Pages

Saturday, March 30, 2013

အချိန်မှီထိန်းသိမ်းပြုပြင်သင့်ပြီဖြစ်သောမြန်မာ့ယဉ်ကျေးမှု



နံနက် စောစော(၄)နာရီခန့်တွင်   လမ်းလျှောက်ထွက်ရန်အိပ်ယာမှနိုးခဲ့ သည်။ ရောက်မိေ ရာက် ရာ တွေးတော နေစဉ် ဟိုးအတော်ဝေးဝေးမြို့ဆင်ခြေ ဖုန်း သစ်ကြီးဝါးကြီးများရှိရာအရပ်ဆီမှ   ဥသြ ငှက်လေးတစ်ကောင်၏ ချွဲချွဲနွဲ့နွဲ့ တွန်ကြူးလိုက်သော တိုးတိုးသဲ့သဲအသံ  လေးကို ကြားခဲ့ ရာ သြော်နွေ ရာသီ သို့   တခေါက်ရောက်ခဲ့ပြန်ပါပြီကောဟု ရေ   ရွတ်မိသည်။

ရောက်ရှိလာသော နွေဦးနှင့်အတူ    မြန်မာတို့၏ ယဉ်ကျေးမှုနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကြီးလည်းဆင်နွှဲရန် နီးခဲ့  ပါပြီကော။ဒီအတွေးနှင့်အတူ ငယ်စဉ်က    ပျော်မြူးဆင်နွှဲခဲ့ရသော သင်္ကြန်ပွဲများကို     စိတ်အတွေးတွင် အိပ်မက်ပမာအစီအရီ    ပေါ်ခဲ့ရပေသည်။

ငယ်စဉ်က သင်္ကြန်ပွဲမှာ သင်္ကြန်အ ကြိုနေ့သို့ရောက်ခဲ့လျှင် ရှိရှိသမျှ ရေပက်  ခံအသင်းကားများ ညနေ(၃)နာရီ ဈေး   ချိုနာရီစင်ခြေရင်းသို့ ရောက်ကြရလေ သည်။ ညနေ(၅)နာရီ (၆)နာရီအသင်း    ကား များစုံ ချိန်တွင် ဂျစ်ကားတစ်စင်း၏ ရှေ့ဘောနက်ပေါ်တွင် လှလှပပကန်တော့    ပွဲတစ်ပွဲတင်ပြီး မြို့မရေသ ဘင် အသင်းမှ  ဦးဆောင်၍ ၈၄လမ်းတလျှောက် တန်း စီပြီး မဟာမြတ်မုနိဘုရားကြီးသို့ ဦးတိုက် ရှိခိုးရန်ရောက်ကြရလေသည်။

မဟာမြတ်မုနိဘုရားကြီးကို ဦးတိုက်   ပြီးတာနှင့် အသင်းကားများမှာ အတီး   အမှုတ်နှ င့်ဖျော်ဖြေေ ရး သံချပ်သင်းများက သံချပ်တိုင်ပြီးဘုရားကြီးမှထွက်ခွာလာကြ  ပြီး မြို့တောင်ပိုင်းမှာရှိသည့် ရှမ်းပွဲရပ်မှ  (ဟော်နန်းသူဇာ)ချမ်းမြသာစည်မြောက်  ရပ်မှ(ချမ်းမြပျိုဖြူ)အသင်းမှစပြီး အစဉ်   အတိုင်း တီးမှုတ် ဖျော်ဖြေ ကြရသည်။

နေ့ပိုင်းဖျော်ဖြေမှုတွေမှာဆိုရင်လည်း     မိန်းကလေးရေပက်အသင်းများသို့ရောက်     လာကြေ သာ ယော က်ျားေ လး ရေပက်ခံ      အသင်းများအား ကပြဖျော်ဖြေ။အဲသည်  လို ဖျော်ဖြေကြချိန်မှာလည်း မိန်းကေ လး    အသင်းများဟာ လမ်းပေါ်မှာဆင်းပြီး ယောက်ျားလေးအသင်းကားများကို လှည့်ပတ်ပြီး ကပြေ ဖျာ်ဖြေ ကြရတာပါ။ 

