Pages

Tuesday, April 2, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးတို့က စင်ကာပူသမ္မတနှင့်ဇနီး တို့အား ဂုဏ်ပြု ညစာစားပွဲဖြင့်တည်ခင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် စင်ကာပူသမ္မတနိုင်ငံ သမ္မတ ဒေါက်တာ တိုနီတန် ကင်ယမ်းနှင့် ဇနီး မစ္စစ်မေရီတန် ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ ဂုဏ်ပြု ညစာစားပွဲသို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးသိန်းညွန့်၊  ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးကျော်လွင်၊ ဒေါက်တာကံဇော်နှင့် ဦးဌေးအောင်၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိယဉ်ချမ်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၊ စင်ကာပူသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဦးလွင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် စင်ကာပူသမ္မတနိုင်ငံ သမ္မတနှင့် ဇနီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chua Hian Kong Robert လည်း တက်ရောက်သည်။


ဂုဏ်ပြုညစာ မသုံးဆောင်မီ နိုင်ငံတော်တီးဝိုင်းက နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများကို ဂုဏ်ပြု တီးမှုတ်သည်။

ညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ  အနုပ ညာ ရှင်များက တေးသံသာများဖြင့် ဖျော်ဖြေကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဧည့်သည်တော် စင်ကာပူသမ္မတနိုင်ငံ  သမ္မတအား ခရီးစဉ်မှတ်တမ်းဓာတ်ပုံ အယ်လ်ဘမ်ကို ပေးအပ်သည်။

ဂုဏ်ပြုညစာ စားပွဲအပြီးတွင် ဧည့်သည်တော် စင်ကာပူသမ္မတနိုင်ငံ သမ္မတနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာများနှင့် မြန်မာ့ရိုးရာအကပဒေသာများဖြင့် ဧည့်ခံ ဖျော်ဖြေ တင်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း၊ စင်ကာပူသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးတို့သည် ဖျော်ဖြေကြသော အနုပညာရှင်များအား လက်ဆောင်ပန်းခြင်းများ ပေးအပ်ကြပြီး အနုပညာရှင်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။



No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်