Pages

Tuesday, April 2, 2013

ကျောက်ဆည် ဆေးရုံကြီးမှ ခြေလှမ်းပြင် နေသော ပြဿနာများ

အဆုတ်နာ TB  ရောဂါသည် ကြာက် စရာအကောင်းဆုံ; ၊  မြန်မာ ပြည်တွင် အဖြစ် အများ ဆုံးနှင့် အသေ အပျောက်အများဆုံး ရောဂါ ဆိုးကြီး တစ် ခု ဖြစ်သည်။ အရွယ် မရွေး ကူးစက် နိုင်ပြီးရောဂါ ဖြစ်သူ ၏ တံတွေး ၊ သလိတ်များ ချောင်းဆိုးရာမှ ထွက်လာသော ရောဂါ ပိုး များသည် မြေပြင် ဖုံများ နှင့် ရောယှက်ကာ ရှုမိသူ ကို အလွယ် တကူ ကူးစက်နိုင်ပါသည်။ TB ရောဂါ ဖြစ်ပွား၍ စနစ်တကျ ကုသမှု ခံ ယူလျှင် ပျောက်ကင်းနိုင်သော် လည်း TB ရောဂါ ဆေးဝါးများ ကို ဆေးပတ် လည်အောင် မသောက်သုံးခြင်းဖြင့် စနစ်တကျ ကုသမှု ကိုမခံ ယူဘဲ ရောဂါ သက်သာ လျှင် ဆေး ဆက်လက် မသောက်သုံးသော ရောဂါ သည် များသည် ဆေးမတိုးသော ဆေးယဉ် ပါးသော ကုရခက် သည့် ဝေဒနာ ရှင် များ အဖြစ်ရောက်ရှိ ပါတော့ သည်။ ထို သို့ သော ကူးစက်လွယ် ပြီး အန္တ ရယ် များလှသော ကုရခက် ရောဂါသည် တခြားသူ ကို  ကူးစက်ခံ ရလျှင် လည်း ကူးစက်ခံ ရမည့် လူတွင် ဖြစ်မည့် ရောဂါမှာ ကုရလွယ်သော် အခြား TB ရောဂါ ပိုး လို မဟုတ် ဘဲ ဆေးယဉ် သော ၊  ဆေးမတိုးသော ကုရခက်သည့် ဝေဒနာမျိုးသာ ကူစက်ခံရ မည် ဖြစ်သည်။

ယခု အခါ ကျောက်ဆည်ဆေးရုံကြီး တွင် ဆေးယဉ်ပါးသော ဝေဒနာရှင် များ ကို ကုသရန် အဆောက်အဦး တခု ကို စီစဉ်ပါသည်။ ထို အဆောက်အဦးသည် ယခင် က အချုပ် နှင့်  ရဲ အမှု လူနာများ ကို ထားသော နေရာ ဖြစ်ပြီး ယင်း အဆောက်အဦး သာ အကောင် အထည် ဖော်ဖြစ်ခဲ့လျှင် ကြီးစွာသော အန္တ ရာယ် ဖြစ်ပေါ်စေနိုင်ပါသည်။ ယင်းနေရာသည် -

( ၁ ) မွေး ကင်းစကလေး အဆောင် ၊  ကလေးကုသဆောင် နှင့် နီးကပ်စွာ ရှိခြင်း

( ၂ ) ၀န်ထမ်းအိမ်ယာနှင့် နီးကပ်စွာ ရှိခြင်း

( ၃ ) စားသောက်ဆိုင်နှင့် နီးကပ်ခြင်း

( ၄ ) ဆေးရုံကြီး တခုလုံး ၏ အလယ်ဗဟို နှင့် လမ်းလေးခွဆုံတွင် ရှိခြင်း 
 
စသည့် မရွေးသင့်ေ သာ နေ ရာ ဖြ စ်နေ ပါသည်။ ကျယ်ဝန်းလှသော ဆေးရုံကြီးတွင် အခြားသော အဆောင်များ နှင့် လွတ်ကင်းသော သီးခြားဖြစ်မည့်  နေရာမျိုး ကိုမရွေးချယ် သည့် တာဝန်ရှိသူ များနှင့် လွဲမှားသောအတွေး နှင့် အကြံပေးသူများ ပြန်လည် ဆင်ခြင်သုံးသပ်ရန် တင်ပြအပ်ပါသည်။ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများလည်း လာရာက် စစ်ဆေးပါရန် အသိပေး ဖိတ်ခေါ်အပ်ပါသည်။

ဝန်ထမ်းများ





No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်