Pages

Wednesday, April 3, 2013

အမုန်းတရားမဲ့၊ အကြမ်းဖက်မှုမဲ့၊ မျက်ရည်မဲ့ဘဝများ ဤမြေတွင် ပွင့်ပါစေသား

 
 
ရန်ကုန်က ရန်ကုန်မဟုတ်တော့။ ရန်ကုန်၏ ညများသည်လည်း အရင်လို ရန်ကုန်ညမျိုးမဟုတ်။လမ်းပေါ်မှာ လူတွေရှင်းနေသည်။ မိုးအလင်းဖွင့်တတ်သော လမ်းဘေး ဆိုင်များလည်း ဆိတ်သုဉ်းလျက်။ တဝေါဝေါဖြတ်သွားသော အငှား ကားများနှင့် ကိုယ်ပိုင်ကား တချို့ သာ မရှိလျှင်ရန်ကုန်ညသည် နယ် မြို့တစ်ခုနှင့် မခြား။ ညသည် လူများအိပ်စက်အနား ယူချိန်မို့ တိတ်ဆိတ်နေသည် ဆို သော်ငြား အခုတိတ်ဆိတ်ခြောက် သွေ့နေပုံက သမားရိုးကျမဟုတ်ပါ။ အထူးသဖြင့် ရန်ကုန်ညသည် ရန် ကုန် ညစတိုင်မှ ကွဲပြားကာ ညှိုး ရော် ချောက်ချားဖွယ်ကောင်းနေ ခြင်းကိုတော့ ဤရက်များအတွင်း သိသိသာသာ ခံစားနေရသည်က အသေအချာ ဖြစ်သည်။     ထိုခံစားမှုတွင် အဖြေရှိပါ သည်။ တကယ်တော့ရန်ကုန်၏ ညများက စိုးထိတ်မှု၊ ကြောက်ရွံမှု နှင့် ခြောက်အိပ်မက်များကြောင့် အနံ့အရသာ ပျောက်နေခြင်းပင် ဖြစ်သည်။ ထိုသို့သော နွေနေ၏ ရက် စက်သော အပူရှိန်မပြေသေးသည့်  ဧပြီလ ၂ရက် နံနက် ၃ နာရီအချိန် တွင် ဝမ်းနည်းဖွယ်ကောင်းသော ကံကြမ္မာဆိုးတစ်ခုက ရန်ကုန်ကို အလစ်အငိုက် တိုက်ခိုက်လိုက်သည်။

အင်းလျားကန်အနီး လူသတ်၍ ပြိုင်ကားဖြင့် ထွက်ပြေးသူ ကိုယ်တိုင် လာရောက်အဖမ်းခံ'

 
 
အင်းလျားကန်ဘောင်အနီး လူသတ် ၍ ပြိုင်ကားမောင်းပြီး ထွက်ပြေးသွား သူဟု ရဲက သံသယရှိသူမှာ ၄င်းကိုယ် တိုင် လာရောက်အဖမ်းခံလိုက်ကြောင်း သတင်းရရှိသည်။

ဧပြီ ၁ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌ ၄င်းကိုယ်တိုင် လာရောက် အ ဖမ်းခံခြင်း ဖြစ်ကြောင်း လှိုင်မြို့နယ် ရဲစခန်းမှူး က ပြောသည်။

မတ် ၁၇ရက် ည ၈နာရီ ၅ မိနစ် ခန့်တွင် အေဒီမီးပွိုင့်မှ လှည်းတန်းသို့ မောင်းလာသော ယာဉ်အမှတ်(၇ဂ/---) ငွေမင်ရောင်ပြိုင်ကားသည် အင်းလျား ကန်ဘေးရှိ အိအိုင်ဘီစီရှေ့အရောက်တွင် ရပ်ပြီး ကားပေါ်မှ ထိုးသွင်းဒဏ်ရာဖြင့် အမျိုးသားတစ်ဦးဆင်းလာကာလဲကျသွား ၍ လုံခြုံရေးတာဝန်ကျက သွားရောက် ကြည့်ရှုစဉ် အဆိုပါပြိုင်ကားမှာ လာရာလမ်း အတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ သည်။ ရဲများက ဒဏ်ရာရရှိသူအား ရန်ကုန်ဆေးရုံကြီးသို့ပို့ပြီး ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့သည်။

