Pages

Saturday, February 16, 2013

မြောက်ကိုရီးယား နျူစမ်းသပ်ခြင်းမှ ရေဒီယိုဓာတ်သတ္တိကြွမှု မတွေ့ဟု ဆိုးလ်ပြောကြား

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစမ်းသပ်မှုမှ ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ် အနည်းငယ်ကိုမျှ ၄င်းတို့စစ်ဆေးတွေ့ရှိခဲ့ခြင်း မရှိကြောင်း တောင်ကိုရီးယား ကျွမ်းကျင်သူများက ထုတ်ဖော်ပြောဆိုခဲ့ သည်ဟု သိရသည်။ နမူနာရှစ်ခုကို စမ်းသပ်စစ်ဆေးရာတွင် ဘာမျှမတွေ့ရှိရကြောင်း နျူကလီးယား အန္တရာယ် ကင်းဝေးရေးနှင့် လုံခြုံရေး ကော်မရှင်က ပြောကြားသည်။ ပလူတိုနီယံ သို့မဟုတ် ယူရေနီယံ အခြေပြု ကိ ရိယာ နှစ်မျိုးအနက် မည်သည့် ကိရိယာကို အသုံးပြုခဲ့သည်ဟု ကျွမ်းကျင်သူများက ဆုံးဖြတ်ရန် အတွက် အထူးသဖြင့် စီနွန်ဓာတ်ငွေ့များကဲ့သို့သော အိုင်ဆိုတုပ်များကို ရှာဖွေတွေ့ ရှိမှသာ ဖြစ်နိုင်မည်ဖြစ်သည်။ သို့သော် မည်သည့် အိုင်ဆိုတုပ်မျှ မတွေ့ပါဟု ကျွမ်းကျင် သူများ က ပြောသည်။ မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်မှု ပြုလုပ်ပြီး ချက်ချင်းပင် တောင်ကိုရီးယားက ၄င်း၏ လေယာဉ်များ၊ သင်္ဘောများကို နမူနာ စုဆောင်ရယူရန် အတွက် စေလွှတ်ခဲ့ သည်။  နိုင်ငံတစ်ဝန်းလုံးရှိ လူတို့ ထိန်းသိမ်းလုပ်ကိုင်ရန် မလိုသည့် ရေဒီယို ဓာတ်သ တ္တိကြွ မှု ထောက် လှမ်းရေး စနစ်များတွင် မည်သည့် ပြောင်းလဲမှုမျိုးကိုမျှ မှတ်တမ်းတင်ထားခြင်း မရှိဟု ကော်မရှင် က ပြောသည်။

BBC

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်