Pages

Monday, February 18, 2013

ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ မတ်လ ကုန်တွင် ထွက်ရှိမည်

ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ၂ဝ၁၃ ခုနှစ် မတ်လကုန်တွင် ထွက်ရှိမည် ဖြစ်ကြောင်း၊ ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ၈၈ မျိုးဆက် ငြိမ်းချမ်းနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးကိုကိုကြီးက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြောကြားသည်။ ''အခုလောလောဆယ် ကြားဖြတ် အစီရင်ခံစာ တင်ပြီးသွားပြီ။ အပြီးသတ် အစီအရင်ခံစာကိုတော့ မတ်လ နောက်ဆုံးပတ်လောက်မှာ ထွက်ရှိနိုင်အောင် ကြိုးပမ်းနေပါတယ်'' ဟု ဦးကိုကိုကြီးက ပြောကြားသည်။ ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂ဝ၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က အဖွဲ့ဝင် ၂၇ ဦးဖြင့် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ စတင်ဖွဲ့စည်းစဉ်က ကော်မရှင်၏ အစီရင်ခံစာကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက် နောက်ဆုံးထား၍ နိုင်ငံတော်သမ္မတထံသို့ အပြီးသတ် တင်သွင်းရမည် ဖြစ်သော် လည်း နိုဝင်ဘာလ နောက်ဆုံးပတ်တွင် သမ္မတထံ ကြားဖြတ်အစီရင်ခံစာ တင်သွင်းနိုင်ခဲ့ပြီး အပြီးသတ် အစီအရင်ခံစာ တင်ရမည့် ရက်ကို ၂ဝ၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ တိုးမြှင့်တောင်းဆိုခဲ့သည်။ အဆိုပါ အစီရင်ခံစာတွင် တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေနိုင်သော ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ပဋိပက္ခ ဖြစ်ပွားမှုကြောင့် သေဆုံးဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် အခြားထိခိုက်မှုများ၊ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်မှုများ၊ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးနိုင်မှု၊ ပဋိပက္ခချုပ်ငြိမ်းရေး အတွက် ရေတိုရေရှည် ဆောင်ရွက်သင့်သည့် အချက်များ၊ ကွဲပြားသော ဘာသာအယူဝါဒရှိသူ မတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မည့် နည်းလမ်းများ၊ တရားဥပဒေစိုးမိုးရေး အကြံပြုချက်များ၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုချက်များကို သုံးသပ်ချက်နှင့်တကွ ပါဝင်မည်ဖြစ်ကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်