Pages

Monday, February 18, 2013

Eleven Media Group မှ နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေရန် တရားဝင် လျှောက်ထား

Eleven Media Group သည် Daily Eleven အမည်ဖြင့် နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေရန် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြန်ကြားရေး ဝန်ကြီးဌာနသို့ တရားဝင် လျှောက်ထားခဲ့ပြီး ဖြစ်ပါသည်။ လက်ရှိတွင် ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေရန် လျှောက်ထားမှုမှာ Eleven Media Group အပါအဝင် သတင်းစာ ရှစ်စောင် ရှိပြီဖြစ်ကြောင်း သိရသည်။ ၄င်းတို့မှာ အင်ပါယာ နေ့စဉ်သတင်း စာ၊ ခေတ် မိုး နေ့စဉ်သတင်းစာ၊ ရွှေနိုင်ငံ နေ့စဉ် သတင်းစာ၊ နေရှင်နယ် တိုင်းမ် နေ့စဉ် သတင်း စာ၊ မြန်မာ န ယူးဝိခ် နေ့စဉ်သတင်းစာ၊ မဇ္ဈိမ(မြန်မာ) နေ့စဉ်သတင်းစာနှင့် ကမ္ဘာ နေ့စဉ် သတင်းစာတို့ ဖြစ်ကြောင်း သိရသည်။ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်ပြုမ  ည် ဖြစ်ေ ကြာင်း ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် ‘ဒီဇင်ဘာလ ၂၈ ရက်နေ့က တရားဝင် ထုတ်ပြန် ကြေညာခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့မှစ၍ သတင်းစာ ထုတ်ဝေခွင့်များ တင်ပြလျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထုတ်ဝေခွင့်ပြုသည့် ပုဂ္ဂလိက နေ့စဉ်သတင်းစာများ အနေဖြင့် ၂ဝ၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ထုတ်ဝေနိုင်မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်