Pages

Saturday, January 19, 2013

Borobudur ဗုဒ္ဒဘာသာကျောင်း



အင်ဒိုနီးရှားမှာရှိတဲ့ Borobudur ဗုဒ္ဒဘာသာကျောင်းတော်ဟာ (၉)ရာစုလောက်ကတည်းက တည်ထား ခဲ့ တာပါ။ ထိုစဉ်က အင်ဒိုဟာ ဗုဒ္ဒဘာသာကိုကိုးကွယ်ကြပါတယ်။ ကျောင်းတော်ကြီးကို စတင်ပြန်ဖော်တာက ၁၈၁၁-၁၈၁၆ အချိန်က dutch လူမျိုးက စတင်ပြန်ဖော်တာပါ။ အင်ဒိုမှာ ဗုဒ္ဒဘာသာဝင်တွေ လျော့န ည်း သွား ကတည်း Borobudur အကြောင်းဟာလည်း ပြောသူမရှိသလောက်ဖြစ်သွားပါတယ်။ 


မီးတောင်ကထွက်တဲ့ ပြာမူန့်တွေကလည်း ကျောင်းတော်ကြီးကို ဖုံးထားတာ ကြာတော့ အဝေးကကြည့်ရင် ဘုရားကျောင်းမှန်း ဘယ်သူမှ မသိဘူးတဲ့။

(ရှေးလူကြီး အင်ဒိုလူမျိုးတွေကတော့ သူတို့ အဲ့ဒီတောအုပ်ထဲသွားရင် Borobudur ကျောင်းတော်ရှိတဲ့နေ ရာရောက်ရင် တခုခုဖြစ်လို့ ဘုရင်ကအစ မသွားရဲဘူးလို့ ဆိုပါတယ်။ အဲတာကြောင့် ကျောင်းတော်ကြီး မဖြိုခံခဲ့ရဘူးလို့ ထင်ပါတယ်။ အဲ့ချိန်က ဘုရင်က ဗုဒ္ဒဘာသာ မဟုတ်တော့ဘူးလေ။ ၁၅ ရာစု ကတည်းက ဘာသာပြောင်းသွားကြကုန်ပြီ) သမိုင်းမှာ စိတ်ဝင်စားတဲ့ သူတွေဟာ အနောက်နိုင်ငံ အကူအညီနဲ့ ကျော င်းတော်ကြီးကို တဖြည်းဖြည်းခြင်း ပြန်ဖော်ခဲ့တာပါ။

နောက်ပိုင်း ၁၉၇၃ မှာ UNFSCO က ကုန်ကျခံပြီး အကြီးစားပြင်ဆင်မူတွေ လုပ်ခဲ့ပါတယ်။

ဗဟုသုတစွယ်စုံကျမ်း


No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်