Pages

Saturday, February 16, 2013

ဌာနပိုင်တက္ကစီတွေ မောင်းသူကို သိန်း ၃၀ နဲ့လွှဲပြောင်း ရောင်းချပေးနေပြီ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် တက္ကစီ အငှားယာဉ်များကို ယာဉ်မောင်းတွေထံ ကျပ်သိန်း ၃၀ နဲ့ နေ့ချင်းပြီး လွှဲပြောင်းရောင်းချပေးနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အငှားယာဉ်လုပ်ငန်းဌာနက သိရပါတယ်။ ၁၉၉၅-၁၉၉၆ ခုနှစ်တုန်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းကနေ ငှားရမ်းထားတဲ့ အငှားတက္ကစီ အစီး ၂၀၀ ကျော် ရှိပါတယ်။ အခုချိန်မှာ လွှဲပြောင်းရယူဖို့ အငှားယာဉ် လုပ်ငန်းဌာနမှာ ဌားရမ်းထားသူ (မူလအမည်ပေါက်) ကိုယ်ပိုင်လျှောက်လွှာ တင်ရမှာဖြစ်ပါတယ် ငှားရမ်းထားသူရဲ့ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်တွေ လိုအပ်ပါတယ်။ ဌာနမှာ စပေါ်ငွေ ကျပ်ရှစ်သိန်း သွင်းပြီးသားဖြစ်လို့ ကျန်ကျပ် ၂၂ သိန်းကို မြန်မာနိုင်ငံသားများဘဏ်မှာ ငွေသွင်းပြီး ချလန်ယူရမှာပါ။ ငွေသွင်းထားတဲ့ ချလန်ကို အငှားယာဉ်လုပ်ငန်း ဌာနကို အပ်လိုက်တာနဲ့ မော်တော်ယာဉ် အရောင်းစာချုပ် ချုပ်ပြီး အငှားယာဉ်မောင်းထံ အပြီးအပိုင် လွှဲပြောင်းပေးလိုက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လွှဲပြောင်းပေးတဲ့ အငှားယာဉ်တွေကို ပိုင်ရှင်တွေအနေနဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှာ မိမိအမည်ပေါက် ပြောင်းနိုင်တယ်လို့ ဆိုတယ်။ အမည်ပေါက် ပြောင်းရာတွင် အခက်အခဲရှိရင် အငှားယာဉ်လုပ်ငန်းဌာနက လိုက်လံကူညီပေးမယ်လို့ တာဝန်ခံအရာရှိ ဦးတင်အေးက ပြောပါတယ်။ လွှဲပြောင်းပေးတဲ့ ကာလကို မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး လုပ်ပေးမှာ ဖြစ်ပါတယ်။ မတ်လ ၃၁ ရက်နေ့အထိ ငွေလာမသွင်းတဲ့ အငှားယာဉ်တွေက ဌာနသို့ ပြန်လည်အပ်နှံရမှာ ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်