''သတ်ရတဲ့အကြောင်းအရင်းကတော့ သေဆုံးသူက ရင့်ရင့်သီးသီးပြောလို့ တစ်ယောက်တစ်ခွန်း စကားများ ရာကနေ အသင့်ပါလာတဲ့ဓားနဲ့ ထိုးလိုက်တယ်လို့ ထွက်ချက်ရထားတယ်''ဟု စခန်းမှူးက ပြောသည်။
 

မြန်မာ့ တပ်မတော် (ရေ) မှ စစ်ရေယာဉ်တစ်စင်း မလေးရှားနိုင်ငံ လန်ကာဝီကျွန်းသို့ ချစ်ကြည်ရေး ခရီးသွားရောက် ခဲ့ရာမှ ပြန်လည်ရောက်ရှိ

 

 
မြန်မာ့ တပ်မတော်(ရေ)မှ စစ်ရေယာဉ် မဟာဗန္ဓုလသည် မလေးရှား နိုင်ငံရေတပ်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံ လန်ကာဝီကျွန်းတွင် ကျင်းပပြုလုပ်သည့် Langkawi International Maritime and Aerospace Exhibition 2013 (LIMA-2013) ပြပွဲသို့ တက်ရောက်ရန်အတွက် မတ် ၂၂ ရက် နံနက် ၁ဝ နာရီ မိနစ် ၄ဝ က အမှတ်(၃) ရေတပ်ဆိပ်ခံ တံတား (သီလဝါ)မှ ထွက်ခွာခဲ့ရာ ဧပြီ ၂ ရက် ညနေ ၄ နာရီ ၁ဝ မိနစ်တွင် ပြန်လည် ရောက်ရှိသည်။

စစ်ရေယာဉ် မဟာဗန္ဓုလအား ဧရာဝတီရေတပ် စခန်းဌာနချုပ် ဌာနချုပ်မှူး ဦးဆောင်သော တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစု များက  ကြိုဆိုနှုတ်ဆက်ကြသည်။

စစ်ရေယာဉ် မဟာဗန္ဓုလသည် မလေးရှားနိုင်ငံ   ရေပိုင်နက် အတွင်းသို့ မတ် ၂၄ ရက် ဒေသစံ တော်ချိန် နံနက် ၇ နာရီခွဲက စတင်ရောက်ရှိပြီး မလေးရှားနိုင်ငံ လန်ကာဝီကျွန်းသို့ ဒေသစံတော် ချိန် နံနက် ၉ နာရီခွဲ တွင် ရောက်ရှိသည်။

စစ်ရေယာဉ် မဟာဗန္ဓုလမှ စစ်ရေယာဉ်မှူးနှင့် အရာရှိများသည် မတ် ၂၆ ရက်တွင် လန်ကာဝီကျွန်း၊ Langkawi International Maritime and Aerospace Exhibition 2013(LIMA-2013) ပြပွဲ ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်သည်။

ထို့အပြင် စစ်ရေယာဉ်မှူးနှင့် အရာရှိ၊ စစ်သည်များသည် မတ် ၂၆ ရက်မှ  ၃ဝ ရက်အတွင်း Mahisuri International Exhibition Center(MIEC) ရှိ ရေကြောင်းဆိုင်ရာ ပြခန်းများသို့ သွားရောက်လေ့လာခြင်း၊ Porto Malai ကမ်းခြေတွင် ပြုလုပ်သော Maritime Demostrations သို့ သွားရောက် လေ့လာခြင်း၊ လန်ကာဝီကျွန်း Resort World Hotel တွင် ကျင်းပပြုလုပ်သည့် International Maritime Food Festival သို့တက်ရောက်၍ မြန်မာ့အစား အစာများဖြင့် ခင်းကျင်းပြသ ဧည့်ခံခြင်း နှင့် Kuah Town မြို့တွင် ကျင်းပပြုလုပ်သည့် Maritime Cultural Perfor- mace အခမ်းအနားသို့ တက်ရောက် ၍ မြန်မာ့ရိုးရာ အကများဖြင့် ဖျော်ဖြေခြင်းများ ပြုလုပ်ဆောင်ရွက် ခဲ့ကြသည်။

