Pages

Monday, February 18, 2013

အမေရိကန် ဦးဆောင်သော တပ်ဖွဲ့များ၏ ညအချိန် စီးနင်းမှု များကို အာဖဂန် နစ္စတန်တွင် ကန့်ကွက် ဆန့်ကျင်မှု ဖြစ်ပွား

အာဖဂန်နစ္စတန် နိုင်ငံတွင် အမေရိကန် ဦးဆောင်တပ်ဖွဲ့ဝင်များ၏ ညအမှောင် စီးနင်းမှု တစ်ရပ်တွင် ကျောင်းသားတစ်ဦး သေဆုံးခဲ့မှုကြောင့် ဝါဒက်ပြည်နယ်၌ ဆန္ဒပြမှုဖြစ်ပွားကြောင်း ပရက်စ်တီဗွီ တင်းဌာနက ဖေဖော်ဝါရီ ၁၆ ရက်တွင် ဖော်ပြသည်။ ဆန္ဒပြသူများက မြို့တော် ကဘူးလ်နှင့် ကန်ဒါဟာမြို့တို့ကို ဆက်သွယ်ထားသော မီဒန်းရှားမြို့အတွင်းရှိ မိန်းလမ်းမကြီးကို ဖေဖော်ဝါရီ ၁၆ ရက်တွင် ပိတ်ဆို့လိုက်သည်။ သေဆုံးသူ တက္ကသိုလ်ကျောင်းသား၏ ရုပ်အလောင်းကို သယ်ဆောင်၍ ပြည်နယ် အတွင်း လုံခြုံစိတ်ချစွာ နေထိုင်ရမှုကို အစိုးရက အာမခံချက်ပေးနိုင်မည့် ဆောင်ရွက်ချက် တစ်စုံတစ်ရာ မလုပ်ဆောင်မချင်း ကျောင်းသား၏ အလောင်းအား သင်္ဂြိုဟ်ခြင်း ပြုမည်မဟုတ်ဟု ဆန္ဒပြသူများ က ကြွေးကြော်ထားသည်။ ဝါဒက်ပြည်နယ် အီဘရာဟယ်ခါလီးရွာအတွင်း ဖေဖော်ဝါရီ ၁၅ ရက် ညအချိန် အမေရိကန်ဦးဆောင်သော တပ်ဖွဲ့ဝင်များ စီးနင်းဝင်ရောက်ပြီး အဆိုပါကျောင်းသားကို ဖမ်းဆီးသွားကာ သတ်ပစ်ခဲ့သည်ဟု ဒေသတွင်းသတင်း အရင်းအမြစ်များက ဖော်ပြ သည်။ ကျောင်း သားေ သ ဆုံးမှုကို အာဖဂန် တာဝန်ရှိသူများကလည်း အတည်ပြုချက်ပေးပြီး အခင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှု စတင်နေပြီဟု သတင်းတွင် ဖော်ပြသည်။ 

(ပရက်စ်တီဗွီ)

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်