Pages

Saturday, March 30, 2013

ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာဈေးအား မတ်လ ၃၀ ရက် နံနက် ၉ နာရီတွင် ပြန်လည်ဖွင့်လှစ်

 
မိတ္ထီလာဈေးအား မတ်လ ၃၀ ရက်နေ့ မနက် ၁၀ နာရီ ၀န်းကျင်က တွေ့ရစဉ်

ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင် သာယာ ဈေး ကြီးနှင့် ကပ်လျှက်တည်ရှိသော ပိတောက်မြိုင် ဈေး တို့အား မတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီတွင် ပြန်လည် ဖွင့်လှစ် ခဲ့ကြောင်း သိရ သည်။“ဈေးက အခုဖွင့်ထားပြီ ဆိုပေမယ့် ဆိုင်ခန်းအများစုကတော့ မထွက် ကြသေးဘူး၊ ညနေ ဘယ်နှစ်နာရီပိတ်မယ်ဆိုတဲ့ ညွှန်ကြား ချက်တော့ မရှိသေးဘူး၊ မိတ္ထီလာတစ်မြို့လုံး အကောင်း ကျန်တာဆိုလို့ ဒီဈေး တစ်ခုပဲ ရှိတယ်။

အရင်တုန်းကတော့ ဒီဈေးက စည်းကမ်းထိန်းသိမ်းမှု အရမ်းအားနည်းတယ်၊ အခုတော့ ဘယ်လိုလာမယ် မသိသေးဘူး။ မီးသတ်ကားနဲ့ မီးသတ်အင်အားကို နေ့ညမပြတ် အဆင်သင့်ထားပေးစေချင် တယ်၊ နောက်ပြီး တကယ်လို့ အရေးကြုံလာရင် တာဝန်ရှိသူတွေ အနေနဲ့ ပြတ်ပြတ်သားသား လျှင်လျှင် မြန်မြန် အရေးယူ ဆောင်ရွက်ဖို့ လိုအပ်တယ်” ဟု မိတ္ထီလာမြို့ စည်ပင်သာယာဈေး အတွင်းရှိ သဇင် ပလတ်စတစ် ရောင်းဝယ်ရေးမှ ကိုမင်းအောင်နိုင်ကပြောသည်။

ဈေးပြန်ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ မိတ္ထီလာမြို့ စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးကလည်း “ဒီနေ့မနက် ကိုးနာရီမှာ ဈေးကိုပုံမှန်အတိုင်း ပြန်ဖွင့်ထားပါတယ်။ ညနေငါး နာရီလောက်မှ ဈေးပြန်ပိတ်ပါမယ်။မနက်ဖြန်လည်း ပုံမှန်အတိုင်း ပြန်ဖွင့်နိုင်ဖို့ ရှိပါတယ်၊ လုံခြုံရေး အနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သက်ဆိုင် ရာ တာဝန်ရှိသူတွေ၊ နောက် ဈေးအကျိုးတော်ဆောင်အဖွဲ့၊ ဈေးမိဈေးဖတွေ အားလုံးရှိပါတယ်” ဟု ပြော သည်။

မိတ္ထီလာဈေးကြီးမှာ အနီးအနားရှိ မြို့နယ်များဖြစ်သော ရမည်းသင်း၊ပျော်ဘွယ်၊ သာစည်အစ ရှိသော မြို့ များမှပင်လာရောက် ဈေးဝယ်လေ့ရှိသော ဈေးကြီးတစ်ခုဖြစ်ပြီး မှတ်ပုံတင်ထားသောဆိုင် ခန်းပေါင်း လေးထောင်ကျော်နှင့် ယာယီပျံကျ ဆိုင်ခန်းပေါင်း သုံးထောင်ကျော် ရှိကြောင်း သိရ သည်။

Eleven Media Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်