Pages

Saturday, January 19, 2013

၁၉.၁.၂၀၁၃ ရက်နေ့ KIA ၏ တိုက်ခိုက် ဖျက်ဆီးမှုများ


ယနေ့မနက် ၅ နာရီခန့်မှစပြီး ကေအိုင်အေမှ ကာမိုင်းရဲစခန်းအား ၀င်ရောက်စီနင်း တိုက်ခိုက် ဖျက်စီးသွား သည်ဟု သိရှိရပါသည်။ မနက် ၅ နာရီ ခန့်တွင် ကေအိုင်အေအဖွဲ့ ၁၀၀ ကျော်ခန့် ကာမိုင်းသို့ ရောက်ရှိ လာပြီး ကာမိုင်းရဲစခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ကာမိုင်းရဲစ ခန်းတွင် ရဲအင်အား ၃၂ ဦးသာရှိပြီး ကေအိုင်အေ၏ တိုက်ခိုက်မှုကို ပြန်လည် တိုက်ခိုက်မှုများ ပြုလုပ် ခဲ့သော်လည်း အင်အားမမျှသဖြင့် ဆုတ်ခွာသွားခဲ့ပါသည်။ ကေအိုင်အေ မှ ၅ နာရီလောက်မှ ၇ နာရီခွဲ အထိ တိုက်ခိုက် နေတာဖြစ်ပြီး ရဲတွေ ဆုတ်သွားတဲ့အတွက် ကေအိုင်အေ မှ ရဲစခန်းအတွင်းသို့ ၀င်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့သည်။ ကေအိုင်အေများက ရဲစခန်းအတွင်းမှ အဆောက်အဦ ၆ လုံးနဲ့ ကားတစ်စီး ကို မီးရှို့ ဖျက်ဆီး ခဲ့သည်။

ကေအိုင်အေ၏ ကာမိုင်းရဲစခန်း တိုက်ခိုက်မှုတွင် ရဲ ၂ ဦး သေဆုံးပြီး ဒုရဲအုပ်တစ်ဦးအပါအ၀င် ၄ ဦး ဒဏ် ရာရရှိ ခဲ့သည်။ လျှပ်စစ်ဌာနမှ ၀န်ထမ်း ၂ ဦး ပျောက်ဆုံးနေကာ ကေအိုင်အေတွေ ဖမ်းဆီးသွားသည်ဟု ယူဆရ ကြောင်း၊ ပျောက်ဆုံးနေသည့် လျှပ်စစ်ဝန်ထမ်း ဦးသိန်းလွင်၏ ဇနီး ဒေါ်စန်းငွေ၏ ယာပေါင်တွင်ေ က အိုင်အေမှ ပစ်ခတ်ခဲ့သော လက်နက်ထိမှန်ခဲ့ကြောင်း သိရှိရသည်။ ကေအိုင်အေမှ ရဲစခန်းအား စိတ်ကြို က် မီးရှို့ဖျက်ဆီးပြီး ၈ နာရီခွဲခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ကာမိုင်းရဲစခန်းအနီးရှိ ဒေသခံ တစ်ဦး မှ ပြောဆိုခဲ့သည်။

နိုင်ငံတော်သမ္မတရုံးမှ ဇန်န၀ါရီလ ၁၉ ရက် နံနက် ၆ နာရီမှစပြီး အစိုးရတပ်ဖွဲ့တွေကို မိမိကိုယ်ကို ကာ ကွယ်ရုံ သာ လုပ်ဆောင်ရန်၊ အပစ်ရပ်ရန် အမိန့်ထုတ်ထားသည်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့ ည ၈ နာရီ သတင်းတွင် ထုတ်ပြန် ကြေငြာခဲ့ပါသည်။ ကေအိုင်အေမှ ၄င်းကြေညာချက်ကို လက်တလုံးခြားလုပ်ေ ဆာင်ပြီး ၅ နာရီမှာ ရဲစခန်းကို ၀င်တိုက် တာလား… ? ဒါမှမဟုတ် ကေအိုင်အေမှ အပစ်အခတ်ရပ်စဲမှုကို မလိုလား၍ အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်လက် ဆောင်ရွက်နေတာလားဟု ၄င်း ဒေသခံမှ ဆက်လက်ပြောကြား ပါသည်။

KDN

၂၀၁၃ ဇန်ဝါရီ ၁၉ ရက်နေ့ ၁၀၄၅ ချိန်တွင် ဗန်းမော်- လွယ်ဂျယ် ကားလမ်း မိုင်တိုင်အမှတ် (၂၇)တွင် အရပ်သား ခရီးသည်တင် ဗင်ကား ၂ စီး၊ ဟိုင်းလတ် ၁ စီး တို့အား ကေအိုင်အေ အကြမ်းဖက် သောင်း ကျန်း သူများမှ ကြီးကြပ်မိုင်း ၃ လုံးဖြင့် မိုင်းခွဲ တိုက်ခိုက်ခဲ့ရာကျား ၁၉ ဦး၊ မ ၃ ဦး ဒဏ်ရာရရှိကြော င်း ၊ ဖြစ်ပွားမှု နေရာသို့ တပ်မတော် စစ်ကြောင်းများမှ ကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိပြီး စိန်လုံဗျူဟာ တွင် ဆေးကုသပေးလျက် ရှိကြောင်း၊ ဆက်လက်ပြီး လူနာများ အား ဗန်းမော်မြို့သို့ ပို့ဆောင်နိုင်ရေး စီစဉ် လျက်ရှိကြောင်း သတင်းရရှိပါသည်။

နောက်ဆက်တွဲ သတင်းနှင့် ဓါတ်ပုံများအား ထပ်မံတင်ပြပေးသွားမည် ဖြစ်ပါသည်။

MWD

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်