတချို့၏ ပြောပြချက်အပေါ် အခြေခံပြီး ပြောဆိုခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။ ထို့ပြင် နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးက သံသယမျက်လုံးနှင့် ကြည့်သည့်အတွက် ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်နိုင်ကြောင်း၊ ယင်းသို့ ပြောဆိုရာတွင် ပြည်တွင်းရှိ အဖွဲ့အစည်းအချို့၏ သုံးသပ်ချက်များနှင့် ယခင်အစိုးရလက်ထက်က လုပ်ဆောင်ချက်များကို အခြေခံပြီး ပြောဆိုခြင်း ဖြစ်နိုင်ကြောင်း ယင်းကသုံးသပ်သည်။

ယင်းက ဆက်လက်ပြီး “အစိုးရအနေနဲ့ အကွက်ကျကျ လုပ်ဆောင်တယ်လို့ မထင်ဘူး။ တိုင်းပြည်ဂုဏ်သိက္ခာ ကျအောင် အစိုးရအနေနဲ့ လုပ်ဆောင်စရာ အကြောင်းမရှိဘူး။ အခု ဟိုးအရင်ကတည်းက တစ်ဖက်နဲ့တစ်ဖက် အမျိုးသားရေးဆန်ဆန် လုပ်ဆောင်ခဲ့တဲ့ နောက်ခံအကြောင်းရင်းတွေေ ကြာင့် ဖြစ် တာလို့ထင်တယ်။ ဒီအတွက် မစ္စတာကင်တားနား ပြောဆိုချက်အပေါ် ကျွန်တော့်အနေနဲ့ လက်မခံနိုင်ပါဘူး” ဟု သုံးသပ်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်