Pages

Saturday, March 30, 2013

အလိုလိုက်အမိုက်မဆော်ကားကြဖို့






၂၀၁၃ခုနှစ် မတ်လ ၁၇ရက်ထုတ်    မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၈  ၌ ပြည်သူလွှတ်ေ တာ် ဥက္ကဋ္ဌ သူရဦးရွှေမန်း    က ဒလမြိုနယ်မှဒေသခံများနှင့်တွေ့ဆုံ    စဉ် ““ဥပဒေနှင့်မညီညွတ်””သည့်မင်းမဲ့စ ရိုက်များ၊ အုပ်စုဖွဲ့အနိုင်ကျင့်မှုများ၊ဒီမိုက ရေစီအနိုင်ကျင့်မှုများကို လစ်လျူရ့လျှက် တိုင်းပြည်နစ်နာ မည်ဖြစ်ကြောင်းပြော ကြားခဲ့သည့် စကားမှာဒီကနေ့အချိန်အခါ   မှာ ““ပြည်သူများအားလုံးအနေနဲ့အထူး (အထူး)ဂရိုက်စိုက်အလေးအနက်ထားရ မည့်စကားဖြစ်ပါသည်။


မြန်မာမှုနယ်ပယ်တွင်ရှေးလူကြီးများ    က လူတွေကိုစကားပုံ များနဲ့ဆိုဆုံးမလမ်း  ညွှန်လမ်းခင်းပေခဲ့ ပါ သည်။““အလိုလိုက် အမိုက်စော်ကား””မျက်နှာသာပေးရွှေရေး  ပန်ကန်တက်သောစကားအတွက် ဆေး တစ်ပါးသဖွယ်ဖြစ်မည်ထင်ပါသည်။

အားလုံးသိကြပါသည်။ ယခင်ကနဲ့ စာလျှင် ယနေ့များစွာ(များစွာ)မှ လွတ်  လပ် စွာပြောရေး ဆိုခွင့်တွေ ရလာပါပြီ၊ လူ့ အခွင့်အရေးနှင့်ပတ်သက်လျှင်လည်း အတန်အသင့်ရလာနေပါပြီ။ဒီနေရာမှာ   လူ့ အခွင့်ရေး ဆိုသည်မှာလူသားတိုင်း၏     မွေးရာပါအခွင့်အရေးဆိုသည်ကို လူတိုင်း    မပြောဘဲသိပါသည်။ လူများစု အတွက် လူ့အခွင့်အရေးကသီးခြားအခွင့်ထူးခံဖို့ အဓိပ္ပာယ်ဖွင့်ဆိုထားသည့် မဟုတ် တာ   တော့ သေ ချာပါသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေ  မန်းက ““ဥပဒေနှင့်မညီညွတ်သည့်မင်းမဲ့ စရိုက်””များ အုပ်စုဖွဲ့ အနိုင်ကျင့်မှုများ ဒီ မိုကရေစီအနိုင်ကျင့်မှုများကို လစ်လျူရှု     ရန်မသင့်ကြောင်း၊ ငါ့ဆွေမျိုး၊ မိသား စု တွေ လုပ်တာဘဲ ခွင့်လွှတ်လိုက်၊ မျက်နှာ    လွှဲမသိကျိုး ကျွင်နေ လိုက်ပုံစံမျိုးမ လုပ် သင့်      တော့ပါ ဘူး။ ယုတ်စွ အဆုံးကိုယ့်မိဘက     လုပ်ရင်တောင် ခွင့်မလွှတ်သင့်ပါဘူး။ သင့်  သလိုအရေးယူရန်အချိန်တန်ပါပြီ။ မိမိကို   တန်ဖိုးထားဆည်းကပ်ပြီးရိုသေကိုင်းရှိုင်း    ဂါရ၀တရားရှေ့ထားပြီး တန်ဖိုးထားတာ  ကို”” အခွင့် အရေး မယူသင့်ပါ။အဲဒီအခွင့်  အရေးကိုလက်ထဲဆုပ်ကိုင်ပြီးတာဝန်ရှိ   အစိုးရ အဖွဲ့အစည်း နဲ့လူကြီးများ ကို အခက်   အခဲအကြပ်အတည်းဖြစ်အောင်မလုပ် သင့်ပါ။