၄၈ လမ်း မီးလောင်မှုမှ လွတ်မြောက်လာသူအချို့ ဘာပြောကြသလဲ


ယခုကျောင်းသား သုံးဦးမှာ ဧပြီ ၂ ရက် နံနက် သုံးနာရီက ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းတွင် မီးလောင် ရာ၌ ရှိနေခဲ့သူများ ဖြစ်သည်။ ဧပြီ ၂ ရက် ညနေ ၅ နာရီကျော်တွင် မီဒီယာအချို့နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ မီးလောင်မှု ဖြစ်စဉ်အတွင်း သူတို့ကြုံတွေ့ခဲ့ရမှုများအား ကျွန်တော်တို့ကို ပြောပြခဲ့သည်။ ထို့ပြင် ဗလီဥက္ကဋ္ဌ ဦးဘနီနှင့် ကျောင်းဆရာ ဦးဆာအိ တို့က သတင်းစဉ်သို့ပြောကြားချက် များကိုလည်း ပေါ်ပြူလာနယူးစ် ပရိသတ်များသိရှိနိုင်ပါရန် စုစည်း တင်ဆက်လိုက်ပါသည်။

မောင်ဝေယံသူ(၁၄ နှစ်)

အဲဒီမှာနေတာတော့ တစ်နှစ်ကျော်လောက်ရှိပြီ။ ကျွန်တော်က အောက်ထပ်မှာအိပ်တယ်။ မီးလောင်နေေ တာ့ ကျွန်တော်တို့ ထမင်းစားခန်းထဲ ဝင်ပြေးကြတယ်။ မီးသတ် တွေလာမှ ကျွန်တော်တို့ ထွက်လာကြတယ်။ သူတို့ကလည်း ကျောင်းသားလေးတွေ ထွက်လာလို့ရပြီလို့ ပြောတယ်။ အဲဒီမှာ ထွက်လာကြတာ။ ကိုယ့်ဘာ သာ လွတ်အောင် ပြေးလာတော့ တခြားသူတွေကိုလည်း ဂရုမစိုက်ဖြစ်ဘူး။ ဘေးအိမ်ကို အကူအညီ အော်ေ တာင်းတော့ ဘေးအိမ်က မီးတော့လင်းလာတယ်။ ဒါပေမဲ့ လူတစ်ယောက်မှ မတွေ့ဘူး။


ဆီရီးယား ပြည်တွင်းပဋိပက္ခများကြောင့် ယခုနှစ်မတ်လတွင် လူအသေအပျောက် အများဆုံးဖြစ်

ဆီးရီးယားနိုင်ငံအတွင်း နှစ်နှစ်တာ ဖြစ်ပွားနေသော အကြမ်းဖက်မှုများ၌ ၂၀၁၃ ခုနှစ် မတ်လသေဆုံးမှုမှာ ယခင်လ သေဆုံးမှုများထက်ပင် များပြားခဲ့ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် မတ်လတွင် ဆီးရီးယားပြည်သူများ သေဆုံးမှု ပမာဏများခဲ့ပြီး မတ်လအတွင်း၌ ၆၀၀၅ ဦး သေဆုံးခဲ့သည်။ ယင်းသေဆုံးသူများအနက် ကလေး ၂၉၈ ဦး၊ အမျိုးသမီး ၂၉၁ ဦး၊ အစိုးရတပ်ဖွဲ့ဝင် ၁၄၆၄ ဦးနှင့် သူပုန် ၁၄၈၆ ဦးတို့ သေဆုံးခဲ့ကြောင်း ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့က စာရင်းထုတ်ပြန်ခဲ့သည်။ ဆီးရီးယားနိုင်ငံ၌ အစိုးရအဖွဲ့နှင့် သူပုန်တို့ တိုက်ခိုက်မှုကြောင့် နှစ်နှစ်အတွင်း လူပေါင်း ခုနစ်သောင်း သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့က စာရင်း ထုတ်ပြန်သည်။ သမ္မတ အာဆတ်သည် ဆန္ဒပြမှုများကို အပြင်းအထန် နှိပ်ကွပ်ခဲ့ပြီးနောက် ဆန္ဒပြသူများ စုပေါင်းကာ အစိုးရကို လက်နက်ကိုင် ဆန့်ကျင်လာသဖြင့် ပြည်တွင်းစစ် အဖြစ်သို့ ရောက်ရှိခဲ့ရသည်။

