Pages

Wednesday, April 3, 2013

၄၈ လမ်း ဗလီ မီးလောင်မှု အဖြစ်မှန် ပေါ်ပေါက် ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် သတင်းနှင့် စာနယ်ဇင်း ရှင်းလင်း

 

 
ရန်ကုန်မြို့၄၈ လမ်းဗလီမှ စာသင် ကလေးငယ် မောင်ဝေယံသူ (အသက် ၁၄နှစ်)၊ မောင်မောင်ေ ဇာ် ၊မောင်မျိုးအောင်တို့မှ မီးလောင်ကျွမ်းခဲ့ပုံအဖြစ် မှန်များကို ထုတ်ဖော်ပြောပြခဲ့သောကြောင့်ဧပြီလ ၂ရက်နေ့နံနက်ပိုင်းက ၄၈လမ်း ဘာသာရေးစာသင်ကျောင်းဗလီမီးသင့် လောင်ကာ လူသေဆုံးမှု၏ အများက စိတ်ဝင်စားနေသော အဖြစ်မှန်ပေါ် ပေါက်သွားခဲ့ပြီဟုဧပြီလ ၂ရက်နေ့ညနေက ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တွင်ပြုလုပ်သည့် စာ နယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးတို့က ရှင်းလင်းပြောပြရာတွင် ဝေယံသူ(အသက် ၁၄နှစ်)မှာ မီးစတင်လောင်ကျွမ်းခဲ့သော မီးအားမြင့်စက်ဘေး တွင် အိပ်စက်ခဲ့ကြောင်း၊ အဆိုပါ ၄၈လမ်းဗလီတွင်လွန်ခဲ့သော ၂ရက်ခန့်ကရောက်ရှိ လာကြသော ဘာသာရေးစာသင်မည့်ကလေးငယ် ၇၀ကျော်ကိုအပေါ်ထပ်တွင်ကလေး ၁၃ဦး၊ အောက် ထပ်တွင် ကလေး၅၀ကိုဗလီဆရာ ဇေယျာဖြိုးခေါ်၊မိုဟာ မက်အူလဟွာ နေရာချထားပေး ခဲ့ရာ၊ ဧပြီလ၂ ရက်နေ့နံနက် ၃နာရီခန့်တွင်မောင်ဝေယံသူအိပ်နေသော နေရာဘေး ကမီးအားမြင့်စက်မ အသံများ ဆူညံစွာ မြည်လာပြီး မီးခိုးများထွက် လာသော ကြောင့်ဗလီဆရာဇေယျာဖြိုးနှင့် အခြားလူကြီးများ ကို ပြေးနှိုးသော်လည်း မနိုး ကြကြောင်း ထို့ကြောင့်စောင်များနှင့် ၀ိုင်းအုပ်ကြကြောင်းမီးမသေဘဲမီးခိုးများ အူထွက်လာပါကြောင်း ထို့နောက် ဗလီဆရာဇေယျာဖြိုးနိုးလာပြီးစောင် များကို ဗလီတွင်သန့်ရှင်းရေး ေ ဆးေ က်ာ သော ရေ အိုးမှရေများကိုဆွတ်ပြီးမီးလောင် နေသောနေရာကို အုပ်ခဲ့ကြောင်း၊ မီးအားမြင့်စက်ေ အာက်မှ ဒီဇယ်ငါးဂါလံပုံး လဲမှောက်ပြီးမီးလောင် နေသောကြောင့် စောင် များဖြင့်အုပ်သော် လည်းမီးငြိမ်း မသွားဘ မီးခိုးများအူထွက်လာပြီးအပေါ်ထပ်တွင် အိပ်နေကြသော ကလေး၁၃ဦးလုံးသေ ဆုံးကုန်ကြောင်း၊

