Pages

Saturday, March 30, 2013

လက်ရှိ အစိုးရနဲ့ တပ်မတော် ကို အပုပ်ချချင်နေသော မင်းကိုနိုင်



နိုင်ငံတကာ အမြင်နဲ့ မတွေးဘဲ လက်ရှိ အစိုးရနဲ့ တပ်မတော် ကို သာ အပုပ်ချ ရလျှင်ပြီးရော ဆိုသည့် မင်းကိုနိုင်

“ကျနော်တို့က ဘယ်သူဘယ်ဝါဆိုတာ မခိုင်မာဘဲနဲ့ ဘယ်တော့မှ စွပ်စွဲဖို့ မရှိဘူး။ စိုးရိမ်ပူပန်မှုကိုတော့ ပြောရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ စနစ်တကျလေ့ကျင့်ထားတဲ့ တိုက်ခိုက်ရေးသမားပုံစံမျိုး အပြည့်အဝ ပေါက်နေတယ်။ အရင့်ရင်ကလည်း ဒီလို ဖြစ်ခဲ့ပြီးပြီ။ ဝီစီမှုတ်ပြီးတော့ တပ်တွေ ဖြန့်တာ၊ ခရာမှုတ်ပြီးတော့ ခိုင်းတာ၊ ဝီစီမှုတ်ပြီးတော့ လူပြန်စုပြီးတော့ ထွက်ခွာတာမျိုးတွေကအစ အကုန်တတယ့်အချက်ပဲ ဟု ဦးမင်းကိုနိုင် က ပြောသည် ဆိုတော့ မောင် မင်း ကိုနိုင် က ဘယ်လို ဆိုလိုချင်တာလဲ ။ဒီကိစ္စနဲ့ပတ်သတ်လို့ ဆရာတော် ဦးဝီရသူနဲ့ ဧရာဝတီ အင်တာဗျူးထဲ က စာသားလေးတွေ ကူးယူဖော်ပြလိုက်ပါတယ်။ လက်ရှိ အစိုးရနဲ့ တပ်မတော် ကို အပုပ်ချ ချင်နေတိုင်း မဟုတ်ကဟုတ်က တွေ မပြောစေချင်ပါ မင်းကိုနိုင်။ 

မေး။   ။ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားနဲ့ နိုင်ငံတကာ သတင်း ဌာနတွေက မိတ္ထီလာ အဓိကရုဏ်းက စနစ်တကျ စီစဉ်ထားတဲ့ ရက်စက်တဲ့ လူသတ် အကြမ်းဖက်မှုကြီးလို့ ရေးသားနေကြပါတယ်။ အဲဒီအပေါ်မှာ ဆရာတော်ရဲ့ အမြင်လေးသိချင်ပါတယ်။

ဖြေ။    ။ ပထမနေ့နဲ့ ဒုတိယနေ့မှာ ဘယ်သူမှ စနစ်တကျမရှိပါဘူးဗျာ။ တကယ်တန်းစနစ်တကျရှိတာက ပထ မနေ့မှာ ကုလားရပ်ကွက်ထဲမှာရှိတဲ့ မွတ်စလင်တွေကမှ စနစ်တကျရှိတာ။ သူတို့က တုတ်တွေ၊ ဒုတ်တွေ၊  ဓါးတွေလက်နက်တွေ အကုန်ကိုင်ဆောင်ပြီးတော့ ဗမာမှန်သမျှကို အကုန်ခုတ်တာ။ သံဃာတပါး အသတ်ခံရတယ် ကြားတဲ့အခါမှာ ဗမာလူအုပ်ကြီးက ကုလားရပ်ကွက်ထဲကို တိုးဝင်သွားတာ။ တကယ် တန်းကျတော့ သူတို့မှာ ဘာလက်နက်မှ မရှိဘူး။ ၁၀ ယောက်မှာ ၁ ယောက်ပဲ   တုတ်ပါတယ်။ အဲဒီတုတ်ကလည်း အိမ်ဖျက်ဆီးထားတဲ့နေရာကနေ ပါလာတဲ့တုတ်။ အဲဒါပဲ။ ကိုယ်က တုတ်ပဲ ပါတယ်။ ဘာလက်နက်မှ မပါဘူး။ ဟိုကလူတွေက ဓားတွေနဲ့ ဆီးခုတ်တယ်ဆိုတော့ အတုန်းအရုန်း ကျတယ်ဗျ။ ၂ ယောက်သေပြီးတော့ ၁၆ ယောက်လောက် ဒဏ်ရာရတယ်။ ဓားခုတ်ဒဏ်ရာနဲ့ တကယ့်ပြင်း ထန်တဲ့ဒဏ်ရာပေါ့။ အဲဒီလိုစီစဉ်ထားတာက မွတ်စလင်ရပ်ကွက်ထဲကဖြစ်တယ်။ ဒုတိယနေ့ကလည်း ဘယ်သူမှ မစီစဉ်ဘူး။ အသံကြောင့် ဖားသေဖြစ်သွားတာ။
ဆရာတော် ဦးဝီရသူနှင့် အင်တာဗျူး ကိုဖတ်ချင်ရင်

http://golden-land-myanmar-mm.blogspot.com/2013/03/blog-post_30.html

အကြမ်းဖက်မှုများတွင် စနစ်တကျလေ့ကျင့်ထားသည့် ပုံစံ မြင်တွေ့နေရဟု မင်းကိုနိုင်ပြော ဆိုသည့် KIC မှ သတင်းအား ဖော်ပြပေးလိုက်ပါတယ်