ရိုက်တာ

နိုင်ငံတော်အဆင့်သတင်းများ ပြန်ကြားရေးဝန်ကြီးဌာနက ပုဂ္ဂလိက သတင်းစာကို ပြန်ရောင်းရန်စီစဉ်

ပုဂ္ဂလိကပိုင် သတင်းမီဒီယာများကို နိုင်ငံတော်အစိုးရနှင့် ပတ်သက်သည့် သတင်းများ ပြန်ကြားရေး ၀န်ကြီးဌာနမှ ပြန်လည်ရောင်းချ သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားသည်။ လက်ရှိတွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် အစိုးရ၏ သတင်းများကို ပြန်လည်ရောင်းချနိုင်ရန် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က “နိုင်ငံတော်အစိုးရရဲ့ သတင်းတွေနဲ့ ဓာတ်ပုံတွေကို နိုင်ငံတကာ သတင်းဌာနတွေက ရောင်းချတဲ့ ပုံစံအတိုင်း ပြန်လည်ရောင်း ချသွားမယ်”ဟု ပြောကြားသည်။ ပြန်ကြားရေး ၀န်ကြီးဌာနအနေဖြင့် နိုင်ငံတော်အဆင့် သတင်းများ ကိုမည်ကဲ့သို့ ရောင်းချမည်၊ မည်သို့ရောင်းချမည်ကို လာမည့် ဧပြီလ တတိယပတ်တွင် ထုတ်ပြန်ပေးသွား မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။ ဦးရဲထွဋ်က “လက်ရှိမှာ ပြန်ကြားရေး က လဲ နိုင်ငံတကာ သတင်းတွေကို ပြန်ဝယ်ပြီးတော့ လပေးစနစ်နဲ့ သုံးနေတာတွေ ရှိတယ်။ အခုလဲ သတင်းတွေကို လပေးစနစ်၊ နေ့အလိုက်စနစ်နဲ့ ရောင်းချဖို့ စီစဉ်နေပါတယ်”ဟု ထပ်မံပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၄ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။

၄၈ လမ်း ဗလီ မီးလောင်မှု အဖြစ်မှန် ပေါ်ပေါက် ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် သတင်းနှင့် စာနယ်ဇင်း ရှင်းလင်း

 

