Pages

Monday, February 18, 2013

မြန်မာသဘောင်္ ဖီလစ်ပိုင် တွင် နစ်မြုပ်၊ တစ်ဦးသေ ၁၄ ဦး ပျောက်ဆုံး

ဖိလစ်ပိုင် နိုင်ငံ ပန်ဂီစီနန် ဒေသ အနီးတွင် ယနေ့ နံနက် ၉ နာရီခန့်၌ မြန်မာ သင်္ဘော တစ်စီး နစ်မြုပ်သဖြင့် သင်္ဘောသား တစ်ဦး သေဆုံးကာ ၁၄ ဦး ပျောက်ဆုံးလျှက် ရှိကြောင်း ဖိလစ်ပိုင် အခြေစိုက် GMA သ တင်းတွင် ဖော်ပြထားသည်။ အရီတာ ဘော့စိုက် အမည်ရှိ အဆိုပါ သင်္ဘောသည် ဖီလစ်ပိုင် နိုင်ငံ ပန် ဂစီ နန် ဒေသရှိ ဘိုလီနောဝ် မြို့ အနီးတွင် စက်အင်ဂျင် ချို့ယွင်း သွားခဲ့ပြီး ပြင်းထန်သော လှိုင်းလုံး များေ ကြာ င့် လုံးဝ ပျက်စီးကာ နစ်မြုပ် သွားခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင် ဆိပ်ကမ်း ရဲ တပ်ဖွဲ့ က ပြော ကြားေ ကြာင်း ယင်း မီဒီယာ တွင် ဖော်ပြ ထားသည်။ သင်္ဘော နစ်မြုပ်သည့် သတင်း ရလျှင်ရချင်း ဘို လီနောဝ် အစိုး ရ အ ဖွဲ့မှာ စက်လှေများ စေလွှတ်၍ ကယ်ဆယ်ရေးနှင့် ရှာဖွေ ရေး လုပ်ငန်းများ စတင် ခဲ့ သည်ဟု ဆိပ်ကမ်း ရဲ များက ဆိုကြောင်း ယင်းသတင်း ဌာန တွင် ဖော်ပြထားသည်။ လက်ရှိ အခြေ အနေ တွင် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး၊ ၇ ဦး ဒဏ်ရာ ရကာ ၁၄ဦး ပျောက်ဆုံးလျှက် ရှိကြောင်း ယင်း သတင်း အရ သိရသည်။

www.MyanmarExpress.net

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်