Pages

Saturday, January 19, 2013

KIA အကြမ်းဖက် သောင်းကျန်းသူ များ၏ လှုပ်ရှားမှုများ


(၁၇-၁-၂၀၁၃)ရက်နေ့မှစ၍့   KIA အကြမ်းဖက် သောင်းကျန်းသူများသည် လက်ရှိအချိန်တွင် ခိုကိုးရာ မဲ့ဖြ စ် ကာ ကချင်ပြည်နယ်အတွင်း နေရာအနှံအပြားတွင် သွားလာ လှုပ်ရှားလျှက်ရှိပြီး၊ လှုပ်ရှား စစ်ေ ကြာ င်းများ အသွင်များဖြင့် ရပ်တည် လျှက်ရှိနေပါသည်။

အဆိုပါဖြန့်ခွဲလျှက်ရှိသော KIA အကြမ်းဖက် သောင်းကျန်းသူများမှာ အောက်ပါအတိုင်းဖြစ်-

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ (အနောက်ခြမ်း)၊ မမုန်ကိုင်ကျေးရွာအုပ်စု၊ မိုင်းနောင်ကျေးရွာ၏ အရှေ့တောင်ဖက် (၁)မိုင် ခန့်0အကွာ၊ နန့်ကင်ချောင်းဘေး၊ ခန့်မှန်းမြေပုံညွှန်း (KH-၂၇ဝ၆၉၄) ရှိလယ်တဲတွင် အ ခြေပြုလှုပ်ရှားလျက်ရှိသော KIA အကြမ်းဖက် သောင်းကျန်းသူအင်အား (၄ဝ)ဦးခန့်(ရင်း/ခေါင်း ဆောင်စိစစ်ဆဲ)တို့သည် အခြေပြုနေရာမှ တောင်ဖက် (၂)မိုင်ခန့်အကွာရှိ နန့်ကင်ခေါင်း ဘေး၊ ခန့်မှန်းမြေပုံညွှန်း (KH -၂၅၇၆၉၅)သို့ပြောင်းရွှေ့ ရောက်ရှိ/အခြေပြုလျက် ရှိနေကြ ကြောင်း၊

မိုင်းနောင်ကျေးရွာ၏ အရှေ့တောင်ဖက် (၄)မိုင်ခန့်အကွာ၊ ဒေသအခေါ် ဆင်ခေါင်းတောင်၊ ခန့်မှန်းမြေပုံညွှန်း (KH -၂၉၇၆၈၃)၌ အခြေပြုလှုပ်ရှားနေသည့် KIA အကြမ်းဖက် သောင်း ကျန်းသူအင်အား (၆ဝ)ဦးခန့်(ရင်း /ခေါင်းဆောင်စိစစ်ဆဲ)တို့အနက် အင်အား (၃ဝ)ဦးသည် နန့်မွန် ကျေးရွာ၏ အရှေ့တောင် ဖက်(၂)မိုင်ခန့်အကွာ၊ ဟိုပင်-လုံးတုံ သွားကားလမ်းပိုင်းပေါ်ရှိ မိုင်တိုင် အမှတ်(၁၄)အနီး (ခရစ်ယာန်သင်္ချိုင်း ၏တောင်ဖက်(၁) မိုင်ခန့် အကွာ) ခန့်မှန်းမြေပုံညွှန်း (KH -၃၅၆၆၄၈)သို့လည်းကောင်း၊

ကျန်အင်အား(၃ဝ)ဦးခန့်သည် နန့်မွန်း-ပင့်သာ သစ်ထုတ်လုပ်ရေးကား လမ်းဟောင်းအနီးရှိ တောင် ကုန်း၊ခန့်မှန်းမြေပုံညွှန်း(KH-၂၉၃၅၇၈)သို့လည်းကောင်း အသီးသီးပြောင်းရွှေ့ /အခြေပြု နေထိုင် လျက်ရှိနေကြကြောင်း၊

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး ဒေသ(မြောက်ခြမ်း)၊ ချောင်းဝကျေးရွာ ခန့်မှန်းမြေပုံညွှန်း (KH -၄၅ဝ၉၈၇) အနီးတစ်ဝိုက်တွင် အခြေပြု လှုပ်ရှားလျက်ရှိသည့် KIAသောင်းကျန်းသူ (ရင်း/ခေါင်း ဆောင် စိစစ်ဆဲ)နှင့် KIA ပြည်သူ့စစ်အဖွဲ့ဝင် စုစုပေါင်းအင် အား (၁၅ဝ)ဦးခန့်တို့သည် ချောင်းဝ ကျေးရွာ၏ အနောက်မြောက်ဖက် (၁၃)မိုင်ခန့်အကွာရှိ ဟွေလုံကျေးရွာ၊ ခန့်မှန်းမြေပုံညွှန်း (KH -၃၅၁၁၂၈) သို့ပြောင်းရွှေ့ ရောက်ရှိခဲ့ပြီး၊ယင်းတို့အနက်အင်အား (၁ဝဝ)ဦးခန့်တို့သည် ဟွေလုံကျေး ရွာမှ ဝေလုံ-ညောင်ထောက်-ဝှေခါ လမ်းပိုင်းအတိုင်း ဖါးကန့်မြို့နယ်ဖက်သို့ဆက်လက် ထွက်ခွာ သွားခဲ့ကြကြောင်း သိရှိရပါသည်။

ခေတ်သစ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်