Pages

Saturday, February 16, 2013

ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီအဖွဲ့ဝင်အချို့ လက်နက်ချအလင်းဝင်

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီး မဏ္ဍိုင်မြို့နယ်ခွဲ လေညာကျေးရွာရှိ မြန်မာအစိုးရ နယ်မြေခံ တပ် ရ င်းသို့ ဟံသာဝတီ ပြန်လည်ထူထောင်ရေး ပါတီအဖွဲ့ဝင် ၁၀ ယောက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က လက် နက်ချ အလင်းဝင်ရောက်ခဲ့သည်။

ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီအဖွဲ့ဝင်အချို့ လက်နက်ချအလင်းဝင်ခဲ့ပုံ(မြဝတီ)

ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီအဖွဲ့ဝင်အချို့ လက်နက်ချအလင်းဝင်ခဲ့ပုံ(မြဝတီ)

၎င်းတို့အလင်းဝင်ခဲ့စဉ် လက်နက်မျိုးစုံ ၁၂ လက်၊ ခဲယမ်း မျိုးစုံ ၁၂ဝ၇ တောင့်၊ ကျည်အိမ် မျိုးစုံ ၂၂ ခုပါ ရှိခဲ့ရာ အမ် ၃၂ ပစ္စတို တစ်လက်၊ ပွိုင့် ၃ဝ ကာဘိုင်နှစ်လက်၊ အမ် ၁၆ နှစ်လက်၊ အိပ်ခ်ျေ က နှစ်လက်၊ အေကေ ၄၇ တစ်လက်၊ ပွိုင့် ၂၂ တစ်လက်၊ ပြောင်းချော သေနတ်ကြီး တစ်လက်၊ ၄ဝ မမ ဗုံး ပစ် လောင်ချာ တစ်လက်၊ လုပ်သေနတ်တို တစ်လက်၊ ဆက်စပ် ပစ္စည်းများနှင့် အတူ လက်နက်ချ အလင်း ဝင်ရောက် ခဲ့သည်ဟု မြဝတီသတင်းစာ ဖော်ပြချက်အရသိရသည်။


ဟံသာဝတီ ပြန်လည်ထူထောင်ရေး ပါတီဥက္ကဌ နိုင်ပန်းညွန့်နှင့် နီးစပ်သူတစ်ဦးက “သူတို့ဘယ် လို လက်နက်ချပြီး အလင်းဝင်သွားသလဲဆိုတာ ကျနော်တို့လည်း အတိအကျမပြောနိုင်ဘူး၊ သူတို့က ဗိုလ်မှူး ပန်ညွန့်ရဲ့ လက်အောက်ခံတွေပဲ၊ အခုလည်းဗိုလ်မှူးပန်ညွန့်ရဲ့ တံဆိတ်နဲ့ပဲဝင်သွားတယ်” ဟု ပြောသည်။

၎င်းတပ်ဖွဲ့ဝင်များ လက်နက်ချသည့်နေ့ရက်၌ ဥက္ကဌနိုင်ပန်းညွန့်သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက် ရှိနေပြီး ကြားခံလူများမှတဆင့် မြဝတီရှိမြန်မာအာဏာပိုင်များနှင့် လျှို့ဝှက်ဆွေးနွေးနေသည့် အချိန်နှင့် တိုက်ဆိုင်နေသည်ဟုလည်း အမည်မဖေါ်လိုသူ မွန်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

ဟံသာဝတီ ပြန်လည်ထူထောင်ရေး ပါတီအမည်ဖြင့်ဗိုလ်မှူးအဆင့်ရှိ နိုင်ညိုနှင့် အချန်းတို့သည် ၄င်းတို့ လက်နက်မချမီ တစ်ရက်စော၍ ဘုတ်ပြင်းမြို့နယ်၊ လေညာကျေးရွာ နယ်မြေခံတပ်ရင်းတွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့သည်ဟုလည်း မြဝတီသတင်းတွင် ဖေါ်ပြထားသည်။

ထို့နောက်ကျန်ရှိနေသောအဖွဲ့ဝင်များအား ဆက်လက်ဆက်သွယ်ခဲ့ရာ ဗိုလ်မှူးအဆင့်ရှိ စိုးမြင့်ခေါင်းေ ဆာင်ေ သာ အဖွဲ့ဝင်ရှစ်ဦးတို့သည် ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၄ နာရီခွဲ ခန့်တွင် လက်နက်ချ အလင်းဝင် ခဲ့ခြင်း ဖြစ်သည်။

“နိုင်စိုးမြင့်အဖွဲ့ နဲ့နိုင်ပိန်တို့နှစ်ဖွဲ့ပေါင်းပြီး အလင်းဝင်သွားတယ်လို့ ကြားသိရတယ်၊ ကျန်တဲ့အဖွဲ့ဝင်တွေ ကတော့ ဘယ်လိုခရီးဆက်သွားမလဲဆိုတာ စောင့်ကြည့်နေတုန်းပဲ” ဟု အထက်ပါ နိုင်ပန်းညွန့်နှင့် နီးစပ်သူတစ်ဦးက ဆက်ပြောသည်။

နိုင်ပန်းညွန့်သည် မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်ခဲ့ဘူးပြီး မွန်အမျိုးသား လွတ်မြောက်ေ ရး တပ်မတော် MNLA ၌ ဗိုလ်မှူးကြီးအဆင့် ဗျူဟာမှူး အဖြစ် ရေးချောင်းဖျားဒေသတွင် တာ ဝန် ထမ်းဆောင် စဉ် ၂၀ဝ၁ ခုနှစ်ခန့်တွင် မွန်ပြည်သစ်ပါတီမှ ခွဲထွက်၍ ဟံသာဝတီ ပြန်လည် ထူေ ထာင်ေ ရး ပါတီကို တည်ထောင်ကာ ထိုင်းနယ်စပ်နှင့် ထိစပ်လျှက်ရှိသော တနင်္သာရီတိုင်း၌ လှုပ်ရှား လျှက် ရှိ သည်။

မွန်သတင်းအေဂျင်စီ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်