Pages

Wednesday, April 3, 2013

ဆီရီးယား ပြည်တွင်းပဋိပက္ခများကြောင့် ယခုနှစ်မတ်လတွင် လူအသေအပျောက် အများဆုံးဖြစ်

ဆီးရီးယားနိုင်ငံအတွင်း နှစ်နှစ်တာ ဖြစ်ပွားနေသော အကြမ်းဖက်မှုများ၌ ၂၀၁၃ ခုနှစ် မတ်လသေဆုံးမှုမှာ ယခင်လ သေဆုံးမှုများထက်ပင် များပြားခဲ့ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် မတ်လတွင် ဆီးရီးယားပြည်သူများ သေဆုံးမှု ပမာဏများခဲ့ပြီး မတ်လအတွင်း၌ ၆၀၀၅ ဦး သေဆုံးခဲ့သည်။ ယင်းသေဆုံးသူများအနက် ကလေး ၂၉၈ ဦး၊ အမျိုးသမီး ၂၉၁ ဦး၊ အစိုးရတပ်ဖွဲ့ဝင် ၁၄၆၄ ဦးနှင့် သူပုန် ၁၄၈၆ ဦးတို့ သေဆုံးခဲ့ကြောင်း ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့က စာရင်းထုတ်ပြန်ခဲ့သည်။ ဆီးရီးယားနိုင်ငံ၌ အစိုးရအဖွဲ့နှင့် သူပုန်တို့ တိုက်ခိုက်မှုကြောင့် နှစ်နှစ်အတွင်း လူပေါင်း ခုနစ်သောင်း သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့က စာရင်း ထုတ်ပြန်သည်။ သမ္မတ အာဆတ်သည် ဆန္ဒပြမှုများကို အပြင်းအထန် နှိပ်ကွပ်ခဲ့ပြီးနောက် ဆန္ဒပြသူများ စုပေါင်းကာ အစိုးရကို လက်နက်ကိုင် ဆန့်ကျင်လာသဖြင့် ပြည်တွင်းစစ် အဖြစ်သို့ ရောက်ရှိခဲ့ရသည်။

ရိုက်တာ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်