Pages

Monday, February 18, 2013

ပြည်သူက ယုံကြည် ကိုးစားသော တပ်မတော်အဖြစ် ဆောင်ရွက်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တွင် တပ်မတော် မိသားစုများနှင့် တွေ့ဆုံစဉ် ပြောကြား


ပြည်သူက ယုံကြည်ကိုးစားသော တပ်မတော်အဖြစ် ဆောင်ရွက်ရန်နှင့် တပ်မတော်မှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို မှန်မှန်ကန်ကန် အသိတရားရှိရှိဖြင့် လိုက်နာကြရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။          ဖေဖော်ဝါရီ  ၁၃ ရက် က နေပြ  ည်ေ တာ် ရှိ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ကျောင်းခန်းမ၌ ပြုလုပ်သော နိုင် ငံေ တာ် ကာကွယ်ေ ရး တက္က သိုလ်မှ သင်တန်းသားအရာရှိကြီးများနှင့် နေပြည်တော် တိုင်းစစ်ဌာနချုပ် နယ်မြေရှိ တပ် နယ်ခြောက်ခုမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များနှင့် တွေ့ဆုံစဉ် တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်က ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။  
      
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က 'တိုင်းပြည်၏ အဓိက တာဝန် မှာ နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်ရန်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူတို့၏ အသက်အိုးအိမ် စည်း စိမ်နှ င့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ နိုင်ငံတော် ကာ ကွယ်ေ ရး တာဝန် ထမ်းဆောင်နိုင်ရန် စွမ်းရည်သုံးရပ်ပြည့်စုံပြီး အရည်အချင်းပြည့်ဝသော တပ်မတော်ဖြစ် ရန်နှ င့် ပြည်သူက ယုံကြည်ကိုးစားသော တပ်မတော်အဖြစ် ဆောင်ရွက်ရန်လိုအပ်ကြောင်း' ဟု ထည့် သွင်းပြောကြားခဲ့သည်။      
"ပြည်ထောင်စုထဲမှ ပေါက်ဖွားလာသော တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု တပ် မတော်ဖြစ်၍ ပြည်ထောင်စုစိတ်ဓာတ် မွေးမြူပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထိထိရောက်ေ ရာက် ဆောင် ရွက်ရန်နှင့် တပ်မတော်မှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို မှန်မှန်ကန်ကန် အသိ တရားရှိရှိဖြင့် လေးစားလိုက်နာကြရန် လိုအပ်ကြောင်း" ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆက် လက်ပြောကြားသည်။
ထို့ပြင် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ရယူထားခြင်းသည် အပစ်အခတ်ရပ်စဲပြီး ယာ ယီငြိမ်း ချမ်းေ ရး ရယူထားခြင်းသာဖြစ်၍ ဥပဒေဘောင်အတွင်း အပြည့်အ၀ ၀င်ရောက်လာအောင် ထာဝ ရငြိမ်း ချမ်းရေးရအောင် ဆောင်ရွက်ရန် ကျန်ရှိနေသေးကြောင်းလည်း ကာကွယ်ရေးဦးစီးချုပ်က ပြောကြား ခဲ့သည်။        
လက်ရှိတွင် မြန်မာအစိုးရအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်း ချမ်းရေး သဘောတူညီမှုများ ရရှိထားပြီးဖြစ်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရ အဖွဲ့ တို့ ဖေဖော်ဝါရီ ၄ ရက်က တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ရန် တိုးတက်မှု ရရှိခဲ့ကြောင်း သိရသည်။
                
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကချင်လွတ်မြောက်ရေး တပ် မတော် (KIA) အနေဖြင့် ငြိမ်းချမ်းရေးအတွက် အချိန်မရွေး လာရောက်ဆွေးနွေးနိုင်ကြောင်း ဖိတ်ခေါ် ထား ပြီး ပြည်ထောင်စုအားလုံး စည်းစည်းလုံးလုံးဖြစ်စေလိုကြောင်းလည်း ပြောကြားခဲ့သည်။ 
         
မြန်မာ့တပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့အကြား ခိုင်မာသည့် အပစ်အခတ် ရပ် စဲေ ရး ရရှိရန်နှင့် နေရာချထားရေးများ လုပ်ဆောင်ရန် ကရင်ပြည်နယ်တွင် မတ်လအတွင်း၌ တွေ့ဆုံ သွား မည်ဖြစ်ေ ကြာင်း သိရသည်။ 
         
ငြိမ်းချမ်းရေးရရှိပြီးဖြစ်သည့် ဒေသများတွင်လည်း ဒေသဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်း မာရေး ဆိုင်ရာများ ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြား ခဲ့ သည်။ 
      
Eleven Media Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်