 ““ချိုပြုံးရွှင် ချောနှမပျိုငယ်၊တကိုယ်လုံး   ပင်ချောလှပိုတယ်၊မြို့မနှင့်တမိတည်း ဖွားသလို ဆိုတော့မယ် ကွယ်၊အမောက်  ကလေးတသသနဲ့၊မြှောက်လို့ပြောတာ  မဟုတ်ဘူးကွယ်၊ယဉ်တစစ နဲ့မြင်လိုက် ရ  တာ အ၀တ်အစားမှာလည်း အလွန်တင့် တယ်။

တင့်တယ်မှာပေါ့ဗျာ။ရေပက်အသင်း  များ ၀တ်ဆင်ရတာက အင်္ကျီလက်ရှည်၊     ထမီကိုလဲခြေမျက်စေ့ဖုံး ၀တ်ဆင်ကြရ တာဆိုတော့ အ၀တ်အစားမှာလည်း အလွန်တင့်တယ်ရတော့တာပေါ့။ မောင် ရင်းနှမပမာ ယဉ်ကျေးမှုပျော်ရွှင်စွာ ကပြဖျော်ဖြေကြရလို့ အင်မတန်မှပျော်  ရွှင်ကြည်နူးကြရတာပါ။ဒါက ငယ်စဉ်က  မန်း သင်္ကြန်ပါ။

ယခုခေတ်သင်္ကြန်အဆင်အပြင်များ  ကတော့ လေးငါးပေခန့်မြင့်သည့် စင်မြင့်  ကိုရှေ့မှာသံဆူးကြိုး များကာထားရပြီး  စင်ပေါ်မှ ရေပက်သူ မိန်းမငယ်များက  လည်း၊ဒူးပေါ်၊ပေါင်ပေါ် ရင်သားတွေ မလုံ့တလုံ့နှင့်မမြင်အပ်သည့် အရာတွေ  ကို ဖော်ပြပြီး အန္တရာယ်ကိုဖိတ်ခေါ်သလို   ရေပက်ကစားကြတာပါ။

ပန်းပွင့်များက အနံ့ပေးပြီးခေါ်မှ ၀တ်ရည်စုတ်ယူဖို့ ပျားပိတုန်းများလာကြ  ရသလို၊ယခုခေတ်ရပက်ကစားသူ မိန်း ကလေးများဟာလည်း မလုံ့တလုံ့ဝတ်ပြီး   မိမိရဲ့အန္တရာယ်ကို ဖိတ်ခေါ်ပြီးရေကစား   ကြတာလို့မြင်မိပါသည်။

ကျွန်တော် စဉ်းစားမိတာက ယခု ခေတ်မှာသာ ဆရာမြို့မငြိမ်း ရှိသေးရင်   အ၀တ်အစားမှာလည်း အလွန်တင့်တယ်   ဆိုတဲ့ စာသားနေရာမှာ(အ၀တ်အစား ဟာလဲ အလွန်မတင့်တယ်)လို့များပြင် လေမလား။
ယခုခေတ် လူငယ်တွေ တနေ့တခြား     ရိုင်းလာကြခြင်းသည် စာပေများနှင့် ကင်း ကွာလာကြ၍ ဟုမြင်မိ ပါသည်။ အထူးသ ဖြင့် ဗုဒ္ဓစာပေတွေနှင့်ကင်းကွာလာကြ၍  ရိုင်းပြလာကြသည်ဟု ထင်မိပါသည်။ ငယ်စဉ်ကတော့ ၃၈ဖြာ မင်္ဂလာတို့၊လော    ကနီတိတို့ဆိုသည့် ဗုဒ္ဓစာပေ မူလတန်း ကျောင်းသင် စာတွေထဲ မှာကတည်းက သင်ခဲ့ကြရတာမဟုတ်လား။ဒါကြောင့်မို့ လဲ အဲဒီခေတ်လူငယ်များသည် ယဉ်ကျေး  လိမ္မာကြ၍ဟု ထင်မိပါသည်။

ယခုခေတ်လူငယ်များမှာတော့ ဗုဒ္ဓ စာပေများနှင့်ကင်းကွာလာကြသည့် အတွက် တစ်နေ့တစ်ခြား ရိုင်းပြလာကြပြီး     မိဘစကားကိုလည်း နားမထောင်၊လူကြီး  သူမတို့၏ ဆုံးမသွန်သင်မှုကို လဲပစ်ပယ်  လာကြတဲ့အတွက် တစ်နေ့တစ်ခြားရိုင်းပြ လာကြသည်။

