Pages

Monday, February 18, 2013

ဘိုကလေးချောင်း တာတမံနှင့် ရေအား လျှပ်စစ် စီမံကိန်း တည်ဆောက် ခွင့်ရရန် နိုင်ငံတော် သမ္မတ ထံတောင်းဆို



ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲ ဘိုကလေးကျေးရွာတွင် ဆောင်ရွက် အကောင်အ ထည်ဖော်မည့်  ဘိုကေလေးချောင်းတာတမံနှင့် ရေးအားလျှပ်စစ် စီမံကိန်းတည်ဆောက် ခွင့်ရ ရန် နိုင် ငံတော် သမ္မတထံသို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တောင်းဆိုစာပေးပို့ခဲ့ကြောင်း သိရသည်။

"  ဘိုကလေးချာင်း တာတမံနှင့် ရေးအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်ခွင့်ပြုရန်၊ ဒေသခံပြည်သူတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် စက်ရုံဆယ်ရုံ တည်ဆောက်သွား မယ်၊ ဒေသဖွံ့ဖြိုးေ ရးတွေလု ပ် သွားမယ်ဆိုပြီး ဒေသခံပြည်သူတွေ၊ ရဟန်းသံဃာတွေ လက်မှတ် (၃၀၀)နှင့်အတူ ဖေဖော်ဝါရီ ဆယ်ရက်နေ့ က သမ္မတဆီကို ဘိုကလေးဆရာတော်ကိုယ်တိုင် သွားရောက်စာတင်ခဲ့တယ်။ " ဟု သဇင်ရွှေရိုး မ ဒေသဖွံ့ဖြိုးရေး ကုမ္မဏီလီမီတက်၏ ဒါရိုက်တာ ဦးတင်ဦးမှ ပြောသည်။


ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲ ဘိုကလေးရွာမှ ဦးဆောင် အကောင်အ ထည်ဖော်ဆောင်နေသော သံတွဲခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲ့နွမ်းပါးမှု လျှော့ချရေး စီမံချက်အနေဖြင့် ဘိုကေလေးချောင်းတာတမံနှင့် ရေးအားလျှပ်စစ်စီမံကိန်းအား အကောင်အထည်ဖော်ေ ဆာင် ရွက်ရေး ကူညီဆောင်ရွက်ပေးရန် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့က ဘိုကလေးရွာ၊ ဘုန်းတော်ကြီး သင် ပညာရေးကျောင်း ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ သမ္မတထံသို့ စာတမ်းတစ်စော င် ပေး ပို့ခဲ့ကြောင်းသိရသည်။

စီမံကိန်းအားအကောင်အထည်ဖော်ရန် ရည်ရွယ်ချက်မှာ ကျေးလက်ဒေသနေ ပြည်သူများ လျှပ်စစ်မီး အသုံးပြုခွင့်ရရှိစေရန်၊ ဒေသတွင်းတွင် စက်ရုံ၊ အလုပ်ရုံများ ပေါ်ပေါက်လာပြီး ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရကာ ၀င်ငွေများတိုးပွါးလာစေရန်၊ ဒေသတွင်းတွင် ပညာရေး၊ ကျန်မာရေး ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ရှိလာနိုင်စေရန် ရည်ရွယ်ကြောင်း ဦးတင်ဦးမှပြောသည်။

ဘိုကလေးချောင်းတာတမံနှင့် ရေအားလျှပ်စစ်စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဆိုပါက အလုပ်သမား ၄၀၀၀ခန့် အလုပ်ခန့်ထားနိုင်သော (က) တန် (၁၀၀)ကျရေခဲစက်၊ (ခ) တန်( ၁၅၀၀) ဆန့် အအေးခန်းစက်ရုံ၊ (ဂ) (၃) တန်ကျ စည်သွပ်စက်ရုံ၊ (ဃ) (၃) တန်ကျ ပဲဆီထုတ်စက်၊ (င) တန်(၃၀) ကျ စပါးပေါင်းစက်ရုံ၊ (စ) တိရိစ္ဆာန် အစာစက်ရုံ၊ (ဆ) သစ်အချောထည်စက်ရုံ၊ (ဇ) အုပ်ဖုတ်စက်ရုံ၊ (ဈ) အချိုရည်စက်ရုံ၊ (ည) ဆပ်ပြာစက်ရုံ၊ (၁၀) ရုံအား သဇင်ရွှေရိုးမ ကုမ္မဏီက တည်ဆောက်နိုင်မည်ဖြစ်ပြီး ကုန်ကျမည့် ငွေကြေးများအား ပြည်ပနိုင်ငံ ကုမ္မဏီများနှင့် ချိပ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ေ ကြာင်း သိရသည်။

နိုင်ငံတော် အစိုးရ၏ စီမံချက်ဖြင့် ဘိုကလေးချောင်း တာတမံနှင့် ရေအားလျှပ်စက်စီမံကိန်းအား ၂၀၀၈ မှ ၂၀၁၂ ထိ ဆာဗေးတိုင်းထွာခြင်း၊ ဘူမိဗေဒ အဖွဲ့မှမြေတူးစမ်းသပ်ခြင်း၊ မိုးလေ၀ါသနှင့် ဇလဗေဒ ဦးစီးအဖွဲ့မှ မိုးရေချိန် သတ်မှတ် တိုင်းတာခြင်းတို့ကို ပြုလုပ်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဒီဇိုင်းဌာနမှ တာတမံ၏ ဒီဇိုင်းရေးဆွဲ ကုန်ကျမှု တွက်ချက်ပြီးဖြစ်ကြောင်း သိရသည်။

ဘိုကလေးချောင်းတာတမံသည် ဘိုကလေးကျေးရွာ ဧရိယာ အတွင်းတွင် တည်ရှိပြီး တာတမံအမြင့်မှာ ပေ (၂၅၀)၊ အကျယ်အ၀န်းမှာ ပေ (၉၀၀)၊ ရေလှောင် ဧရိယာ (ရေ၀ပ်ဧရိယာ) စတုရန်းမိုင် (၄) မိုင်၊ ရေလှောင်ဧကပေသည် ကန်ရေပြည့် (၁၄၅၀၀) ဧကပေရှိပြီး တောခြုံ၊ ၀ါးတောနှင့် စိုက်ပျိုမြေ ဥယျဉ်ခြံနှင့် လယ်ဧက ၂၅ ဧက ပါဝင်ကြောင်းသိရသည်။

နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဗဟိုကော်မတီအား ဖွဲ့စည်းကာ (က) လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ( ခ ) မွေးမြူရေးနှင့်သားငါးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ( ဂ ) ကျေးလက်ဒေသ အသေးစားကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ (ဃ) အသေးစား ပုဂ္ဂလိကငွေစုငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ( င ) သမ၀ါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ( စ ) ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ (ဆ) ကျေးလက် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး၊ ( ဇ ) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်ရှစ်ရပ် အား ချမှတ်ခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ် ၅၆/၂၀၁၁ကို ၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၀ ရက် နေ့က ထုတ်ပြန်ခဲ့သည်။

Bo Kaly 007
 

The Arakan Times

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်