အကြမ်းဖက် ဆူပူမှုများ အမြန်ဆုံး တည်ငြိမ်အေးချမ်းစေရန်နှင့် မြန်မာ့ ဒီမိုကရေစီ အနာဂတ်လမ်းကြောင်း ပိုမိုတိုးတက်ကောင်းမွန် ခိုင်မာစေရေး အတွက် မတ် (၂၉) ရက် ညနေ ၃ နာရီတွင် ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်းပုဂ္ဂိုလ်တို့နှင့် အမေရိကန် သံအမတ်ကြီးတို့ ရန်ကုန်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီ ရုံး၌ တွေ့ ဆုံဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့သည်။အဆိုပါ တွေ့ဆုံပွဲ၌ အထက်ပါကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ယခုအကြိမ်သည် ပထမဦးဆုံအကြိမ် ဖြစ်သည်ဟု ပါတီဒုတိယ ဥက္ကဌဖြစ်သူ ဦးဌေးဦးက ပြောသည်။အမေရိကန် သံအ မတ်ကြီးနှင့် ဆွေးနွေးမှုပြုလုပ်ရာတွင် ပါတီဒုတိယ ဥက္ကဌဖြစ်သူ ဦးဌေးဦး၊ ပါတီအတိုင်ပင်ခံ ဦးအောင်သောင်းတို့ တက်ရောက် ခဲ့သည်။
စာအုပ်အညွန်း- မိုးမင်းသိမ်း မြန်မာပြန် မိတဆိုး
6 years ago

No comments:
Post a Comment
Note: Only a member of this blog may post a comment.