အစိုးရမှ ကေအိုင်အေအား အပစ်အခတ်ရပ်စဲ၇န်ကြေငြာပြီး ၂၄နာရီမပြည့်ခင် ၁၉-၁-၂၀၁၃
ရက်နေ့ ၀၄ ၅၅ အချိန် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့နယ်ခွဲ ရဲစခန်းသို့
ကေအိုင်အေ တပ်ဖွဲ့က အင်အား အလုံး အရင်းဖြင့် လာရောက် ပစ်ခတ်
တိုက်ခိုက်ခဲ့သဖြင့် ၀၇၂၀ အချိန်ထိ မိမိရဲတပ်ဖွဲ့ဝင်များစုစည်း၍ ပြန်လည်
ခုခံတိုက်ခိုက်လျက်ရှိကြောင်း သတင်းရရှိသည်။နောက်ဆက်တွဲသတင်းများရရှိက
ထပ်မံတင်ပြပေး သွားမည်ဖြစ် ပါသည်။
ရဲဇာနည်
နံနက် ၉ နာရီခန့်မှာတော့
ကာမိုင်းရဲစခန်းအား ကေအိုင်အေများမှ သိမ်းပိုက်လိုက်ကြောင်း၊ ရဲစခန်းကို
မီးရှို့ လိုက်သည် ထင်ကြောင်း၊ မီးခိုးလုံးများ တွေ့နေရကြောင်း အနီးမှ
သတင်းပို့လာပါတယ်။ တပ်မတော် စခန်း ကို မတိုက်ပဲ ရဲစခန်းနဲ့
မြို့နယ်အုပ်ချုပ်ရေးရုံးတွေကို ၀င်တိုက်တဲ့ ကေအိုင်အေ လုပ်ရပ်ဟာ
ရှုတ်ချစရာပါ။
No comments:
Post a Comment
Note: Only a member of this blog may post a comment.