Pages

Saturday, January 19, 2013

ကာမိုင်း ရဲစခန်းစီနင်းမှုအား ပြည်သူတစ်ဦး အမြင်


KIA က ကာမိုင်းကိုတိုက်တာက အစိုးရတပ်ဆက်တိုက်အောင်လုပ်မယ်။ ပြီးရင် အစိုးရတပ်က ရပ်တာ ကို ပြန်ချချင်တဲ့အတွက် မီဒီယာတွေကနေ ပရော်ပါဂန်းလုပ်မယ် (ကိုယ်မမှားရပါဘူးပေါ့) တကယ် တိုက်ေ တာ့လည်း အစိုးရအမှားပါပေါ့ဖြစ်ရအောင် ကြိုပြီးပြင်ဆင်နေတာတွေရှိနေတယ်လို့ မြင်ပါတယ်။

အစိုးရတပ်ဖက်က မီဒီယာအသုံးနည်းတာ ဆက်ဖြစ်နေရင်၊ အုံပုန်းကြီးဆက်လုပ်နေရင် လူတွေရဲ့ ယုံ ကြည်မှုက ပျောက်ဆုံးနေ ဦးမှာပဲ။ အစိုးရဖက်က တကယ်ရပ်ရင် ရပ်ထားကြောင်း၊ တဖက်ကအမှားတွေ လွှင့်ရင်မှားကြောင်း အထောက်အ ထားပြနိုင် ဖို့လိုသလားပဲ။ မြေပြင်စစ်ပွဲတွေအောင်သလောက် မီဒီ ယာ မှာရှူံးရင်တော့ တန်ဖိုးတက်လှမယ်မထင်။

မှော်လူးက အသိတယောက် ပြန်လာတော့ပြောတယ်။ ကေအိုင်အိုက ပြန်ပေးဆွဲ မုဒိမ်းကျင့် ဆက်ကြေးေ ပ်ါတာ လူစု လူသတ်တာတွေ အကြမ်းဖျင်းပေါ့။ ရှမ်းနီတွေခံရတာ များပါတယ်။ လူတစ်ယောက်ကို ငါးသိန်းနဲ့ ပြန်ပေးဆွဲတာတွေ။ ရွာတွေမှာ ဆက်ကြေးဝင်ကောက်ပြီး အရွယ်ကောင်းေ တွကို လူစုပေါ်တာဆွဲတာတွေ လည်းရှိပါတယ်။ မိန်းမပျိုတွေကို ဖမ်းပြီးခေါ်သွား မုဒိမ်းကျင့် ။ ကော င် မလေးတွေပြန်ရောက်တော့ လင်မရမှာစိုး၊ အရှက်ကွဲတော့ ဘာမှမေးမရ။ မိသားစုတွေလည်း ဒုက္ခတွေ့။ ဒါတွေကျတော့ ဘယ်ဘက်မလိုက်တဲ့ မီဒီယာကမှ ရေးသားဖော်ထုတ်တာမတွေ့ရတာ အံ့ဩစရာေ ကာင်း လွန်းပါတယ်။

နောက် KIAက လမ်းမိုင်းထောင်တာတွေက ရွာခံတချို့ကို မွေးပြီးထောင်တာလို့လည်း သိရတယ်။ ဆုေ တ်ာငွေနဲ့ပေါ့။ ကချင်တွေပါပဲ ဒါပေမယ့် အရပ်သားတွေမို့ တပ်ကဖမ်းစစ်ရင် မတရားဖမ်းတယ် ဘာညာေ တွပြန်အော်ရသပေါ့လေ။ ဗုံးတစ်ခါကွဲရင် လူအသေအပျောက်ပေါ်မူတည်ပြီး ၃သိန်းနဲ့ ၅သိန်းကြားပဲ လို့ ပြောပါတယ်။

ဒါတွေကျတော့ ဘယ်ဘက်မလိုက်တဲ့ မီဒီယာကမှ ရေးသားဖော်ထုတ်တာမတွေ့ရတာ အံ့ဩစရာေ ကာင်း လွန်းပါတယ်။ မြို့ပေါ်မှာ အော်သံကျယ်သလောက်၊ အစိုးရကို နှုတ်သီးကောင်းလျှာပါး သလောက် ၊ေ သာက်လုပ်မဟုတ်တာတွေကို သောက်ကြီးသောက်ကျယ် အဖွသန်သလောက် ဒီလိုမျိုး တခြားပြည်သူတွေ တိုင်းရင်းသားတွေ တကယ် ဒုက္ခရောက်နေတာကြတော့ ရွှေပျောက်သလိုလို အတိတ်မေ့သလိုလို ဒူသလို ပိန်းသလို လုပ်နေတဲ့ "စတုတ္ထမျောတိုင် အကောင်းစားကြီးတွေ" ပြည်သူပို့တဲ့ မေတ္တာတွေ အတောင့် လိုက်စူးပါစေဗျား။
မဟာကြောင်
ဆက်စပ်သတင်းများ 

KIA ၏ ကာမိုင်း ရဲစခန်း စီးနင်းမှုတွင် ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံး

အပစ်ရပ်ကို လက်နက်နဲ့ သက်သေပြလိုက်တဲ့ KIA ရဲ့ ကာမိုင်းရဲစခန်း စီးနင်းမှု

 


No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်