Pages

Monday, February 18, 2013

ကချင်ဘင်လာဒင် ဆိုသူမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေထံ ခြိမ်းခြောက်စာပေးပို့

ကချင်အရေးနှင့်ပတ်သက်၍ လွှတ်တော်အတွင်း ပြင်းပြင်းထန်ထန်ဆွေးနွေးခဲ့သူ တစ်ဦးဖြစ်သည့် အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေထံသို့ ခြိမ်းခြောက်စာတစ်စောင် ရောက်ရှိ လာခဲ့ သဖြင့် ပြည်ေ ထာင် စု လွှတ်တော်နာယကထံသို့ တင်ပြထားကြောင်း သိရသည်။ အဆိုပါ ခြိမ်းခြော က် စာကို ဖေေ ဖာ် ၀ါရီလ 11 ရက်နေ့စွဲဖြင့် မြစ်ကြီးနားစာ တိုက်မှ ပေးပို့ခဲံခြင်းဖြစ်ပြီး စာပေးပို့သူ အမည် နာမည် ကို ကချင် ဘင်လာဒင် ဟု ရေးသားထားသည်။ အဆိုပါ ခြိမ်းခြောက်စာထဲတွင် “ခင်ဗျားနဲ့ ခင်ဗျားရဲ့ သားစဉ်မြေးဆက် မျိုး ဆက်အားလုံးကို ကျုပ်ကချင်အမျိုးသားတစ်ဦးအနေနဲ့ ရာသက်ပန်ရန်သူ အဖြစ် သ တ် မှတ်လိုက်ပြီ။ တွေ့ရာသင်္ချိင်းဓားမဆိုင်းဘဲ ကျုပ်ရဲ့ သားစဉ် မြေး ဆက်အတိုင်းဆက်လက်ပြီး ရန်သူ အဖြစ် သတ် မှတ်ထား လိုက်တယ်။” ဟု ပါရှိကြောင်းလည်း သိရသည်။

Messanger News Journal

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်