Pages

Monday, January 21, 2013

လိုင်ဇာ ဟိုတယ်တွင် အသက်(၁၀) နှစ်အရွယ် ကချင် မိန်းကလေး တစ်ဦး မုဒိန်းကျင့် သတ်ခံရ

 

လူမဆန်စွာ မုဒိန်းကျင့် သတ်ခံရသော မအယ်ဆိုင်းလီ
 
KIA ဗဟိုဌာနချုပ် လိုင်ဇာတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကူးသူ ၀ရမ်းပြေး တရားခံ ၂၄ ဦး ခိုလှုံ လျက် ရှိပြီး ၄င်း တရားခံပြေးများမှာ KIA ၏ မိတ်ဖက် အဓိက စီးပွားရေးသမား များ ဖြစ်ကာ KIA မှာ လို အပ် သည်များ ကာကွယ်စောင့်ရှောက် ပေးထားကြောင်း အစိုးရ မူးယစ်အထူးအဖွဲ့၏ ပြောကြားချက်အရ သိရှိရသည်။ လတ်တလော အလိုရှိနေသော တရားခံများထဲမှ ၀ိုင်းမော် မြို့နယ်၊ လဘန်ကျေးရွာနေ လွမ်းေ ဒါင်၊ ဟိုပင် မြို့နယ်မှ ဘရန်မိုင်နှင့် ဖားကန့်မြို့နယ်မှ တရန်တီ(ခ) အားတီတို့ သည်ဇန်နဝါရီလ (၁၈)ရက်ေ န့ ကလိုင်ဇာဟိုတယ်တွင် ဆေးကြောင်ကြောင်ပြီး အသက်(၁၀)နှစ်အရွယ် မိန်းကလေးတစ်ဦးအား လူမဆန်စွာ အုပ်စုဖွဲ့  မုဒိန်းကျင့်ကာ လူသတ်မှုကျုးလွန်ခဲ့ကြောင်း KIAမှသတင်းထုတ်ပြန်ထားသည်။
 
လူမဆန်စွာ အကြိမ်ကြိမ် မုဒိန်းကျင့်ခံရပြီး သေဆုံးခဲ့သူ မအယ်ဆိုင်းလီ၊အသက်(၁၀)နှစ်၊(ဘ)ဦးဂွမ်မော် ၊ဗန်းမော်မြို့  နေသူဖြစ်ပြီး လိုင်ဇာဟိုတယ်ရှေ့တွင် တောင်းရမ်းစားသောက်နေသူ ဖြစ်ကြောင်း သိရှိရသ ည်။၎င်း မိန်းကလေးမှာ မိဘများဆုံးပါးသွားသဖြင့် တောင်းရမ်းစားသောက်နေသူ တစ်ဦး  ဖြစ်ပြီး ခိုကိုး ရာမဲ့ နေသူ လည်းဖြစ်သည်။KIAတာဝန်ရှိသူများက မုဒိန်းကျင့်လူသတ်ခဲ့သော တရားခံများအား လိုင်ဇာ ဌာနချုပ်တွင် အရေးယူရန်ဖမ်းဆီးထားပေမယ့်လည်း ၄င်းတရားခံများကို  KIAခေါင်းဆောင်ဂမ်းရှောင်က လိုင်ဇာတွင် ခိုလှုံခွင့်ပေးပြီး တစ်ဖက်နိုင်ငံသို့  မူးယစ်ဆေးဝါးဖြန့်  ချိရေးဆောင်ရွက် ခိုင်းထားသူများ ဖြစ်နေသောကြောင့် အရေးမယူရဲကြောင်း သိရှိရသည်။KIA အကြမ်းဖက်ခေါင်းဆောင် ဂမ်းရှောင်ရဲ့ မျက်နှာ သာပေး တပည့်များက ယခုလိုလူသတ် မုဒိန်းကျင့်ခဲ့သော ကချင်အမျိုးသမီးငယ်များမှာ မရေတွက် နို င် တော့ ကြောင်း သိရှိရသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်