Pages

Wednesday, April 3, 2013

မြန်မာ့ တပ်မတော် (ရေ) မှ စစ်ရေယာဉ်တစ်စင်း မလေးရှားနိုင်ငံ လန်ကာဝီကျွန်းသို့ ချစ်ကြည်ရေး ခရီးသွားရောက် ခဲ့ရာမှ ပြန်လည်ရောက်ရှိ

 

 
မြန်မာ့ တပ်မတော်(ရေ)မှ စစ်ရေယာဉ် မဟာဗန္ဓုလသည် မလေးရှား နိုင်ငံရေတပ်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံ လန်ကာဝီကျွန်းတွင် ကျင်းပပြုလုပ်သည့် Langkawi International Maritime and Aerospace Exhibition 2013 (LIMA-2013) ပြပွဲသို့ တက်ရောက်ရန်အတွက် မတ် ၂၂ ရက် နံနက် ၁ဝ နာရီ မိနစ် ၄ဝ က အမှတ်(၃) ရေတပ်ဆိပ်ခံ တံတား (သီလဝါ)မှ ထွက်ခွာခဲ့ရာ ဧပြီ ၂ ရက် ညနေ ၄ နာရီ ၁ဝ မိနစ်တွင် ပြန်လည် ရောက်ရှိသည်။

စစ်ရေယာဉ် မဟာဗန္ဓုလအား ဧရာဝတီရေတပ် စခန်းဌာနချုပ် ဌာနချုပ်မှူး ဦးဆောင်သော တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစု များက  ကြိုဆိုနှုတ်ဆက်ကြသည်။

စစ်ရေယာဉ် မဟာဗန္ဓုလသည် မလေးရှားနိုင်ငံ   ရေပိုင်နက် အတွင်းသို့ မတ် ၂၄ ရက် ဒေသစံ တော်ချိန် နံနက် ၇ နာရီခွဲက စတင်ရောက်ရှိပြီး မလေးရှားနိုင်ငံ လန်ကာဝီကျွန်းသို့ ဒေသစံတော် ချိန် နံနက် ၉ နာရီခွဲ တွင် ရောက်ရှိသည်။

စစ်ရေယာဉ် မဟာဗန္ဓုလမှ စစ်ရေယာဉ်မှူးနှင့် အရာရှိများသည် မတ် ၂၆ ရက်တွင် လန်ကာဝီကျွန်း၊ Langkawi International Maritime and Aerospace Exhibition 2013(LIMA-2013) ပြပွဲ ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်သည်။

ထို့အပြင် စစ်ရေယာဉ်မှူးနှင့် အရာရှိ၊ စစ်သည်များသည် မတ် ၂၆ ရက်မှ  ၃ဝ ရက်အတွင်း Mahisuri International Exhibition Center(MIEC) ရှိ ရေကြောင်းဆိုင်ရာ ပြခန်းများသို့ သွားရောက်လေ့လာခြင်း၊ Porto Malai ကမ်းခြေတွင် ပြုလုပ်သော Maritime Demostrations သို့ သွားရောက် လေ့လာခြင်း၊ လန်ကာဝီကျွန်း Resort World Hotel တွင် ကျင်းပပြုလုပ်သည့် International Maritime Food Festival သို့တက်ရောက်၍ မြန်မာ့အစား အစာများဖြင့် ခင်းကျင်းပြသ ဧည့်ခံခြင်း နှင့် Kuah Town မြို့တွင် ကျင်းပပြုလုပ်သည့် Maritime Cultural Perfor- mace အခမ်းအနားသို့ တက်ရောက် ၍ မြန်မာ့ရိုးရာ အကများဖြင့် ဖျော်ဖြေခြင်းများ ပြုလုပ်ဆောင်ရွက် ခဲ့ကြသည်။

စစ်ရေယာဉ် မဟာဗန္ဓုလသည် မလေးရှားနိုင်ငံ လန်ကာဝီကျွန်းမှ မတ် ၃၁ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ပြန်လည် ထွက်ခွာလာရာ မြန်မာ့ရေပိုင်နက် အတွင်းသို့ ဧပြီ ၁ ရက် မြန်မာစံတော်ချိန် ၁ နာရီ မိနစ် ၅ဝ တွင် ပြန်လည်ဝင်ရောက်ခဲ့သည်။

စစ်ရေယာဉ် မဟာဗန္ဓုလ၏ ယခုသွား ရောက်သော ချစ်ကြည်ရေး ခရီးစဉ်သည် အသွား/အပြန် စုစုပေါင်း ရေမိုင် ၁၅ဝဝ ရှိကြောင်း သတင်းရရှိသည်။

MWD

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်