Pages

Monday, February 18, 2013

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လိုင်စင် လျှောက်ထားမှု ပြည်တွင်း၊ ပြည်ပမှ အဖွဲ့ ၉၁ ခုထိရှိ

နိုင်ငံတစ်ဝန်းလုံး ဆက်သွယ်ရေး ဝန်ဆောင်မှု ရရှိစေမည့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင် စင် နှစ်ခုအား တင်ဒါခေါ်ယူခဲ့ရာ ၉၁ ဖွဲ့ လာရောက် လျှောက်ထားခဲ့ကြောင်း Telecommunication Operator တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ကြေညာသည်။ အဆိုပါတင်ဒါ စိတ်ဝင်စားမှု လျှောက်လွှာ များ ကို ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ခေါ်ယူလျှောက်ထားစေခဲ့ရာမှ ၉၁ ဖွဲ့ လာရောက် လျှောက် ထား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 


ထိုကဲ့သို့ လျှောက်ထားရာတွင် မြန်မာနိုင်ငံတွင်မကဘဲ ကမ္ဘာ့နေရာ အနှံ့အပြားမှလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ လျှောက်ထားသော နိုင်ငံများတွင် အာရှ၊ အမေရိကန်၊ အရှေ့အလယ်ပိုင်း၊ ဥရောပ၊ အာဖရိက စသည့်နိုင်ငံများမှ ပါဝင်ကြောင်း သိရသည်။ တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီ အနေဖြင့် လိုင်စင်ကို အပြီးသတ် ရွေးချယ်ရာတွင် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပထမဆင့်မှာ တင်ဒါခေါ်ယူခြင်းဖြစ်ပြီး စိတ်ဝင်စားသည့် အဖွဲ့များအနေဖြင့် လာရောက်လျှောက်ထားခဲ့ကြောင်း၊ ကော်မတီ အနေဖြင့် ရွေးချယ်သော Operator များအား Telecommunication ဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်း၊ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဖြန့်ချိရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ Customer Service အစရှိသည့် လုပ်ငန်းဆောင်တာများကို ဆောင်ရွက်စေမည်ဖြစ်ကြောင်း သိရသည်။ ဒုတိယအဆင့်အနေဖြင့် လာရောက်လျှောက်ထားသော လိုင်စင်များကို အခြေခံလိုအပ်ချက် ပြည့်စုံမှု ၊ ငွေကြေးအင် အား တောင့်တင်းခိုင်မာမှု၊ အတွေ့အကြုံ အစရှိသည်တို့ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ယခု ပထမအဆင့် ပြီးစီးပြီးဖြစ်ကာ မကြာမီ ဒုတိယအဆင့်ကို အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။ 

တတိယအဆင့် အနေဖြင့် လုပ်ကိုင်ခွင့်ရ လိုင်စင်များကို အရည်အသွေး ကြည့်ကာ ရွေး ချယ်သွား မည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် ပထမနှစ်ဝက် အတွင်းတွင် နိုင်ငံတစ်ဝန်းလုံး ဆက်သွယ်ရေး ရရှိစေမည့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းနှစ်ခုအား ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်