 
ရန်ကုန်မြို့၄၈ လမ်းဗလီမှ စာသင် ကလေးငယ် မောင်ဝေယံသူ (အသက် ၁၄နှစ်)၊ မောင်မောင်ေ ဇာ် ၊မောင်မျိုးအောင်တို့မှ မီးလောင်ကျွမ်းခဲ့ပုံအဖြစ် မှန်များကို ထုတ်ဖော်ပြောပြခဲ့သောကြောင့်ဧပြီလ ၂ရက်နေ့နံနက်ပိုင်းက ၄၈လမ်း ဘာသာရေးစာသင်ကျောင်းဗလီမီးသင့် လောင်ကာ လူသေဆုံးမှု၏ အများက စိတ်ဝင်စားနေသော အဖြစ်မှန်ပေါ် ပေါက်သွားခဲ့ပြီဟုဧပြီလ ၂ရက်နေ့ညနေက ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တွင်ပြုလုပ်သည့် စာ နယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးတို့က ရှင်းလင်းပြောပြရာတွင် ဝေယံသူ(အသက် ၁၄နှစ်)မှာ မီးစတင်လောင်ကျွမ်းခဲ့သော မီးအားမြင့်စက်ဘေး တွင် အိပ်စက်ခဲ့ကြောင်း၊ အဆိုပါ ၄၈လမ်းဗလီတွင်လွန်ခဲ့သော ၂ရက်ခန့်ကရောက်ရှိ လာကြသော ဘာသာရေးစာသင်မည့်ကလေးငယ် ၇၀ကျော်ကိုအပေါ်ထပ်တွင်ကလေး ၁၃ဦး၊ အောက် ထပ်တွင် ကလေး၅၀ကိုဗလီဆရာ ဇေယျာဖြိုးခေါ်၊မိုဟာ မက်အူလဟွာ နေရာချထားပေး ခဲ့ရာ၊ ဧပြီလ၂ ရက်နေ့နံနက် ၃နာရီခန့်တွင်မောင်ဝေယံသူအိပ်နေသော နေရာဘေး ကမီးအားမြင့်စက်မ အသံများ ဆူညံစွာ မြည်လာပြီး မီးခိုးများထွက် လာသော ကြောင့်ဗလီဆရာဇေယျာဖြိုးနှင့် အခြားလူကြီးများ ကို ပြေးနှိုးသော်လည်း မနိုး ကြကြောင်း ထို့ကြောင့်စောင်များနှင့် ၀ိုင်းအုပ်ကြကြောင်းမီးမသေဘဲမီးခိုးများ အူထွက်လာပါကြောင်း ထို့နောက် ဗလီဆရာဇေယျာဖြိုးနိုးလာပြီးစောင် များကို ဗလီတွင်သန့်ရှင်းရေး ေ ဆးေ က်ာ သော ရေ အိုးမှရေများကိုဆွတ်ပြီးမီးလောင် နေသောနေရာကို အုပ်ခဲ့ကြောင်း၊ မီးအားမြင့်စက်ေ အာက်မှ ဒီဇယ်ငါးဂါလံပုံး လဲမှောက်ပြီးမီးလောင် နေသောကြောင့် စောင် များဖြင့်အုပ်သော် လည်းမီးငြိမ်း မသွားဘ မီးခိုးများအူထွက်လာပြီးအပေါ်ထပ်တွင် အိပ်နေကြသော ကလေး၁၃ဦးလုံးသေ ဆုံးကုန်ကြောင်း၊

Tuesday, April 2, 2013

နိုင်ငံတွင် ပဋိပက္ခအရေး ကင်တားနား ပြောကြားချက် နိုင်ငံရေး လေ့လာသူများ နှင့် ပါတီများက ကန့်ကွက်

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူ မစ္စတာကင်တားနားက လက်ရှိပဋိပက္ခများ တွင် နိုင်ငံတော် အဖွဲ့အစည်းအချို့ ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲမှုအပေါ် နိုင်ငံတော် သမ္မတ ပြောရေး ဆိုခွင့်ပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲထွဋ်က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ၄င်း၏ဖေ့စ်ဘုတ်ခ် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ သတင်းများအရ မစ္စတာကင်တားနားက နိုင်ငံတော်အဖွဲ့အစည်းအချို့ (some section of the State) သည် လတ်တလော ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများတွင် တိုက်ရိုက်ပါဝင်နေကြောင်းနှင့် အကြမ်းဖက်သူများအား ကူညီအားပေးနေကြောင်းကို မတ်လ ၂၈ ရက်တွင် ပြောဆိုခဲ့သည့်အပေါ် ကန့်ကွက်ကြောင်း ယင်းက ပြောကြားသည်။

ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ (၄၈)လမ်း၊ မ/၁၈၃ရှိ ဆော်ဒီကီးရား၊ ရေကျော်ဗလီ မီးလောင်မှု အတွင်းပိုင်းမြင်ကွင်းဓာတ်ပုံများ


