Pages

Saturday, February 16, 2013

ကရင် အမျိုးသမီး ငယ်လေးအား ညှဉ်းပန်း နှိပ်စက်ခဲ့သော ထိုင်းလူမျိုး ဇနီးမောင်းနှံ အား ပြင်းပြင်းထန်ထန် အရေးယူ ပေးရန် တောင်းဆို

ထိုင်းနိုင်ငံ ကမ်ဖယ်ဖစ်ခရိုင်ရှိ ထိုင်းလူမျိုးဇနီးမောင်နှံ၏ အိမ်တွင် ခိုင်းစေထားသော အသက်(၁၂)နှစ် အရွယ် ကရင်တိုင်းရင်းသူ အမျိုးသမီးငယ်လေး တစ်ဦးအား အိမ်ရှင်ဇနီးမောင်နှံသည် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက် ခဲ့ကြောင်း၊ အိမ်ရှင်အလိုက်ကျ မဖြစ်ခဲ့လျှင် ခွေးလှောင်အိမ် တွင် လှောင် ထားပြီး ရေနွေးပူနှင့် လောင်းခြင်း၊ နားရွက်ဖြတ်ခြင်း စသော ပြစ်ဒဏ်များ ပေးလေ့ရှိကြောင်း ထိုင်း သတင်းစာများနှင့် ဒီမိုကရက်တစ် မြန်မာ့အသံတို့ တွင် ဖော်ပြပါရှိခဲ့သည်။

အဆိုပါ ကရင်တိုင်းရင်းသူလေး၏ အမည်မှာ မအဲဖြစ်ပြီး မိဘများမှာ လှိုင်းဘွဲ့၊ ကြက်တူရွေးရွာမှ ဦးတင်အောင်နှင့် ဒေါ်မူးအွာသိန်းတို့ဖြစ်ကာ ထိုင်းနိုင်ငံတွင်မွေးဖွား၍ မြန်မာစကား နားမလည်သူ တစ် ဦးဖြစ်သည်။ ယခုအခါ မိဘများနှင့်အတူ ထိုင်းနိုင်ငံ ကမ်ဖယ်ဖစ်ခရိုင်ရှိ မိခင်နှင့် ကလေးစောင့်ေ ရှာ က်ေ ရး ဂေဟာတွင် နေထိုင်လျက်ရှိသည်။

မြန်မာအစိုးရ အနေဖြင့် အဆိုပါ သတင်းအား သိရှိချိန်တွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး ဦးနိုင်ထွန်းနှင့် အဖွဲ့အား တာဝန်ပေးအပ်၍ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ကမ်ဖယ်ဖစ်ခရိုင်ရှိ မိခင်နှင့်ကလေး စောင့်ရှောက်ရေး ဂေဟာသို့ သွားရောက် ကြည့်ရှုခဲ့ေ ကြာင်း၊ ဖြစ်ပွားခဲ့မှု ဖြစ်စဉ်ကို မေးမြန်းခဲ့ပြီး ဂေဟာတာဝန်ခံနှင့် တွေ့ဆုံ၍ ထိန်းသိမ်းစောင့်ေ ရှာက် ထားရှိမှု အခြေအနေများ မေးမြန်း ဆွေးဆွေးခဲ့ကြောင်း၊ အဆိုပါဒေသရှိ ရဲစခန်းသို့ သွားရောက်၍ ရဲအုပ်ကြီး ဝမ်ချိုင်းနှင့် တွေ့ဆုံမေးမြန်းခဲ့ရာ ထိုင်းအလုပ်ရှင် လင်မယားမှာ ဝန်ခံခြင်း မရှိသေးသောကြောင့် လွှတ်ပေးထားရကြောင်း၊ သို့သော် အမှုကို ပြန်လည် တည်ဆောက်နေကြောင်း၊ ဖြားယောင်းမှု၊ မတရားညှဉ်းပန်း နှိပ်စက်မှု၊ ကျွန်ပြုမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ အသက်(၁၅)နှစ်အောက် ကလေးအား လူကုန်ကူးမှု၊ တရားမဝင် အလုပ်သမား လက်ခံမှု၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှု စသည်ဖြင့် ပြစ်မှု(၇)မှုဖြင့် စွဲချက်တင်ရန် စီစဉ်လျက် ရှိပါကြောင်း သိရှိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့က ကာယကံရှင်များအား စစ်ဆေးမည့် တရားခွင်တွင် မိမိတို့အစိုးရဘက်မှ ကိုယ်စားလှယ်များ စေလွှတ်မည် ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ အရေးယူအပြစ်ပေးရန် လိုအပ်ကြောင်း၊ မိမိတို့ မြန်မာအစိုးရ အနေဖြင့် ပြစ်မှု ကျူးလွန်သူများကို ပြင်းပြင်းထန်ထန် အရေးယူပေးရန် တောင်းဆိုပါကြောင်း၊ အခါအားလျော်စွာ ကိုယ်စားလှယ် အဖွဲ့များ လာရောက်၍ အခြေအနေကို မျက်ခြည်မပြတ် ကြည့်ရှုဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ ထိုင်းနိုင်ငံ အစိုးရအနေဖြင့်လည်း ကရင်တိုင်းရင်းသူလေးအား ပလတ်စတစ်ဆာဂျရီ အပါအဝင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးမည့်အပြင် ပုံမှန်ပြန်ဖြစ်သည်အထိ ကုန်ကျစရိတ်များအား ကျခံပေးသွားမည် ဖြစ်ကြောင်း၊ ဆေးကုသမှု ပြီးဆုံးပါက ထိုင်းနိုင်ငံတွင် တရားဝင် အခမဲ့ ပညာသင်ကြားခွင့် ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့က နိုင်ငံတော် အစိုးရကိုယ်စား ထောက်ပံ့ငွေ ၂၀၀၀၀ နှင့် မြန်မာနိုင် ငံသားများ၏ ထောက်ပံ့ငွေ ဘတ် ၅၀၀၀ စုစုပေါင်း ဘတ် ၂၅၀၀၀ ကို ကာယကံရှင်အား ပေးအပ်ခဲ့ကြောင်း သိရသည်။ ကရင်တိုင်းရင်းသူလေး ညှဉ်းပန်းခံရမှုနှင့် ပတ်သက်၍ မြန်မာအစိုးရမှ တာဝန်ပေးအပ်ထားသူ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးနှင့်အဖွဲ့ ထိုင်းနိုင်ငံဆိုင် ရာ မြန်မာသံရုံးတို့မှ ထိုင်းနိုင်ငံ၏ ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေများအား မျက်ခြည်မပြတ် အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ပြီး တရားစီရင်မှုများတွင် ကိုယ်စားလှယ်များ စေလွှတ် သွားမည် ဖြစ်ေ ကြာင်း သိရှိရသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်