Pages

Saturday, February 16, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ချင်းပြည်နယ် ခရီးစဉ် စတင်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတချို့ဟာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ကို လေကြောင်းခရီးနဲ့ ဒီနေ့နေ့လည်မှာ ရောက်ရှိသွားတယ်လို့ သိရပါတယ်။ သမ္မတနဲ့ အစိုးရ အဖွဲ့ဝင်ေ တွ ဟာ ချင်းပြည်နယ်ခရီးစဉ်အဖြစ် ရောက်ရှိသွားတာဖြစ်ပြီး ကလေးမြို့ကို တထောက်ဝင်နားပြီး မနက်ဖြန်မှာ ချင်းပြည်နယ် ဖက်ကို ခရီးဆက်မယ်လို့ သမ္မတနဲ့အတူ လိုက်ပါသွားတဲ့ စစ်ကိုင်းတိုင်း ချင်းရေးရာ ၀န်ကြီးလည်းဖြစ်၊ ချင်းတိုးတက်ရေးပါတီ ဥက္ကဌ လည်းဖြစ်တဲ့ ပူးနိုးထန်ကပ်က RFA ကိုပြောပါတယ်။

“နိုင်ငံတော်သမ္မတအနေနဲ့ ပြည်နယ်တခုသွားဖို့အစီစဉ်ရှိတာ အတော်ကြာပြီထင်တယ်၊ ကိုယ့်ပြည် နယ်တ ခု နယ်လှည့် ခရီးစဉ်လို့ပြောလို့ရမှာပါ၊ ချင်းပြည်နယ် ခရီးစဉ် ဒီမှာရပ်တာပေါ့ ဒီမှာ နားတာေ ပါ့’ ’ နိုင်ငံတော်သမ္မတကြီးနဲ့အတူ ကာကွယ်ရေးစစ်ဦးစီးချူပ် ဒုတိယ ဗိုလ်ချူပ်မှူးကြီး မင်းအောင် လှိုင် အပါအ၀င် ပြည်ထဲရေး၊ ကျန်းမာရေး၊ ပညာရေး၊ သိပံ္ပနှင့် နည်းပညာ၊ သစ်တောဝန်ကြီးတွေနဲ့ သက် ဆိုင် ရာတာဝန်ရှိသူတွေ ပါဝင်ကြတယ်လို့ ပူးနိုးထန်ကပ်က ပြောပါတယ်။

နိုင်ငံတော်သမ္မတနဲ့အဖွဲ့ဟာ ဒီနေ့နေ့လည်ပိုင်းမှာ ကလေးတက္ကသိုလ်နဲ့ ကလေးပြည်သူ့ဆေးရုံကြီးတို့ကို ကြည့်ရှု့စစ်ဆေးခဲ့ပြီးနောက် ကလေးမြို့ တမူးလမ်းပေါ်ရှိ ကျီကုန်းဘုရား(ရေဆန်ကျွန်း)ကို သွားရောက် ခဲ့ပြီး ညနေပိုင်းမှာတော့ ကလေးမြို့ ဒေသကွပ်ကဲရေးစစ်ဌာနချူပ် (ဒကစ) ၀င်းအ တွင်း ရှိ အောင်ေ ဇ ယျခန်းမမှာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ မြို့နယ်အုပ်ချူပ်ရေးမှူးတွေ နဲ့ တွေ့ ဆုံခဲ့တယ်လို့ သိရပါတယ်။

မနက်ဖြန်မနက်မှာ သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ဟာ ချင်းပြည်နယ် တီးတိန်မြို့ကို ဆက်လက်ထွက်ခွာပြီး ဖလမ်းနဲ့ ဟားခါးမြို့ တို့ကို သွားရောက်မယ်လို့သိရပါတယ်။ အခုလို ချင်းပြည်နယ် ကို နိုင်ငံေ တာ် သမ္မတနဲ့အဖွဲ့ လာမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် လူမှုရေးဝန်ကြိး ဦးဗန်ထောင်းက RFA ကို ပြောပါ တယ်။ “ပြည်နယ်တိုင်းအားလုံးကို သမ္မတအနေနဲ့ လိုက်ပြီး တော့မှ သွားပြီးတော့မှ လုပ်ငန်း ကြည့်ကြပ်တာတို့ ဒေသခံ ပြည်သူလူထုနဲ့ တွေ့တာတို့ ရှိတယ်လေ၊ အဲလို လုပ်ငန်းစဉ် နဲ့ပဲ နေ မှာေ ပါ့၊ နွေးနွေးထွေးထွေး စည်ကားသိုက်မြိုက်စွာ ကြိုဆိုဖို့ ကျနော်တို့လူထုတွေကို လည်း ပြော ထားတာ ရှိပါ တ ယ် ၊ နောက်ရပ်မိရပ်ဖတွေနဲ့ တွေဖို့ပေါ့လေ၊ အဲလိုမျိုးလည်း ရှိပါတယ်’’

ဟားခါးဒေသခံတွေကတော့ နိုင်ငံတော်သမ္မတထံ ချင်းပြည်နယ်တစ်ခုလုံး လျှပ်စစ်မီးပုံမှန် ရရှိရေး ၊ သောက်သုံးရေဖူလုံရေးနဲ့ ဟားခါးမြို့ဒီကရီကောလိပ် ဖွင့်လှစ်ပေးရေးကိစ္စတွေကို တင်ပြဖို့ရှိတယ်လို့ သိ ရပါ တယ်။ ဦးသိန်းစိန်ရဲ့ အခုခရီးစဉ်ဟာ သမ္မတ ရာထူးလက်ခံပြီးနောက် ပထဆုံး ချင်းပြည် နယ်ခရီးစဉ် ဖြစ်ပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်