Pages

Monday, February 11, 2013

မြိတ်မြို့ ကွမ်းယာဆိုင်များမှ ကာမရာဂ စိတ်ကြွ ဆေးဝါးများ ဖမ်းမိ

မြိတ်ရဲစခန်းမှ ပူးပေါင်းအဖွဲ့သည် မြိတ်မြို့၊ ဘုရားကိုင်ရပ်ကွက် ကွမ်းယာဆိုင်၊ (၁)ရပ်ကွက်ရှိ ကွမ်းယာဆိုင်နှင့် ဈေးတန်း ရပ်ကွက်ရှိ ကွမ်းယာ ဆိုင်များသို့ အဖွဲ့များ ခွဲ၍ ၀င်ရောက် ရှာဖွေခဲ့ရာ ကွမ်းယာဆိုင် အသီးသီးတွင် Red Spider စာတမ်းပါ ကော်ဖီမစ်ထုပ်၊ American စာတမ်းပါ ကော်ဖီမစ်ထုပ်၊ လိင်ပိုင်းဆိုင်ရာ နိုးကြွစေသည့် တရုတ်နိုင်ငံ ထုတ်ဆေးဝါး မျိုးစုံ၊ စုစုပေါင်း တန်ဘိုးငွေကျပ် (၆၇၀၀၀ိ/-) ခန့်အား ဖေဖော်ဝါရီ ၉ရက်ကဖမ်းဆီးရမိခဲ့ရာ မြိတ်ရဲစခန်းမှ အမျိုး သား ဆေးဝါးများ ဥပဒေပုဒ်မ ၁၈ ဖြင့် အသီးသီး အမှုဖွင့် အရေးယူထားကြောင်း ရဲဇာနည်မှ သိရသည်။

ထိုအတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ ၀န်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ထားဝယ်မြို့၊ ပုံကျွန်းရပ်ကွက် ရှိ ““အာရုဏ်ဦး”” ဆေးဆိုင်သို့၎င်းနေ့က သတင်းအရ ၀င်ရောက် ရှာဖွေရာ အမျိုးသမီးများ အား တိုက်ေ ကျွးပါက ကာမရာဂ စိတ်ကို ထကြွစေသည့်တရုတ်နိုင်ငံထုတ် Hongzhizhu,Jita Kewang, Taiguofenနှင့် Cangyingfen စာတမ်းများပါ တရားမ၀င်ဆေးမှုန့်အထုပ်(၂၆၈) ထုပ်အား တွေ့ရှိ သိမ်း ဆည်း ရမိ ခဲ့ ကြောင်းသိရသည်။

ဆိုင်ရှင်အား ထားဝယ်ရဲစခန်း(ပ)၅၉/၂၀၁၃၊ အမျိုးသား ဆေးဝါးများဥပဒေပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့် စစ်ေ ဆး ခဲ့ပြီးအဆိုပါဆိုင်သို့ထပ်မံရှာဖွေခဲ့ရာ တရုတ်နိုင်ငံထုတ် ဆေးများဖြစ်သည် ကျားဟိုမုန်း အားတိုးဆေး Play Boy စာတမ်းပါဆေးအမျိုးအစား ၆ မျိုး၊ အချိန် ကြာမြင့်စေသည့်လိမ်းဆေး၊Sholonying စာတမ်းပါ လိမ်းဆေး၊Lady A Bergin စာတမ်းပါ လိမ်းဆေး၊ Nivea Beauty Breast စာတမ်းပါလိမ်းဆေး ၂ မျိုး၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၁၉၆၅၀၀ိ/-)ခန့်အား ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု ရဲဇာနည်မှသိရသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်