Pages

Saturday, April 20, 2013

နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြား တပ်ဖွဲ့ကိုမှ တပ်ချခွင့်မပြု

ထိုစကားလုံးကို စတင်ကြားဖူးခဲ့သည့် ကာလသည်ကား ၁၉၉၅ ခုနှစ် အမျိုးသား ညီလာခံကြီး ကျင်း ပနေ သည် ဆိုသည့်ကာလ။ ထိုကာလ၏ မတိုင်ခင် အရှေ့ပိုင်း တွင် ၈၈ အရေးအခင်း၊ အမေရိကန် စစ်သဘောင်္ များ မြန်မာ့ ရေပိုင်နက်ထဲ တရားမ၀င် ရောက်ရှိနေသည့် အခြေအနေ။ မြန်မာ့ ပြည်တွင်းရေးတွင် နိုင်ငံခြား တိုင်းပြည် များမှ အပြိုင်အဆိုင် ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားနေသည့် အခြေအနေ ဖြစ်သည်။

တစ်နိုင်ငံလုံး ဆူပူမှုဖြစ်ပွားခဲ့သည့် ၈ လေးလုံး အရေးအခင်းပြီးနောက် စင်ပေါ်ရောက်လာသူ ကတော့ ဗိုလ် ချုပ် အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ပင် ။ ၈ လေးလုံး ဆူပူမှုကြောင့် တပ်မတော်က အာ ဏာ သိမ်းသည်။ ဆူပူမှုများဖြင့် ဆက်စပ်သူ၊ အကြမ်းဖက် လက်နက်ကိုင် တပ်ဖွဲ့များ ခိုအောင်း အခြေ ပု ရာ စံအိမ်ကြီး၏ အိမ်ရှင်ဖြစ်သူ ဒေါ်အောင်ဆန်း စုကြည် အကျယ်ချုပ် ကျသည်။ သို့သော် အမျိုး သား ပြန် လည် သင့်မြတ် ရေး အကောင်အထည် ဖော်ရာတွင်တော့ သူမကို ဖိတ်ခေါ်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ၀င်ပြိုင်ရန် ကြိုးစား ခဲ့သော်လည်း ယှဉ်ပြိုင်အရွေးခံသူ တိုင်းရင်းသား ဦးလဘန်ဂရောင်က ရွေးကောက်ပွဲ ဥပဒေနှင့် ငြိ စွန်းကြောင်း ကန့်ကွက်သဖြင့် ၀င်ပြိုင်ခွင့်မရခဲ့။ ဤတွင်တော့ အနောက်နိုင်ငံများ၏ အပြည့်အ၀ ထောက်ခံ အားပေး မှုမှာ အစိုးရနှင့် ပြင်ပမှ တိုက်ခိုက်မည့်သူ၊ ဂုဏ်ပုဒ်အထပ်ထပ် ဖြည့်ဆည်းပေးနိုင်သူ တစ်ယောက် အဖြစ် သူမကို ရွေးချယ်လိုက်ကြသည်။

၁၉၉၃ ခုနှစ်တွင် အမျိုးသားညီလာခံကြီး ကျင်းပသည်။ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ပါတီ ကိုယ်စား လှယ် ကြီးများ စုံလင်စွာ တက်ရောက်ကြသည်။ သံသယရှိသည့် အဖွဲ့အစည်းများကပင် လေ့လာသူ အဖြစ် တက် ရောက်ခဲ့သည်။ ထို ညီလာခံကြီးမှ အခြေခံမူများ ချမှတ်ခဲ့ရာတွင်တော့ အထက်ဖော်ပြပါ နိုင်ငံတော် အတွင်း မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့် မပြု ဆိုသည့် အခြေခံမူ တစ်ချက်ပါဝင်ခဲ့သည်။

ထိုမူကို မြန်မာတိုင်းရင်းသားများ အနေဖြင့် လက်မခံနိုင်စရာ မရှိ။ သို့သော် ပြည်တွင်းနိုင်ငံရေး ပါတီတစ် ခုနှင့် လူတစ်ဦး အပေါ် အပြည့်အ၀ ထောက်ပံ့ပေးထားပြီး တပ်များ နေရာချရန်၊ မရိန်းတပ်ဖွဲ့များ စေလွှတ် ရန် စီစဉ် ထားသည့် အမေရိကန်နိုင်ငံအတွက်မူ အလွန်အထိနာစေသော မူတစ်ချက် ဖြစ်ခဲ့သည်။ ကုလ သ မဂ္ဂ ကို တံဆိပ် ကပ်၍ အမေရိကန်သံအမတ်ကြီး မယ်ဒလင်းအော် ဘရိုက် မြန်မာနိုင်ငံသို့ ရောက်လာ သည်။ ဒေါ်အောင်ဆန်း စုကြည်နှင့် တိုင်ပင်သည်။ ၄င်း ပြန်ပြီး မကြာမီတွင်တော့ အန်အယ်လ်ဒီ ကိုယ် စားလှယ် အားလုံး အမျိုးသား ညီ လာခံကြီးမှ နှုတ်ထွက်ရန် စေခိုင်းခြင်း ခံရလေတော့သည်။ ထိုအပြုအမူ ထို လုပ်ဆောင်ချက်သည် မြန်မာ နိုင်ငံ ကြီးအား နှစ်ပေါင်းများစွာ ထပ်မံနောက်ကျသွားစေခဲ့သည့် မေ့မ ရသော အဖြစ်အပျက် တစ်ခု ဖြစ်ခဲ့လေသည်။