လူတိုင်းနီးပါးသိကြပါလိမ့်မည်။ မြေ    ပေါ်၊မြေအောက်၊ရေပေါ်ရေအောင်၊လေ  ပေါ်လေအောက်အားလုံးသော ရေ၊လေ၊   မြေများကိုနိုင်ငံတော်ကပိုင်ပါတယ်။ပိုင် ရှင်ဟာနိုင်ငံတော်ပါ။အကျွန်ုပ်၊အသင် နေထိုင်ရာအိမ်မြေအောက်မှာ ရွှေသိုက်    နဲ့ရေနံတွင်းရှိခဲ့ရင် အသင်အကျွန်ုပ်အနေ နဲ့အိမ်နဲ့မြေကိုနိုင်ငံတော်ကိုပေးလိုက်ရပါ  လိမ့်မည်။ နိုင်ငံတော်က လူ့အခွင့်အရေး ကို လေးစားသောအားဖြင့်ရောငွေကြေး  သို့မဟုတ် နေရာအစားပြန်ပေးပါလိမ့် မယ်။ မပေးရင်လည်း ဘာမှမတတ်နိုင်ပါ။

လက်ပံတောင်းတောင်ကိစ္စမှာ ယခင်   ကရှိရင်းစွဲအတိုင်း တောင်ကိုပြန်လုပ်ပေး ရမ လိုပြောနေ သံကြား ရပါသည်။မျက်နှာ    သာပေးခံထားရသူအချို့က သူတို့နဲ့မဆိုင်   ဘဲ သူရဲကောင်းလုပ်ပြီး ဒီမိုကရေစီအနိုင်  ကျင့်မှု ပုံစံကဲ့သို့လုပ်လာကြတာဟာလုံးဝ   မဖြစ်သင့်ဟုထင်ပါသည်။မျက်နှာသာပေးသောကြောင့် ဒီ လိုေ တွ လုပ်ကြတာလား။ဒါမှမဟုတ်အလို လိုက်ပြီး အခွင့်အရေးပေးလို့အမိုက်စော်  ကားတဲ့ ပုံစံလုပ်ကြ တာ လား ။မေးခွန်းထုတ်       ရမလိုဖြစ်နေပါသည်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာပြဿနာ   ပေါ်ခဲ့ပါတယ်။ မြန်မာအစိုးရက ရိုဟင်ဂျာ    သည် တိုင်း ရင်းသား မဟုတ်ဟုဆိုသည်။      မြန်မာနိုင်ငံအနှံ့ရှိ အစ္စလာမ်ဘာသာကိုး  ကွယ်ကြသူများအားလုံး ရိုဟင်ဂျာမ ဟုတ်  ကြောင်း မဟုတ်   ကြတာတော့သေချာပါသည်။ အစ္စလာမ်   ဘာသာကိုးကွယ်ကြသူများတွင် တိုင်းရင်း သား အချို့ရှိပါသည်။ ထိုထ်္မင်းယောင်ထုံး နှင့် အစ်္စလာမ်ဘာသာဝင် မြန်မာနိုင်ငံ သား များ မြန် မာနိုင်ငံတွင်ရှိခဲ့ဖူးသည်ဟု  ကြားဖူးပါသည်။ အစ္စလာမ်ဘာသာကိုး  ကွယ်သော အာဇာနည် မစ်္စတာ ရာဇတ် နှင့်ရဲဘော်ထွေးသည်ကျဆုံးသွားခဲ့သော အာဇာနည်ခေါင်းဆောင်များ၌ပါဝင်ခဲ့သည်   ကို မြန် မာနိုင်ငံ သားများသိကြပါသည်။

လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထား  သော မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာ   ၀င်များသည် လူနည်း စုဖြစ်ပါသည်။ပြည်သူ    လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းပြောခဲ့ သလို ““ဥပဒေနှင့်မညီညွတ်သည့်မင်းမဲ့ စရိုက်အ သွင်ဆောင်ကာ အုပ်စုဖွဲ့အနိုင် ကျင့်ပြီး သာကေမြို့နယ်ရှိ အာရ်ဘီ စာသင်ကျောင်း ၀ိုင်းဖြို ခွဲသည်။ဥပဒေနှင့်  အညီ သက်ဆိုင်ရာကဆောင်ရွက်ပေးရန်     လုပ်ဆောင်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံကောင်း    ဖို့ ပြည်သူပြည်သားအများစု အေးအေး    ချမ်းချမ်းေ နနိုင်ကြစေ ဖို့အတွက် ပြည်သူ့  လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းပြောကြား     ခဲ့သော ““ဥပဒေမဲ့မင်းမဲ့ စရိုက်များ ကို ထိ ရောက်ဟန့်တားစွာ အရေးယူနိုင်ရန်  တည်ဆဲဥပဒေမရှိသေး””လျှင် အမြန်ဆုံး    ဥပဒေပြ ဋ္ဌာန်းပေး ကြပါ။““ထိုနည်းတူပင်   အုပ်စုဖွဲ့အနိုင်ကျင့်မှုများ”မပြုလုပ်ရဲအောင်၊   မလုပ်ဝံ့ေ အာင် တည်ဆဲ ဥပဒေမရှိက အမြန်   ဆုံးဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးပါရန် လွှတ် တော်များ ထံ ပြည်သူ တစ်ဦးအနေနဲ့တိုက် တွန်းအဆိုပြု အပ်ပါသည်။ဒီမိုကရေစီခေတ်   မှာ ““ဒီမိုကရေစီအနိုင်ကျင့်မှုမှာလွန်စွာ  ဆိုးဝါးသော ကိစ္စဖြစ်ပေသည်။ လုံးဝမပြု  သင့်သောကိစ္စရပ်ဖြစ်ပါသည်။ ယင်းသို့ အနိုင်ကျင့် မှုမပြုနိုင်ရန်အတွက် အမြန်ဆုံး  ဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးကြပါရန် ပြည် သူ့လွှတ်တော် ဥက္ကဋ္ဌ၏ မိန့် မှာပြောကြားခဲ့ သော စကားကို အလေး အနက်ထောက်ခံ ပါသည်။

ကမ္ဘာတ၀ှမ်းအေးချမ်းပြီး တရား  ဥပဒေစိုးမိုးသောနိုင်ငံတိုင်းတိုးတက်ကြ ပါသည်။ ကမ္ဘာအင် အား အကြီးဆုံးအမေ ရိကန်နိုင်ငံကိုကြည့်ပါ။ကမ္ဘာ့နိုင်ငံပေါင်း   စုံက မတူကွဲပြားခြားနား သူများစုစည်း ပြီး တူညီ လက်တွဲပြီးနေကြပါသည်။အစ္စလာမ်     ဘာသာဝင်အစွန်းရောက် အွစ်စမာ ဘင်  လာဒင်တို့က အမေရိကန် လူမျိုးများ ကို နည်းလမ်းအသွယ် သွယ်ဖြင့်သတ်ဖြတ် ချေမှုန်းပြီးဒုက္ခမျိုးစုံပေးသည်။ သို့သော်  အစ္စ လာမ် ဘာသာဝင်များကို အမေရိကန်     ဒုက္ခပြန်ပေးပြီး ဂလဲ့စားချေသတ်ဖြတ်  တာကိုမကြားဘူးသေး ပါ။ ဘာသာရေး    ဆိုင်ရာအဆောက်အအုံတွေကို ဖြိုချဖျက်  စီးတာတွေ အမေရိကန်နိုင်ငံမှာလုပ်ခဲ့ တာမကြား ဘူး ပါ။

မည်သည့် လူ့အသိုက်အ၀ိုင်းမဆို   ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း  ပြောကြားခဲ့သော ဥပဒေနှင့် မညီညွတ်     သည့် မင်းမဲ့စရိုက်များ မပြုလုပ်သင့်ပါ။လုံးဝ(လုံးဝ)မလုပ်ကြဖို့ဝိုင်းဝန်းဖျောင်းဖျ   တား စီးပေး ကြဖို့ လူတိုင်း၌တာဝန်ရှိပါ တယ်။ ““အုပ်စုဖွဲ့အနိုင်ကျင့်သော ကိစ္စ မျိုး မြန်မာနိုင်ငံတွင် မည် သည့် အချိန်အခါ   မှမရှိဖို့ မဖြစ်စေဖို့ လူတိုင်းလူတိုင်းအသိ စိတ်ဓာတ်ရှိရှိဖြင့်ဝိုင်းဝန်းပြီး စုစည်းကာ ကွယ်ေ ပး ကြဖို့တာဝန်ရှိပေသည်။ 

ဒီမိုက ရေစီအငမ်းမရလိုချင်ခဲ့ကြတဲ့ မြန်မာပြည်သူ    ပြည်သားများအနေနဲ့ ““ဒီမိုကရေစီ ဘန်း ပြပြီး၊ အာ ဏာ ပိုင်များကိုအကျပ်အတည်း   တွေ့အောင်လုပ်ကြတာ””တွေ ဒီမိုကရေစီ    အနိုင်ကျင့် မှုများ လုပ်ကြ တာတွေ ကို မလုပ်   ကြဖို့အထူးတလည်တိုက်တွန်းရေးသား   လိုက်ရပေသည်။

Hot News

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်