Pages

Saturday, January 19, 2013

တပ်မတော်နှင့် လူထုပေါင်းပြီး၊ KIO / KIA ကို အပြီးသတ် ချေမှုန်းကြမည်ဟု ဆိုသည့် ရှမ်းမျိုးနွယ် တို့၏ ကြေညာချက်


၁။ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သည် တိုင်းရင်းသား လူမျိုး (၁၀၀) ကျော်ဖြင့် ဖွဲ့စည်း ထား သည့် နိုင်ငံဖြစ်ပါသည်။

၂။ အလားတူ ကချင်ပြည်နယ် သည်လည်း ကချင်လူမျိုး တစ်မျိုးတည်း နေထိုင်သည် မဟုတ်ပဲ၊ ရှမ်းမျိုးနွ ယ် စုများ အပါအဝင် တိုင်းရင်းသား လူမျိုး အများအပြား အတူတကွ ပူးပေါင်း နေထိုင်လျက် ရှိပါသည်။

၃။ ယခုအခါ ကချင် လူမျိုးများ၏ KIO/KIA အဖွဲ့များသည် လက်နက် အားကိုးဖြင့် ကချင်ပြည်နယ် အတွင်း ရှိ ရှမ်းမျိုးနွယ်စု ဝင်များ၊ ရဝမ်နှင့် လီဆူး လူမျိုးများ အပါအဝင် အခြား မျိုးနွယ်စု ဝင်များအပေါ် မိုင်းခွဲ ဖျက်ဆီးခြင်း၊ အဆမတန် ဆက်ကြေး ကောက်ခံခြင်း၊ လူသတ် ပြန်ပေးဆွဲခြင်း၊ အတင်း အဓမ္မ စစ်သား စုဆောင်းခြင်း စသည့် လူ့အခွင့် အရေးများကို ကျူးလွန် ဖေါက်ပြားလျက် ရှိပါသည်။

၎။ ဤဖြစ်စဉ် ဖြစ်ရပ်များ အပေါ် တပ်မတော်နှင့် ဒေသခံ ပြည်သူ လူထုက သဘောထား ကြီးကြီးဖြင့် “ ထာဝရ ငြိမ်းချမ်းရေး ” ကို မျှော်လင့် နေကြသော်လည်း KIO/KIA အဖွဲ့အစည်း များမှာ ကျဉ်းမြောင်းသော လူမျိုးရေး စိတ်ဓါတ်ဖြင့် ခေါင်းမာနေဆဲ ဖြစ်သည်ကို စိတ်မချမ်း မြေ့ဖွယ်ရာ တွေ့မြင်နေရ ပါသည်။

၅။ သို့ပါ၍ ကချင်ပြည်နယ် လူထု၏ ဆန္ဒ အစစ်အမှန်ကို ဖော်ထုတ်ပြီး၊ စစ်တမ်း ကောက်ယူ ပါက KIO/KIA အဖွဲ့အစည်းများ အနေဖြင့် ထာဝရ ငြိမ်းချမ်းရေးကို ရယူမည်လား ?

(သို့မဟုတ်)

တပ်မတော်နှင့် လူထုပေါင်းပြီး၊ KIO/KIA ကို အပြီးသတ် ချေမှုန်း ကြမည်လား ?
 
ဆိုသည့် ရလဒ်တစ်ခု ထွက်ပေါ်လာရန် လိုအပ်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ လိုက်ပါ သည်။

ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုဝင်များ

From:မြ၀တီ

Myanmar Daily Star Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်