Pages

Saturday, March 30, 2013

မြိတ်မြို့တွင် ဖြစ်ပေါ်နေသော ကောလာဟလ သတင်းများအပေါ် ပူးပေါင်းလက်တွဲဖြေရှင်းရန် ကိစ္စများ ဆွေးနွေး

 
 

မြိတ်မြို့တွင် ဖြစ်ပေါ်နေသော ကောလာဟလ သတင်းများနှင့် ပတ်သက်ပြီး ပြည်သူများ စိုးရိမ် ကြောင့်ကြမှု မရှိစေရေး၊ တည်ငြိမ် အေးချမ်းရေး အတွက် မြိတ်မြို့ရှိ ဘာသာပေါင်းစုံ တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားအား မတ်လ (၃၀) ရက် နံနက် (၈) နာရီအချိန် မြိတ်မြို့ ကန်ခေါင်းရပ် ထုံးဖို ဗလီရှိ စန္ဒာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှန်နှင့် ဦးမိုးမြင့် ၊မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်မြို့ မြို့မိမြို့ဖများ၊ရပ်ကွက် များမှ အရပ်လူကြီးများ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များ၊ ပြည်ခိုင်ဖြိုး ပါတီ၊ NLD ပါတီ၊တစညပါတီ ၊ (၈၈) မျိုးဆက် စသည့် နိုင်ငံရေး ပါတီများမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ တက်ရောက်ခဲ့ကြသလို မြိတ်မြို့နယ် နာရေး ကူညီမှုအသင်း၊ ၀ဋံသက နာရေးကူညီမှု အသင်းတို့မှ အမှုဆောင်များ၊ လူမှုရေးအဖွဲ့အစည်းများ စုစုပေါင်း အင်အား (၁၀၀) ကျော်ခန့် တက်ရောက် ကြကြောင်းသိရသည်။ အခမ်းအနားတွင် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်နှင့် ဦးတင်ရှန်နှင့် အစည်းအဝေး တက်ရောက်လာကြသည့် အဖွဲ့အစည်း အသီးသီးမှခေါင်းဆောင်များက မြိတ်မြို့ တည်ငြိမ်ရေး၊ အေးချမ်းစွာ နေထိုင် လုပ်ကိုင် စားသောက်ရေး၊ ကောလာဟလ များနှင့် ပတ်သက်ပြီး မယုံကြည်ရေးနှင့် ပွင်းလင်းစွာ ပေါင်းစပ် ညှိနှိုင်း ဆက်ဆံရေး၊ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာပါက ငြိမ်းချမ်းစွာဖြင့် အတူ ပူးပေါင်းပြီး လက်တွဲဖြေရှင်း သွားမည့် ကိစ္စများ ကို ဆွေးနွေး တိုင်ပင်ခဲ့ကြောင်းသိရသည်။

မြိတ်ပုလဲမြေ 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်