Pages

Saturday, February 16, 2013

ရေနွေးပူလောင်း နှိပ်စက်ခြင်းခံခဲ့ရသည့် ကရင်မိန်းကလေးရှိရာသို့ အလုပ်သမား ဝန်ကြီးဌာနမှ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ သွားရောက်


ထိုင်းအလုပ်ရှင် လင်မယား၏ ရေနွေးပူလောင်း နှိပ်စက်ခြင်းခံခဲ့ရသည့် အသက် ၁၂ နှစ်အရွ ယ် မြန်မာ အ လုပ်သမား ကရင်မိန်းကလေးငယ်ကို စောင့်ရှောက်ထားသည့် ကယ်ဆယ်ရေးဂေဟာ သို့မြန်မာအစိုးရ၊ အ လုပ်သမားဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦး ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့ ယနေ့ နံနက်ပိုင်းတွင် ဘန်ေ ကာက်မှ ထွက်ခွါသွားပြီ ဖြစ်သည်။

ဖြစ်ပွားခဲ့သော ဖြစ်စဉ်ဖြစ်ရပ်နှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရကိုယ်စား တာဝန်ယူဖြေရှင်းဆောင်ရွက်ရန် အ လုပ် သမားဝန်ကြီးဌာနက ညွန်ကြားရေးမှူး ဦးနိုင်ထွန်းနှင့်အဖွဲ့အား စေလွှတ်လိုက်ခြင်း ဖြစ်သည်။

ဦးနိုင်ထွန်းသည် ဗီယန်ကျင်းသံရုံး၊ ဘန်ကောက်သံရုံးတို့တွင် ကာလရှည်ကြာ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ကာ ထိုင်းဘာသာစကားကို အထူးကျွမ်းကျင်စွာ တတ်မြောက် ထားသူလည်း ဖြစ်ကာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အရေးကိစ္စများကို တာဝန်ယူ ဆောင်ရွက်ပေးခဲ့သူ ဖြစ်သည်။ ၄င်းအပြင် လက်ရှိကာလတွင် ထိုင်းနိုင်ငံရှိ မြန်မာ အလုပ် သမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့(၁၁)ဖွဲ့၏ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေ သူ လည်း ဖြစ်သည်။

ဦးနိုင်ထွန်းဦးဆောင်သော ညှိနှိုင်းဖြေရှင်းရေးအဖွဲ့သည် ကာယကံရှင်နှင့် သက်ဆိုင်သူများ အား တွေ့ဆုံ ကာ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်ကို အသေးစိတ်မေးမြန်း စုံစမ်းမည် ဖြစ်သည်။

၎င်းတို့သည် ကရင်မိန်းကလေးငယ်အား အလုပ်သမားဝန်ကြီးဌာန၏ ကနဦး ထောက်ပံ့ကြေး ဘတ်နှ စ်ေ သာင်း ပေးအပ်မည် ဖြစ်ပြီးဖြစ်စဉ်ဖြစ်ရပ်အား အသေးစိတ် စုံစမ်းမေးမြန်းပြီးနောက် သက်ဆိုင်ရာ ဥပဒေနှင့် အညီ ကာကွယ်စောင့်ရှောက်မှု ရရှိရေး၊ ထိုက်တန်သည့် နစ်နာကြေး ရရှိရေး၊ ဥပဒေကို ချိုးဖောက် ကျူး လွန် သူ များအား ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူမှုများ ဆောင်ရွက်ရေး စသည်တို့ကို ထိုင်းအစိုးရ တာဝန် ရှိသူများနှင့် ညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာနထံမှ သတင်းရရှိသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်