Pages

Saturday, March 30, 2013

မိုဘိုင်းဖုန်းဆင်းမ်ကတ်ဈေး ကျပ်နှစ်သောင်းသတင်း မဟုတ်မှန်

တန်ဖိုးနည်းဖုန်းဆင်းမ်ကတ်ရောင်းချမည့်နှုန်းထားအတိအကျ မသတ်မှတ်ရသေးကြောင်းယင်းဆင်းမ် ကတ် များ ကိုသင်္ကြန်ကာလ အပြီး တွင် စတင်ရောင်းချမည်ဟုမိုဘိုင်းဆက် သွယ်ရေးဌာနမှဒုတိယ မိုဘိုင်းအင်ဂျင် နီယာချုပ်ဦးစိုးအောင် ကအတည်ပြု ပြောကြား လိုက် သည်။

လက်ရှိထွက်ပေါ်နေ သည့် ကျပ်နှစ်သောင်းဖြင့်ရောင်ချ မည်ဆိုခြင်းမှာမှန်ကန်မှုမရှိကြောင်း မိမိတို့ဌာန အနေဖြင့် ဈေးနှုန်း နှင့် ရက် အတိအကျတစ်စုံတစ်ရာမသတ်မှတ်ရ သေးကြောင်းသိရသည်။

''ရောင်းမယ့်ရက်က တော့ အခုပုံနဲ့ဆိုရင်သင်္ကြန် အပြီးလောက်ဖြစ် သွားမှာပဲ၊ကျွန်တော်တို့ တ ကယ် ရောင်းရင် မီဒီယာကနေ  တရား ဝင်ထုတ်ပြန် ကြေငြာမှာပါ၊ အခုထိတော့ ဘာမှ ညွှန် ကြား ချက်မလာ သေးတော့ ပြောလို့မရသေးပါဘူး'' ဟုပြောသည်။ ယခင်က တန်ဖိုး နည်း ဖုန်းဆင်းမ် ကတ်များ ကိုဧပြီ၁ရက်နေ့ မှစတင်၍ထောင်ဂဏန်းမျှဈေးနှုန်း ဖြင့်သာ ရောင်းချပေးမည် ဟု နိုင်ငံတော် သမ္မတ ရုံးမှ ပြည်ထောင်စု ဝန်ကြီးဦးစိုးသိမ်း က ပြောကြားခဲ့သည်။

YMG

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်