အောက်ထပ်မှကလေး၅၀ မှာ မည်သည့်ဒဏ်ရာမှမရကြောင်းဗလီဆရာ ဇေယျာဖြိုးခေါ် မိုဟာမက်အူလ၀ါမှ ဗလီမီးလောင် လူသေဆုံးမှု မှာ သူ၏အမှားမှားအယွင်းယွင်းဆောင် ရွက်မှုများဖြစ်သော အပေါ်ထပ်မှ ကလေးများကို တံခါးသော့ခတ်ထားမိခြင်းမီးငြိမ်းသက်ရာမှ ထွက်လာသောမီးခိုးများကြောင့်အပေါ်ထပ်မှ ကလေး၁၃ဦးသေဆုံးကုန်ကြခြင်း၊ ရှော့ဖြစ်သည့် မီးအားမြင့် စက်အောက်မှ ဒီဇယ် ငါးဂါလံပုံးမှာ ဗလီမှ၂၅ ကီလိုမီးစက်အတွက် လာပို့နေကြဒီဇယ်ရောင်းချသူကပို့ထားသော ဒီဇယ် များဖြစ်နေပြီးပေါ့လျော့စွာ မီးအားမြင့် စက်အောက်၊လှေကားအောက်တွင်ထားခဲ့ခြင်း ဗလီဆရာဇေယျာဖြိုး၏ပုဆိုး၏ ပေကျံနေသော ဒီဇယ်များမှာ သူထားသောဒီဇယ်များသြာ ဖစ်နေခြင်း၊ သူခြေချော်လဲသော ဒီဇယ်မှာလည်း ထိုဒီဇယ်များ သာဖြစ်နေခြင်း၊ ဖြစ်ပေါ်ခဲ့သော ကြီးမားသည့်ဆိုးကျိုးများကို မိမိအပေါ်မကျရော က်စေရန် ဘေးကလာစီစဉ် ထားသလို ထင်ရောင် ထင်မှားစကားများကိုလိမ်လည်ပြောဆို မိကြောင်းကိုလည်း သက်သေများ၏ရှေ့တွင် ထွက်ဆိုချက်ပေးပြီးဖြစ်သောကြောင့် မည်သူမျှ လာရှို့သောမီးမဟုတ်ဘဲသဘာ ၀အလျှောက် မီးအားမြင့်စက် မှလောင် ကျွမ်းသောမီးကို ကြောက်လန့်တကြား စောင်အုပ်ပြီးငြိမ်းနေစဉ်ဒီဇယ်များကိုပါ မီးလောင်ခဲ့ခြင်း ဖြစ်ကြောင်း၊

မီးခိုးများ အူထွက်လာသောကြောင့်အပေါ်ထက်မှ ကလေးများမီးခိုးမှိုင်းများသေဆုံး ကုန်ခြင်း ဖြစ်ကြောင်း ၊(အကယ်၍ သာအပြင်က မီးလာရှို့ခြင်းဆိုလျှင် သော့ခတ်ထားသော တံခါးကိုဒီဇယ်ပုံးကမ၀င်နိုင်ပါကြောင်း၊ ယနေ့ အချိန်ကာလရပ်ကွက်တိုင်းတွင်နှိုးကြား စွာကင်းစောင့်နေကြချိန်တွင် မည်သည့် လူစိမ်းကမျှ ဒီဇယ်ပုံးကြီးကို ညအချိန်ကြီးမှာ ဆွဲယူလာရန်မဖြစ်နိုင်ပါကြောင်း၊မီးရှို့မည်ကို စိုးရိမ်သောကြောင့် သတိ ထားနေ ချိန်မ ဘေးကလာတာ မဖြစ်နိုင်သည့်အပြင် အကြံသမားမီးရှို့သူသည် ဒီဇယ်ကိုမသုံးပဲ ဓာတ်စီကိုသာ သုံးမည်ဟု တွက်ဆနိုင်ကြောင်း၊ ယခု အခါတွင်မျက်မြင်သက်သေကလေးများ ၏အဖြစ် မှန်ဖေါ် ထုတ်ပြပေးသော ကြောင့် ဗလီဆရာ ဇေယျာဖြိုးမှာလည်း သက်သေများ၏ရှေ့တွင် ၀န်ခံရပြီဖြစ်ပါ ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မီးလောင်ဗလီမှထပ်မံသိမ်းဆည်းရခဲ့သည့် မီးလောင်ထားေ သာ ဒီဇယ်ပုံး ကိုသတင်းနှင့် စာနယ်ဇင်းတာဝန်ရှိသူများကိုပြသခဲ့ပါသည်။

မီးကိုဖုံးအုပ်ငြိမ်းသတ်ခဲ့သည့် ဒီဇယ်ပေနေသော စောင်ကိုလည်းထုတ် ဖေါ်ပြသခဲ့ပါသည်။mt ယခု အခါ၄၈လမ်းဗလီမီးလောင် ကာလူသေဆုံးမှုကိုပြည်တွင်းပြည်ပမ ငြိမ်းချမ်းမှုကိုမလိုလားကြသော လူများက အင်တာနက်မှတဆင့် မမှန်သ တင်းများကို ပြန်တူးနေကြသောကြောင့်မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှု များဖြစ်ပေါ်နေရာ သတင်းနှင့်စာနယ် ဇင်းမှ တာဝန်ရှိသူများမှတစ်ဆင့်ပြည်သူများ ကိုလည်းေ ကာင်း ၊ နိုင်ငံတကာ စာမျက်နှာသို့လည်းကောင်းအမှန် အတိုင်းတင်ပြ နိုင်ရန်ခေါ်ယူရှင်းလင်း ရ ခြင်းဖြစ်ေ ကြာ င်းပြော ကြားသွားခဲ့ပါသည်။

The Hot News

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်