ဓာတ်ပုံ - မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့






ကျောက်ဆည် ဆေးရုံကြီးမှ ခြေလှမ်းပြင် နေသော ပြဿနာများ

အဆုတ်နာ TB  ရောဂါသည် ကြာက် စရာအကောင်းဆုံ; ၊  မြန်မာ ပြည်တွင် အဖြစ် အများ ဆုံးနှင့် အသေ အပျောက်အများဆုံး ရောဂါ ဆိုးကြီး တစ် ခု ဖြစ်သည်။ အရွယ် မရွေး ကူးစက် နိုင်ပြီးရောဂါ ဖြစ်သူ ၏ တံတွေး ၊ သလိတ်များ ချောင်းဆိုးရာမှ ထွက်လာသော ရောဂါ ပိုး များသည် မြေပြင် ဖုံများ နှင့် ရောယှက်ကာ ရှုမိသူ ကို အလွယ် တကူ ကူးစက်နိုင်ပါသည်။ TB ရောဂါ ဖြစ်ပွား၍ စနစ်တကျ ကုသမှု ခံ ယူလျှင် ပျောက်ကင်းနိုင်သော် လည်း TB ရောဂါ ဆေးဝါးများ ကို ဆေးပတ် လည်အောင် မသောက်သုံးခြင်းဖြင့် စနစ်တကျ ကုသမှု ကိုမခံ ယူဘဲ ရောဂါ သက်သာ လျှင် ဆေး ဆက်လက် မသောက်သုံးသော ရောဂါ သည် များသည် ဆေးမတိုးသော ဆေးယဉ် ပါးသော ကုရခက် သည့် ဝေဒနာ ရှင် များ အဖြစ်ရောက်ရှိ ပါတော့ သည်။ ထို သို့ သော ကူးစက်လွယ် ပြီး အန္တ ရယ် များလှသော ကုရခက် ရောဂါသည် တခြားသူ ကို  ကူးစက်ခံ ရလျှင် လည်း ကူးစက်ခံ ရမည့် လူတွင် ဖြစ်မည့် ရောဂါမှာ ကုရလွယ်သော် အခြား TB ရောဂါ ပိုး လို မဟုတ် ဘဲ ဆေးယဉ် သော ၊  ဆေးမတိုးသော ကုရခက်သည့် ဝေဒနာမျိုးသာ ကူစက်ခံရ မည် ဖြစ်သည်။

မီဒီယာများ သတင်းမှန်၊ ဖြစ်စဉ်အမှန်ကို ထုတ်ပြန်ပေးကြရန် အရေးကြီး

(၄၈)လမ်း မတော်တဆ မီးလောင်ကျွမ်းမှုနှင့် စပ်လျဉ်း၍ ပြန်ကြားရေး ဝန်ကြီး ဌာနက သတင်းမှန်များ ထုတ်ပြန်ပေးနေသလို ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့်လည်း ဖြစ်စဉ်ဖြစ်ရပ်အမှန်ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက် ရှိပါသည်။

နိုင်ငံတော်သမ္မတကြီးသည်လည်း မိတ္ထီလာပဋိပက္ခဆိုင်ရာ ရှင်းလင်းချက် မိန့်ခွန်းနှင့် နှစ်သစ်ကူးရေဒီ ယိုမိန့်ခွန်းတို့တွင် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု၊ Responsible Media များ၏ တာဝန်သိ၊ တာဝန်ကျေပွန်မှုတို့ကို အလေးအနက်ထား ထည့်သွင်း ပြောကြားထားပြီး ဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်းကောင်း၊ တည်ဆဲဥပဒေဖြစ်သော ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ လည်းကောင်း ပြည်တွင်း၌ နိုင်ငံသားအဖြစ် တရားဝင် နေထိုင်ကြသူများ အားလုံးတွင် နိုင်ငံသားစိတ်ဓါတ် Citizen Spirit ထားရှိရန် လိုအပ်မည် ဖြစ်ပါသည်။

