Pages

Saturday, January 19, 2013

ခရိုနီတွေဆီက ယူတာကို ဝေဖန်တဲ့ လူတွေက ခရိုနီတွေလို ပေးနိုင်လို့လား ဟု ပြောသော NLD အမတ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်အား ပြည်သူများ မကျေမနပ် ဖြစ်နေ


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင် ရဲ့ RFA အင်တာဗျုးတခုကို နားေ ထာင်လိုက်ရတယ်။ ခရိုနီတွေဆီက ပိုက်ဆံယူတာကို ဝေဖန်နေတဲ့သူတွေကို ပြန်မေးလိုက်တယ်ခင်ဗျ။ ခရိုနီတွေ ဆီက ငွေတွေကို မယူရင် ဝေဖန်နေတဲ့သူတွေက ပေးနိုင်လို့လား တဲ့။ 

အော်--- လို့ပဲ စိတ်ပျက် လက်ပျက် ငြီးလိုက်မိပါတယ်။ ဝေဖန်နေသူတွေက ခရိုနီတွေမှ မဟုတ်တာဗျာ။ 

သူတို့လို ငွေကို ရေလို ဘယ်လိုလုပ် သုံးနိုင်ပါ့မလဲ။ ဒါပေမဲ့ သေချာတာတခုတော့ ရှိတယ်ခင်ဗျ။ အဲ့ ဒီဝေ ဖန်နေသူတွေဟာ NLD အကြပ်အတည်းရောက်နေတုံးက ဒေါ်အောင်ဆန်းစုကြည်ကို အသက်နဲ့ထပ် ချစ် ခင်ကာကွယ်ခဲ့ကြသူတွေပါ။ ကိုယ့်ကိုဝေဖန်နေတဲ့သူတွေကို ကက်ကက်လန်အောင် ပြန်မတုန့်ပြန်ခင်၊ ကိုယ့် ကို ချစ်ခင် တန်ဘိုးထားခဲ့တဲ့သူတွေကို အဲ့သလို ဘဝမေ့တဲ့စကားတွေ နဲ့ မောက်မာစွာ ဆက်ဆံသင့် မသင့် ဆိုတာ စဉ်းစားစေချင်ပါတယ်။


အသက်ပေးချစ်ခဲ့သူတွေက မတရားတဲ့ အမိန့်အာဏာဟူ သမျှ တာဝန်အရဖီဆန်ကြ ဆိုတော့ လ ည်း မြေ ဝ ယ် မကျ နားထောင်ခဲ့ကြတယ်။

ရွှေဂုံတိုင် ကြေငြာချက်ကိုလည်း ထောက်ခံခဲ့ကြတယ်။

ဘူးသီးတလုံးလက်ဆောင်ပေးလိုက်တော့လည်း အဓိပ္ပါယ်ဖ့င့်ခဲ့ကြတယ်။


လွှတ်တော်ထဲမှာ ဝင့်ဝင့်ကြွားကြွား ထိုင်နေကြတော့လည်း ပျော်ခဲ့ကြတယ်။

တခုပဲ ခင်ဗျာ --

စစ်တပ်နဲ့ပေါင်းကြီးပွားချမ်းသာသူတွေလိုမျိုး၊ ငွေပေးနိုင် လို့လား ဆိုတဲ့ စော်ကားမှု နဲ့တော့ စိန်မခေါ်လေနဲ့။

NLD ရဲ့ သမိုင်းကို လှန်ချအပစ်နိုင်ဆုံးသူတွေဟာ တခါတုံးက အနီးကပ်ဆုံးထောက်ခံခဲ့သူတွေပါပဲ။ ဦးအုန်းကြိုင်ရေ- ကြံဖွံ့ပါတီခေါင်းဆောင် ဦးဋ္ဌေးဦး ရဲ့ အင်တာဗျူးကိုလည်း နားထောင်ပါအုံးဗျာ။ ခင်ဗျားပြောတဲ့စကားတွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပဲကြီးလှော်စားပြီး နှစ်ထောင်း အားရရှိနေရော့ မယ်။


Aung Moe Win 

Myanmar Daily Star Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်