Pages

Saturday, January 19, 2013

ပင်လောင်းမြို့နယ်တွင် ဘိန်းချက်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်း များနှင့် မူးယစ်ဆေးဝါး တစ်တန် ခန့်ဖမ်းဆီး ရရှိ


ရှမ်းပြည်နယ် တောင်ပိုင်း ပင်းလောင်းမြို့ နယ် စင်တောင်း ကျေးရွာအုပ်စု ထီတလိ ကျေးရွာေ ကျာက် လှိုဏ်ဂူ တစ်ခုတွင် ဘိန်းချက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များနှင့် မူးယစ်ဆေးဝါး တစ်တန် ခန့် ကို ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၄ နာရီ ၄၅မိနစ် တွင် ဖမ်းဆီး ရရှိခဲ့ကြောင်း ပင်လောင်း ရဲစခန်း မှ ဒုရဲအုပ် လင်းထွန်းမြင့် က The Voice Weekly သို့ပြောကြားသည်။

အဆိုပါ ဖမ်းဆီး ရရှိခဲ့သည့် မူးယစ်ဆေးဝါး များမှာ ကာလ တန်ဖိုး ကျပ်သိန်း ၇,၃ဝဝ ကျော် တန်ဖိုး ရှိေ သာ ဘိန်းစိမ်း၊ ဘိန်းညို၊ အမိုနီယမ်ကလိုရိုက် စုစုပေါင်း တစ်တန် ခန့်ကို ဖမ်းမိ ခဲ့ခြင်း ဖြစ်ကြောင်း ယင်း ရဲ တပ် ဖွဲ့ရုံး ၏ ထုတ်ပြန်ချက် များအရ သိရှိရသည်။“အခုဖမ်းမိတဲ့ ပမာဏနဲ့ တန်ဖိုးက ပင်လောင်း မြို့နယ် ထဲမှာ အများဆုံပဲ ” ဟု ပင်လောင်း မြို့နယ် ယာယီ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း က ပြောကြားသည်။

ဘိန်းချက် ပစ္စည်းများနှင့် ဘိန်းမဲများကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အထူးအဖွဲ့ မှ တာဝန်ရှိသူ များနှင့် ပင်လောင်း ရဲတပ်ဖွဲ့ စခန်း တာဝန်ရှိသူများက ထီတလိ ကျေးရွာနေ ဦးမျိုးဇော်ထိုက် ၏ နေအိမ် အနောက် လျှိုမြောင် အတွင်းရှိ ကျောက်လှိုင်ဂူတွင် ဝင်ရောက်ရှာဖွေရာ မှ အဆိုပါ မူးယစ်ဆေးဝါး များနှင့် အတူ ဦးအောင်ထိုက်၊ ဦးထွန်းလှ တို့ကိုပါ တွေ့ရှိ ဖမ်းဆီး နိုင်ခဲ့ကြောင်း ယင်းရဲစခန်း ထံမှ သိရသည်။

အဆိုပါ မူးယစ် ပစ္စည်းများ တွေ့ရှိမှုကြောင့် ပါဝင်သူ သုံးဦး ကို ပင်လောင်း ရဲစခန်းကပ၄/၂၀၁၃ မူးယစ်ေ ဆး ဝါး နှင့် စိတ်ကို ပြောင်းလဲ စေတတ်သော ဥပဒေပုဒ်မ - ၁၅/၁၉(က)၊ ၂၀/က/၂၁ ဖြင့် အမှုဖွင့် ထားေ ကြာင်း ရဲတပ်ဖွဲ့ရုံး ထံမှ စုံစမ်း သိရှိရသည်။

The Voice

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်