Pages

Saturday, February 16, 2013

ကမ္ဘာ့ အကြီးဆုံး အွန်လိုင်း လူမှု ဆက်ဆံရေး ကွန်ယက် ဖြစ်သည့် Facebook အဟက်ခံရ သို့သော် User များ၏ အချက် အလက်များ ပါမသွားခဲ့

ကမ္ဘာ့အကြီးဆုံး အွန်လိုင်း လူမှု ဆက်ဆံရေး ကွန်ယက်ဖြစ်သည့် ဖေ့ဘွစ်အား ဟက်ကာများက ထိုးဖောက် ၀င်ရောက် ခဲ့သော်လည်း user များ၏ သတင်း အချက်အလက်များ ရယူ သွားနိုင်ခြင်းမရှိခဲ့ဟု ဖေ့ဘွစ် လုံခြုံရေး အဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။

“ကျနော်တို့ရဲ့ကိုယ်ပိုင် အင်ဂျင်နီယာ အဖွဲ့ တခြား ကုမ္ပဏီ တွေက လုံခြုံရေး အဖွဲ့တွေနဲ့ အာ ဏာပိုင်တွေနဲ့ အတူ ပူးပေါင်းပြီးတော့ လုပ်ဆောင်နေ ပါတယ်။ဒီတိုက်ခိုက်မှု အကြောင်းကို လေ့လာ စုံ စမ်းပြီး အလားတူ တိုက်ခိုက်နိုင်တာ တွေကို ဘယ်လို တားဆီးမလဲဆို တာ လေ့လာေ နပါ တယ်” ဟု ဖေ့ ဘွစ်၏ ဘလော့ခ်ပေါ် တွင် ရေးသားထားသည်။

ပြီးခဲ့သည့်ဇန်န၀ါရီလအတွင်းကထိုးဖောက်ခြင်းခံခဲ့ရခြင်းဖြစ်သည်။ယင်းတိုက်ခိုက်မှုအရ အလွန်ရှုပ်ထွေး သိ မ့်ေ မွ့သော တိုက်ခိုက်မှု ဖြစ်ကာ အခြား ကုမ္ပဏီများ လည်း ဖောက်ထွင်း ခံခဲ့ရကြောင်း ဖေ့ဘွစ်က ဆို သည်။ အဆိုပါ သတင်း သည် ရင်းနှီး မြုပ်နှံသူများ ကို တုန်လှုပ် ခြောက်ခြားစေခဲ့ပြီး ဤသတင်း ထုတ်ပြန် ကြေညာသည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဖေ့ဘွစ်၏ ရှယ်ယာ တန်ဖိုးသည် ၁၀ဆင့် ကျဆင်းလာပြီး ဆက်လက် ကျဆင်းဖွယ်ရှိ သည်ဟု သိရသည်။

ဇန်န၀ါရီလ အတွင်းက အမေရိကန် နိုင်ငံမှ နယူးယောက် တိုင်းမ် သတင်းစာနှင့် ဝေါလ်စထရိ ဂျာနယ် တို့ကလည်း တရုတ် ဟက်ကာများ ၏ တိုက်ခိုက်မှု ခံခဲ့ရကြောင်း ထုတ်ပြန်ခဲ့ကြသည်။

ပေါ်ပြူလာဂျာနယ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်