===============================

 
မြို့ကြီးအချို့၌ လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်မှုဖြစ်ရပ်များတွင် ပါဝင်နေသူများသည် စနစ်တကျ လေ့ကျင့်ထားသည့် ပုံစံမျိုး မြင်တွေ့နေရကြောင်း ၈၈မျိုး ဆက်ကျောင်းသား ခေါင်ဆောင် ဦးမင်းကိုနိုင်က ရန်ကုန်ရှိ ၎င်းတို့ရုံးခန်းတွင် ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြား လိုက်သည်။

တိုက်ခိုက်မှုပုံစံမှာ လူမျိုးရေး ဘာသာရေး ခွဲခြားတိုက်ခိုက်ခြင်းမျိုး မဟုတ်ဘဲ တမင်ရည်ရွယ်၍ စနစ်တကျ တိုက်ခိုက်နေသည့်ပုံစံမျိုးဖြင့် တိုက်ခိုက်ခဲ့သည်ကို မတ်လ ၂၂ ရက် နေ့က ဖြစ်ပွားခဲ့သည့် မိထ္ထီလာအကြမ်းဖက်မှုကို ကြည့်ပါက ပြောဆိုနိုင်ကြောင်း ဦးမင်းကိုနိုင်က ယခုလို ပြောသည်။

“ကျနော်တို့က ဘယ်သူဘယ်ဝါဆိုတာ မခိုင်မာဘဲနဲ့ ဘယ်တော့မှ စွပ်စွဲဖို့ မရှိဘူး။ စိုးရိမ်ပူပန်မှုကိုတော့ ပြောရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ စနစ်တကျလေ့ကျင့်ထားတဲ့ တိုက်ခိုက်ရေးသမားပုံစံမျိုး အပြည့်အဝ ပေါက်နေတယ်။ အရင့်ရင်ကလည်း ဒီလို ဖြစ်ခဲ့ပြီးပြီ။ ဝီစီမှုတ်ပြီးတော့ တပ်တွေ ဖြန့်တာ၊ ခရာမှုတ်ပြီးတော့ ခိုင်းတာ၊ ဝီစီမှုတ်ပြီးတော့ လူပြန်စုပြီးတော့ ထွက်ခွာတာမျိုးတွေကအစ အကုန်တတယ့်အချက်ပဲ” ဟု ဦးမင်းကိုနိုင် က ပြောသည်။

အကြမ်းဖက်အုပ်စုများတွင် သီးခြားသင်္ကေတများ အမှတ်အသားများ ပါဝင်သည်ကို တွေ့ရကြောင်း၊ လက်ကောက်ဝတ်များတွင် ဝတ်ဆင်ထားသည်များရှိသလို ဘောင်းဘီတွင် အမှတ်အသား တစ်မျိုးပြန်ပြောင်းပြီး တပ်ဆင်ထားကြောင်းလည်း ဦးမင်းကိုနိုင်က ဆက်လက်ပြောကြားသည်။

အဆိုပါ အကြောင်းရင်းများကို ကြည့်ခြင်းအားဖြင့် ဒေသခံများက ပြုလုပ်ခြင်း မဟုတ်ဘဲ အကြမ်းဖက်အုပ်စု များသည် တဖြည်းဖြည်း အဝေးပြေးလမ်းအတိုင်း ဆင်းလာကာ တစ်မြို့ပြီးတစ်မြို့ ထိပါးလာသည်ကို တွေ့ရ ကြောင်းနှင့် ထိပါးလုပ်ဆောင်ရာ၌လည်း မီးပျက်သွားမှုများ၊ တယ်လီဖုန်းလိုင်း ပျက်သွားမှုများ ချိန်ကိုက် ဖြစ်ပွားလေ့ရှိ သည်ဟု ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ဆိုသည်။

မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော အကြမ်းဖက်မှုများကို သက်ဆိုင်ရာဒေသအသီးသီးရှိ ဘာသာ ရေး၊ လူမှုရေး၊ အရပ်ဖက် လူ့အဖွဲ့အစည်းများစုစည်း ညှိနှိုင်းကာ ပဋိပက္ခ ကြိုတင်တားဆီးရေး ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန် တိုက်တွန်းထားသည့် သဘောထားထုတ်ပြန်ချက် တစ်စောင်ကို ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မတ်လ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်