Pages

Monday, February 18, 2013

ပါကစ္စတန် အနောက်တောင်ပိုင်းတွင် ဗုံးပေါက်ကွဲ၊ ၇၉ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းရှိ လူစည်ကားရာ ဈေးတစ်ဈေးတွင် ဗုံးပေါက်ကွဲကြောင်း၊ ရှီးယိုက်များအား ပစ်မှတ်ထား၍ ဖောက်ခွဲခြင်းဖြစ်ကြောင်း၊ အမျိုးသမီးများ၊ ကလေးများ အပါအဝင် လူ ၇၉ ဦးသေဆုံးပြီး ၁၈ဝ ခန့် ဒဏ်ရာရရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားသည်။ ဗုံးပေါက်ကွဲမှု ပြင်းထန်သဖြင့် ကွတ်တာမြို့ဆင်ခြေဖုံးရှိ ရှီးယိုက်များ လွှမ်းမိုးချုပ် ကိုင်ထားသော ဟာဇာရာ ဈေးအနီးရှိ ရေသယ်ကားကြီး ပျက်စီးသွားကြောင်း၊ ကွတ်တာမြို့သည် ရေနံနှင့် သဘာ ဝ ဓာတ်ငွေ့ကြွယ်ဝသော ဘလူချီစတန်ပြည်နယ်၏ မြို့တော်ဖြ စ်ပြီး ဖေဖော်ဝါရီ ၁၆ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီခန့်က အဆိုပါဗုံး ပေါက် ကွဲခြ င်းဖြစ်ကြောင်း တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောကြားသည်။ ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော အဆောက်အ အုံအောက်တွင် ပိတ်မိနေသော အလောင်းများအား ရှာဖွေ၍ ဆွဲထုတ်နေရ သဖြင့် သေဆုံးသူဦးရေ ထပ်မံတိုး လာနိုင်ကြောင်း ကွတ်တာမြို့ရှိ ရဲတပ်ဖွဲ့အကြီးအကဲက အေအက်ဖ်ပီ သတင်းဌာန သို့ ပြောကြားသည်။ အဆိုပါ ရေသယ်ကားအတွင်း ပေါင် ၁၇၅ဝ အလေးချိန်ရှိသော ဖော က်ခွဲရေးပစ္စည်းများကို ထည့် ကာ ဖောက်ခွဲ လိုက်ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲ မှုကြောင့် နှစ်ထပ်အေ ဆာက် အအုံ တစ်လုံး ပြိုကျပျက်စီးသွားရာ ယင်းအဆောက်အအုံအတွင်း ပိတ်မိနေသူများရှိသဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေရကြောင်း ဂိုဏ်းဂဏဆိုင်ရာ တိုက်ခိုက်မှုဖြစ်ပြီး ရှီးယိုက်များကိုပင် ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲက ပြောကြားသည်။ 

(အင်တာနက်)

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်