လူငယ်များရိုင်းစိုင်းလာကြသည်ကို   နေ့စဉ်သတင်းစာများထဲမှာ မိဘကသား/  သမီးတွေကို အမွေပြ တ် ကြော်ငြာတွေ ကိုကြည့်ရင်သိနိုင်သည်။တောင်းဆိုး၊ပလုံး  ဆိုကိုသာပစ်ရိုးရှိသည်။ သားဆိုး/သမီးဆိုး  ပစ် ရိုးမရှိဆိုသည့်မြန်မာစကားအရ ယခု ခေတ်လူငယ်များသည် တောင်းဆိုးပလုံး   ဆိုးလောက်တောင် တန်ဖိုးမရှိအောင် ရိုင်း ပြလာကြပြီလား။

ဆရာတော်သံဃာတော်များကလည်း    တတ်နိုင်သည့်ဘက်မှယဉ်ကျေးလိမ္မာ သင်တန်းများပို့ချပေးနေ ကြေ သာ် လည်း တစ်ပြည်လုံးအတိုင်းအတာနှင့်ကြတော့    အင်မတန်မှ နည်းနေသည် ရာခိုင်နှုန်းမျှ  သာ ရှိပါသေးသည်။

ယခုခေတ်လူငယ်များ စည်ကားနေ    သည့်နေရာများကတော့ ဘီယာဆိုင်များ  တွင်သာ ဖြစ်နေပါသည်။ မစည်ကားအပ်   သည့်အရပ်ဆိုသည့်နေရာ တွင်ဘီယာဆိုင် တွေကိုတောင် ထည့်ရမလိုဖြစ်နေ ပါပြီ။ ကျွန်တော် တို့ ခေတ်ကတော့ မိန်း ကလေးတစ်ယောက်၏ ခြေသ လုံး သား မြင်ရ ဖို့တောင် မလွယ်ရာယခုခေတ်မှာတော့    မိန်းမငယ်လေးများ သည် ပေါင်ရင်း အထိ တောင် ဖော်နေ ကြ ပါပြီ။အဲဒီလိုဖော်နိုင်  သူမှလည်း ခေတ်မှီတယ်ထင်နေကြပါ သည်။ ကျွန်တော်တို့ ငယ်စဉ် ကတော့ မိန်း ကလေးများသည် ဟီရိ မလုံမခြုံဝတ်   ရမှာကို ရှက်ခြင်း၊သြတ္တပ္ပ ရိုင်းရိုင်း စိုင်းစိုင်း    ပြော ရမှာ ကိုကြောက်ခြင်းဟူသော လော ကပါလ တရားနှစ်ပါးကို လက်ကိုင်ထား  ပြီး ကျင့်သုံးနေထိုင်ခဲ့ကြတာပါ။

ယခုခေတ်လူငယ်များသည် လောက   စာပေတွေ၊ဗုဒ္ဓစာပေတွေ၊မိဘဆရာသမား  နှင့် လူကြီး သူ မတွေ ဘယ်လိုပင် ဆုံးမညွှန်  ပြထားသော်လည်း အဓိက အချက်က တော့ ဘယ်သူမပြုမိမိမှုဆိုသလို ကာယကံ  ရှင်ခေတ်လူငယ်တိုင်းသည် မိမိတို့၏ ဘာသာရေး၊ယဉ်ကျေးမှုနှင့်ဆန့်ကျင်သော    အပြုအမူ အပြောအဆို၊ အ၀တ်အစား၊ အနေအထိုင်များအတွက် မိမိကိုယ်တိုင် အတွက်လည်း သိက္ခာမရှိ၊မိမိဘာသာနှင့် လူမျိုးမှာလည်း အရှက်ရ၍ မိမိနေထိုင် ကြီးပြင်းရာ အမိနိုင်ငံကိုလည်း ကမ္ဘာ့  အလည်မှာ မျက်နှာ ငယ်အောက်တန်းကျ  ရမည့်ကိစ္စများကို ခေတ်လူငယ်တိုင်း အသိတရားနှင့်သ တိထားနေ ထိုင်တတ်ကြ ရန် မြန်မာတို့ရဲ့ယဉ်ကျေးမှုဓလေ့စရိုက်  များကို ထိန်းသိမ်းတတ်ကြစေရန် သတိ ပေးရေးသားရပါသည်။

Hot News

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်