တပ်မတော်ဟူသည် မည်သည့်အစိုးရ တက်တက် တပ်မတော် အဖြစ်သာ ရှိနေမည် ဖြစ်သည်။ အစိုးရ အ ဆက် ဆက် ပြောင်းလဲခြင်းကိုလည်း ကြုံဆုံခဲ့ရပြီးပြီ ဖြစ်သည်။ ယနေ့အချိန်တွင်တော့ နိုင်ငံတော်အတွင်း မည် သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့် မပြုသည့် မြန်မာနိုင်ငံအတွက် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ သည့် အင်အား တစ်သန်းရှိသော တပ်မတော်ကြီး လိုအပ်နေပြီ ဖြစ်သည်။ မကျေနပ်နိုင်စရာ အတိတ်ေ ဟာင်း မှ ပုဂ္ဂိုလ်များ လည်း တပ်မတော် အတွင်း မရှိကြ။ ပြည်တွင်း တည်ငြိမ်အေးချမ်းရေးမှုကို ဆောင်ရွက် ရာမှ အာဆီယံ ဒေသ တွင်း ဦးဆောင်နိုင်သည့် အခန်းကဏ္ဍ တစ်ရပ်တွင် မြန်မာ့တပ်မတော် ပါဝင် လာနိုင်ရေး နိုင်ငံသား အားလုံးတွင် တာဝန် ရှိလာပြီ ဖြစ်သည်။

သင်သည် မြန်မာဆိုသည့် နိုင်ငံကို ချစ်ပါသလား။ အတိတ်ဟောင်းမှ ပုဂ္ဂိုလ်များ မရှိတော့သည့် မြန်မာ့ တပ်မတော် ထဲကို ၀င်ပြီး အင်အားတိုးအောင် ဆောင်ရွက်ပါ။

သင်သည် ဗိုလ်ချုပ်အောင်ဆန်း စကားကို နားထောင်ပါသလား။ လူငယ်လူရွယ် တစ်ယောက်ဖြစ်သည့် သင့် အတွက် အင်အားတစ်သန်းပြည့်မှီဖို့ လိုအပ်သော တပ်မတော်တွင် သင့်အတွက် နေရာ ရှိပါသည်။

သင်သည် ဒီမိုကရေစီကို နှစ်ခြိုက်သူ ဖြစ်ပါသလား။ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တပ်တွင်း ဒီမိုကရေစီ စနစ်ကို လာရောက် ဖော်ဆောင်ဖို့ တပ်မတော်က ကြိုဆိုနေပါသည်။

သင်သည် ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်လိုပါသလား။ တပ်တွင်းသို့ ၀င်၍ ကိုယ်တိုင် အားထုတ်မှုများ ဖြင့် ဆောင်ရွက်ပါ။

နိုင်ငံတကာမှ နိုင်ငံသားတိုင်းသည် မိမိတို့ နိုင်ငံ၏ တပ်မတော်တွင် စစ်မှုထမ်းဖူးကြသည်။ မည်သည့် နိုင်ငံခြား တပ်မှ ခြေချခွင့် မရှိသည့် မြန်မာနိုင်ငံ၏ တပ်မတော်တွင် စစ်မှုထမ်းခြင်းဖြင့် သင်၏ အတွေးများ ကို ပြုပြင်ပါ။

အထက်ပါ အချက်များကို လက်မခံနိုင်ဆိုပါက မည်သည့်အချက်ကို လက်မခံနိုင် ဖြစ်သည်ကို မှတ်ချက်ပြု ပါ။ သို့သော် ကိုယ်တိုင် ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခွင့် ရှိပါလျှက် ဘေးထိုင်ဘုပြောခြင်းများ ဆက်လုပ်နေ ပါက သင် မကောင်းလျှင် ကျွန်ုပ်ဆိုးပါလိမ့်မည်။



No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်