မိမိတို့နိုင်ငံတွင် မမျှော်လင့်ဘဲ ကြုံတွေ့လာရသော စိန်ခေါ်မှုများအနက် လတ်တလော ဖြစ်ပွားခဲ့သော ပဋိပက္ခများမှာ ထိခိုက်လွယ်၊ ကွဲရှလွယ်သော ဖြစ်ရပ်များ ဖြစ်သလို နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် အထူး သတိထားဖွယ်ရာ ရယ်ဒီကယ်ထောင်ချောက်များကို ရှောင်ရှားရမည့် အခြေအနေ ဖြစ်ပါသည်။

ညွှန်ချုပ် ၅ ဦးနှင့် ပါမောက္ခ ချုပ် ၁ ဦး အငြိမ်း စားပေးခံရ

သမ္မတ ဦးသိန်းစိန်က ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးအတွက် ညွှန်ကြား ရေးမှူးချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦးကို မယူမနေရ အငြိမ်းစားပေးလိုက်ပြီး အစိုးရအရာရှိ ၄၀ ကို ဌာနပြောင်း ရွှေ့လိုက်ကြောင်း သတင်းရရှိသည်။ယင်းသို့ အငြိမ်းစားပေးခြင်းနှင့် ဌာနပြောင်း အရေးယူမှုများကို ပြုလုပ်ခံရသော အစိုးရအရာရှိများသည် လာဘ်ပေး လာဘ်ယူမှုဖြင့် အတိုင်ကြားခံရခြင်း၊ ဌာနဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပြုပြင်ပြောင်းလဲရေး မလုပ်လိုဘဲနောက်ကြောင်း ပြန်ဆွဲသော အလေ့အထများ ရှိနေခြင်းကြောင့် ထိုသို့ အရေးယူခံရခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သော သတင်းရပ်ကွက် ထံမှ သိရှိရသည်။

အငြိမ်းစား ပေးခံလိုက်ရသော အစိုးရ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ၅ ဦးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ မြန်မာ့ စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးစံသောင်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်မော်၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ကုန်သွယ်မှု ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထူး၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်း၊ အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကို၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန အဆင့်မြင့်သိပ္ပံဦးစီးဌာန လက်အောက်ရှိ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်း တို့ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးတို့က စင်ကာပူသမ္မတနှင့်ဇနီး တို့အား ဂုဏ်ပြု ညစာစားပွဲဖြင့်တည်ခင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် စင်ကာပူသမ္မတနိုင်ငံ သမ္မတ ဒေါက်တာ တိုနီတန် ကင်ယမ်းနှင့် ဇနီး မစ္စစ်မေရီတန် ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ ဂုဏ်ပြု ညစာစားပွဲသို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးသိန်းညွန့်၊  ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးကျော်လွင်၊ ဒေါက်တာကံဇော်နှင့် ဦးဌေးအောင်၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိယဉ်ချမ်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၊ စင်ကာပူသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဦးလွင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် စင်ကာပူသမ္မတနိုင်ငံ သမ္မတနှင့် ဇနီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chua Hian Kong Robert လည်း တက်ရောက်သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ မကြာမီ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ  ဟိုင်နန်ကျွန်း ဘိုအောင်းမြို့တွင် ကျင်းပမည့် ၂၀၁၃ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုအောင်းဆွေးနွေးပွဲသို့လည်း တစ်ဆက်တည်း တက်ရောက်မည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် စင်ကာပူသမ္မတနိုင်ငံ သမ္မတ ဒေါက်တာတိုနီတန်ကင်ယမ်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စင်ကာပူသမ္မတနိုင်ငံ သမ္မတ ဒေါက်တာ တိုနီတန်ကင်ယမ်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ(၄)နာရီ်(၁၅)မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသိန်းညွှန့်၊ ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ စင်ကာပူသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဦးလွင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး စင်ကာပူသမ္မတနိုင်ငံသမ္မတ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး H. E. Mr. Chua Hian Kong Robert လည်း တက်ရောက်သည်။

ဆက်သွားချင်သေးတယ် ဆိုရင်