Pages

Saturday, February 16, 2013

မစ်ဆူဘီရှီ မော်တော်ယာဉ် မြန်မာနိုင်ငံတွင် ထုတ်လုပ်မည်

ဂျပန်နိုင်ငံမှ မစ်ဆူဘီရှီ ကုမ္ပဏီ၊ စင်ကာပူ အခြေစိုက် ရိုးမရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ FMI ကုမ္ပဏီတို့ ပူးပေါင်းကာ မော်တော်ယာဉ် ထုတ်လုပ်ရန် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြောင်း မစ်ဆူဘီရှီ ကုမ္ပဏီက တရားဝင် ကြေညာသည်။ ယင်းကုမ္ပဏီ သုံးခုပေါင်းက Myanmar Motors Pte.Ltd. အမည်ရ ကုမ္ပဏီတစ်ခု ထူထောင်ကာ မော်တော်ယာဉ်လုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။ မစ်ဆူဘီရှီ ကုမ္ပဏီအုပ်စုကြီးတွင် မော်တော်ယာဉ် ထုတ်လုပ်မည့် မစ်ဆူဘီရှီ မော်တော်ယာဉ် ကော်ပိုရေးရှင်း Mitsubishi Motors Corporation (MMC) နှင့် မော်တော်ယာဉ် ဖြန့်ဖြူးရောင်းချမည့် မစ်ဆူဘီရှီ ကော်ပိုရေးရှင်း Mitsubishi Corporation (MC) တို့ပါဝင်သည်။ အဆိုပါ ကုမ္ပဏီ၏ ပထမဆုံး အစီအစဉ်အဖြစ် ရန်ကုန်မြို့တော်တွင် တရားဝင် ဝန်ဆောင်မှုစင်တာ ဖွင့်လှစ်မည်ဖြစ်ပြီး နောက်ပိုင်းတွင် မန္တလေးနှင့် နေပြည်တော်တို့တွင် ဖွင့်လှစ်သွားရန်နှင့် အဆိုပါ ဝန်ဆောင်မှု စင်တာများမှ မစ်ဆူဘီရှီ မော်တော်ယာဉ်များကို ကျွမ်းကျင်စွာ ပြုပြင်ထိန်းသိမ်းနိုင်သည့် ဝန်ထမ်းများ ပေါ်ထွက်လာရန် လေ့ကျင့် သင်တန်းပေးသွားမည် ဖြစ်ကြောင်း မစ်ဆူဘီရှီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ယင်းအပြင် မစ်ဆူဘီရှီ မော်တော်ယာဉ်များကို ပြည်တွင်း၌ တရားဝင် ဖြန့်ဖြူး ရောင်းချမ ည်ဖြ စ်ပြီး ပြည် တွင်းရှိ မော်တော်ယာဉ်ဆိုင်ရာ ကဏ္ဍများတွင် ဆက်လက်ရင်းနှီး မြှုပ်နှံသွားမည်ဖြစ်ကြောင်း ရိုးမကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မစ်ဆူဘီရှီ မော်တော်ယာဉ်များကို ဂျပန်၊ ဟော်လန်၊ ဘရာဇီး၊ အမေရိကန်၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင် ထုတ်လုပ်နေပြီး ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံပေါင်း ၁၆၀ ကျော်သို့ တင်ပို့ရောင်းချနေကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်